(33)

2.8K 66 0
                                    

Uni

ဆေးရုံရောက်တော့ မွေးပေးမဲ့ ဆရာဝန်ကို စောင့်နေရပါတယ်

"အိုဂျီကို ဖုန်းဆက်ပေးထားတယ်နော်
ရိုးရိုးပဲ မွေးမှာမလား"

ဦးမင်းဆက်က
"ရိုးရိုးပဲ မွေးမယ် ဆရာမ"

"မွေးရင် နာမှာ မီးကြောက်တယ် ဖေဖေ"

"နာတာက ခဏပါ
ခွဲလိုက်ရင် အနာကျက်တာ စောင့်ရမှာနဲ့
၆လလောက် ဆင်ခြင်ပြီး နေနေရမှာ"

မီးလေး ကုတင်ပေါ်မှာ ကလေးလိုပဲ သူ့အဖေကို စိတ်ကောက်ပါတယ်

ဦးကတော့ စိတ်ပူစွာနဲ့ မီးလေးကို တိုးတိုးလေး ကပ်မေးပါတယ်

"ကလေးက ခွဲမွေးချင်လို့လား"

"အင်း...."

"ဦး ဆရာဝန်လာရင် ခွဲမွေးဖို့ ပြောပေးရမလား"

"မပြောနဲ့
ဖေဖေက ရိုးရိုး မွေးစေချင်နေတာ"

မီးလေး နှုတ်ခမ်းထော်ပြီး စိတ်ကောက်နေပုံက အသည်းယားစရာလေးပါ

"ဦး မီး နားမှာပဲနေနော်"

"အင်းပါ ဘယ်မှ မသွားဘူး"

"ဦးနဲ့ တူတဲ့ကလေးလေး မွေးအောင် ဦးကိုပဲ ကြည့်နေမှ ဖြစ်မှာ"

"သမီး ဖေဖေနဲ့တူတဲ့ ကလေးလေး မွေးပါလား"

"ဟင်....ဖေဖေကလည်း....."

"ဟားဟား.... ငါ့သမီးက ရှိန်းနေခမှ ရှိန်းနေခ ဖြစ်နေတာ ဟုတ်လား"

"မီးက ဦးကို ချစ်တာကိုး"

ဦးမင်းဆက် သူ့သမီးလေးကို ကြည့်ပြီး ရယ်ပါတယ်

"ဦး မီးလက်ကို ကိုင်ထား"

"အင်း....ကိုင်ထားမယ်နော်
ဘာမှမကြောက်နဲ့
ဗိုက် အရမ်း နာနေသေးလား"

"အိမ်တုန်းကလောက်တော့ မနာတော့ဘူး"

ဦးက မီးလေးကို ရင်ခွင်ထဲပွေ့ထားလိုက်ပါတယ်
ဦး စိတ်လှုပ်ရှားနေလို့ ရင်ခုန်သံတဒိတ်ဒိတ်ကို ကြားနေရပါတယ်

မီး အကြားချင်ဆုံး ဦးရဲ့ရင်ခုန်သံလေး အခုမှပဲ ကြားရတော့တယ်

နာရီဝက်လောက်ကြာတော့ ဆရာဝန်ရောက်လာပါတယ်

မီးလေးကို အဝတ်အစားလဲပြီး မွေးခန်းထဲ ခေါ်သွားကြပါတယ်

ချစ်ရပါသော ......❤Where stories live. Discover now