Uni
မြန်မာပြည်ပြန်ဖို့ ရုံးမှာ ခွင့်တင်တော့ ခွင့်မယူတာကြာပြီမို့ လစာအပြည့်နဲ့ ခွင့်တစ်လ ပေးလိုက်ပါတယ်
ခွင့်မယူဘဲ ရုံးပျက်ရက်မရှိ အလုပ်လုပ်တာ ၄နှစ်ရှိပြီလို့ HR Teamကပြောပါတယ်
ဘယ်လောက်တောင် ဘဝကြီးက စက်ရုပ်ဆန်ဆန် လည်ပတ်နေလဲဆိုတာ......
မိဘအိမ် မပြန်ဖြစ်တာ ဘယ်လောက်တောင် ကြာပြီလဲဆိုတာတော့ မှတ်တောင် မမှတ်မိတော့ပါဘူးကျောပိုးအိတ်လေးတစ်လုံးနဲ့ပဲ ပြန်လာဖြစ်ခဲ့ပါတယ်
အမေတို့ကိုတော့ ပိုက်ဆံပဲ ကန်တော့တော့မယ်လို့ တွေးလာခဲ့တယ်ရန်ကုန်လေဆိပ်ရောက်တော့ လာကြိုမဲ့သူ မရှိတာမို့ ခပ်မြန်မြန်ပဲ ထွက်ပေါက်က ထွက်လာခဲ့ပါတယ်
"သား....သား"
"ရှိန်းနေခ"
"ဟင်....အမေတို့ လာကြိုတာလား"
မထင်မှတ်ဘဲ လာကြိုတဲ့မိဘတွေကို မြင်တော့ ဝမ်းသာသလိုလို ဝမ်းနည်းသလိုလိုနဲ့.....
"အမေတို့ကလည်း ဘာလို့ လာကြိုတာလဲ
တက္ကစီနဲ့ ပြန်လာမှာပေါ့
အိမ်က အရင်အိမ်ပဲမလား""ရှိန်းနေခ...မင်း စိတ်ရော မှန်ရဲ့လား
ငါတို့က အရင်အိမ်မနေလို့ ဘယ်သွားနေရမှာလဲ""ဖေကြီးကလည်း.....သားကို မအော်ပါနဲ့"
"မဟုတ်ပါဘူး
ကျွန်တော်က တကူးတက လာကြိုရတာ ပင်ပန်းလို့ ပြောတာပါ
ကလေးလည်းမဟုတ်ဘဲ လာကြိုနေတယ်""အမေ့သား မျက်နှာ မြန်မြန်မြင်ရတာပေါ့
လာ....သား သွားကြမယ်
အထုပ်တွေရော....""ဘာမှ မပါဘူး
ဒီအိတ်တစ်လုံးပဲ ပါတာ""မင်းက ခဏပဲ နေမှာလား"
"တစ်လ နေမှာပါ
အိမ်ပြန်လာတာဆိုတော့ ဘာမှ သယ်မလာတော့ဘူးလေ""အေးပါ....လာ သွားကြမယ်
သားကြိုက်တဲ့ဟင်းတွေ ချက်ထားတယ်""အမေကလည်း အပင်ပန်းခံလို့"
အိမ်ပြန်ရောက်တယ်ဆိုရင်ပဲ အထီးကျန်မှုတွေ လျော့ပါးသွားသလို ခံစားရပါတယ်
ပြန်ရောက်ရောက်ချင်း အမေချက်ထားတဲ့ ထမင်းဟင်းစားပြီး နေ့လည်ဘက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပါတယ်
ညဘက်ရောက်တော့လည်း အမေတို့နဲ့အတူ ရုပ်ရှင်ကြည့်ရင်း အချိန်ကုန်ဆုံးသွားပါတယ်