Uni
ကျွန်တော် လေယာဥ်ပေါ်က ဆင်းတာနဲ့ အရင်ဆုံး လာကြိုတဲ့သူကတော့
"ဦး...."
ကလေးမ ကျွန်တော့်ဆီ ပြေးလာပါတယ်
"ကလေး ဘာလို့ ပြေးလာတာလဲ"
"ပျော်လို့"
"ကလေးတွေက ပျော်ရင် လျှောက်ပြေးကြတာလား"
"ဦးကလည်း.....မီးက ကလေး မဟုတ်ပါဘူး"
အထုပ်တွေ သယ်ပြီး ကားဆီလျှောက်လာတော့
"သား..."
"အမေတို့ပါ လိုက်လာတာလား"
"ဟုတ်တယ် သမီးတစ်ယောက်တည်း ဖြစ်နေမှာစိုးလို့"
ကလေးမနဲ့ အမေတို့ဆက်ဆံရေးကတော့ တော်တော် တိုးတက်နေပုံပါပဲ
အိမ်ပြန်ရောက်လို့ ကျွန်တော် အခန်းထဲ ဝင်လိုက်တာနဲ့
"ဟင်....ဘယ်လို...."
ကျွန်တော်နဲ့ ချိုရဲ့ မင်္ဂလာဆောင်ပုံတွေမှာ ပုံတိုင်း ချို့ဘက်ခြမ်းကို ကာထားပါတယ်
ဟိုကလေးမလက်ချက်ဆိုတာ သေချာပါတယ်"ကလေး ဘယ်လိုတွေ လုပ်ထားတာလဲ
မချိတ်ချင်လည်း မချိတ်နဲ့ပေါ့
အခုလို လုပ်ထားတာ ကြည့်ကောင်းလား""ဦးကလည်း....မီးမှ မမြင်ချင်တာကို"
"မမြင်ချင်ရင်လည်း ဘာလို့ အစကတည်းက သယ်လာသေးလဲ"
"သယ်လာကတည်းက ဦးဘက်ခြမ်းလေးပဲ ဖြဲပြီး သယ်လာချင်တာ"
"မင်းကတော့ကွာ"
"ဒေါက်....ဒေါက်"
"သား....ဦးမင်းဆက်ဆီက ဖုန်းလာတယ်"
"ဟုတ်ကဲ့ လာပြီ"
အောက်ထပ်ဆင်းပြီး ဖုန်းကိုင်လိုက်တော့
"ဟယ်လို"
"ရှိန်းနေခ ပြန်ရောက်ပြီလား"
"ဟုတ်ကဲ့ အကို ကျွန်တော် ခုနကပဲ ပြန်ရောက်ပါတယ်"
"အားတော့နာပါတယ်ကွာ
မနက်ဖြန် မင်းမိဘတွေကို ခေါ်ပြီး မင်္ဂလာကိစ္စဆွေးနွေးဖို့ လာပေးနိုင်မလား""သြော်....ဟုတ်ကဲ့"
"အကိုတို့က ဒီလကုန်လောက် မင်္ဂလာဆောင်ဖြစ်စေချင်တယ်
အကို့မှာ လုပ်စရာကိစ္စလေးတွေလည်း ရှိနေလို့"