Uni
ဟိုကားက ကွေ့သွားပေမဲ့ ကျွန်တော့်ကားက တည့်ကြောယူထားတာမို့ နောက်က လိုက်လို့မရတော့ပါဘူး
"ဖေဖေ....မေမေကလေးဆီ သွားမယ်လေ
ဟိုကားပေါ်မှာ.....""သား.... ဖေဖေတို့က လိုက်ကွေ့လို့ မရဘူး
တည့်တည့်ပဲ သွားလို့ရမှာ""မေမေကလေးဆီ သွားမယ်
အီး.....ဟီး....မေမေကလေး.......""သား ခဏလေးပါကွာ
ဖေဖေ ရှေ့နားကျမှ ကားရပ်ပြီး ဂေဟာလိပ်စာ ရှာကြည့်ဦးမယ်""မေေမကလေး....အီး....ဟီး....မေမေကလေး.....
သားသားကို လာခေါ်ပါ
အီး.....ဟီး.....""မင်းအသံကို တိတ်လိုက်တော့
ငါလိုက်ပို့ပေးမယ်
ခဏလောက် ပါးစပ်ပိတ်ထား"ကျွန်တော် အော်လိုက်တော့ သားက ငြိမ်သွားပါတယ်
ကျွန်တော် ရှေ့နားမှာ ကားရပ်လိုက်ပြီး"သား လိမ္မာတယ်နော်
ဒါလေး စား
ဖေဖေ လိပ်စာရှာကြည့်ပြီး သွားမယ်နော်"သားကို chocopieလေး ဖောက်ကျွေးလိုက်ပါတယ်
ပြီးတော့ ဖုန်းဖွင့်ပြီး ဖြူစင်မေတ္တာဆိုတဲ့ မိဘမဲ့ဂေဟာကို ရှာကြည့်လိုက်ပါတယ်
လိပ်စာက အတိအကျမပါပါဘူးကျွန်တော်လည်း ပါတဲ့လိပ်စာအတိုင်း သွားပြီး အနီးအနားရောက်မှ မေးကြည့်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်
လိပ်စာက မြို့နယ်နဲ့ ရပ်ကွက်တော့ပါလို့ တော်ပါသေးတယ်
Google Mapဖွင့်ပြီး မောင်းလာတာ လိပ်စာထဲက ရပ်ကွက်ရောက်တော့ လမ်းဘေးဆိုင်တစ်ခုမှာ မေးကြည့်လိုက်ပါတယ်
ဆိုင်ကလူ ပြောလိုက်တဲ့အတိုင်း ဆက်မောင်းလာလိုက်တာ တောင်ကုန်းလေးတစ်ခုပေါ်ရောက်တော့ ဖြူစင်မေတ္တာမိဘမဲ့ဂေဟာဆိုတဲ့ ဆိုင်းဘုတ်ကို တွေ့ပါတယ်
ခြံအဝမှာပဲ ကားကို ရပ်ပြီး လမ်းလျှောက်ဝင်လိုက်ပါတယ်"မေမေကလေး......မေမေကလေး....."
သားက ကျွန်တော့်လက်ကို ဖြုတ်ပြီး ပြေးသွားပါတယ်
တကယ်ပဲ နှင်းဆီမင်းဆက်ဆိုတဲ့ ကလေးမပါပဲ
ကလေးကို အန္တရာယ်ကင်းကင်းနဲ့ ပြန်တွေ့ရတော့ ရင်ထဲက အလုံးကြီးကျပြီး လစ်ဟာသွားသလိုပါပဲ