Uni
စင်္ကါပူပြန်မဲ့နေ့ရောက်တော့ နှင်းဆီမင်းဆက် ကားနဲ့ လာခေါ်ပါတယ်
"ဦးရေ.....ဦး
အဆင်သင့်ဖြစ်ပြီလား"လူမရောက်ခင်ကတည်းက အသံက အရင်ရောက်နှင့်နေပါပြီ
"အဆင်သင့်ပဲ အော်မနေနဲ့"
"ဟုတ်....ဟီး😁"
"ကားပေါ်က ခဏလောက်ဆင်းဦး အမေတို့နဲ့ မိတ်ဆက်ပေးမလို့"
"ဟုတ် လာပြီ"
"အမေနဲ့အဖေ သူက နှင်းဆီမင်းဆက်တဲ့"
"ဟုတ်ကဲ့ နှင်းဆီမင်းဆက်ပါ
ဦးမင်းဆက်နဲ့ ဒေါ်နှင်းဆီတို့ရဲ့ သမီးလေးပါ😊""အေး...သမီးလေး ချစ်စရာလေးပဲ"
"ကျေးဇူးပါ "
"ဒါက ကျွန်တော့်အဖေနဲ့အမေ
ဦးမြင့်မောင်နဲ့ ဒေါ်စံပါယ်""ဟင်....အဖေ အမေနဲ့ နာမည်လည်း မတူဘူး"
"မြန်မာပြည်မှာက မျိုးရိုးနာမည်ထည့်မှည့်စရာမှ မလိုတာ
ကဲ လာ သွားမယ် flightနောက်ကျနေဦးမယ်""အဖေနဲ့ အမေ သမီး ပြန်လာမှ လာလည်မယ်နော်"
"အေး....အေး ပြန်ရောက်ရင် လာခဲ့နော်"
ရှိန်းနေခတို့ကား ထွက်သွားတော့
"ငါတို့က ခုချိန်လောက်ဆို မြေးချွေးမရနေရမဲ့အချိန်
မင်းသား အသုံးမကျတာနဲ့ မြေးလောက်လေးကို ချွေးမတော်ရတော့မယ်""ရှင်ကလည်း......ကံတရားအတိုင်းပဲပေါ့ သူလည်း ဘယ်ဖြစ်ချင်ပါ့မလဲ"
..........................................
ကားပေါ်က ဆင်းတာနဲ့"ဟာ....."
"ဘာဖြစ်တာလဲ
ဘာကျန်ခဲ့လို့လဲ""ဦးအိတ်ကျန်ခဲ့ပြီလေ"
"မကျန်ခဲ့ပါဘူး ဒီမှာလေ"
လွယ်ထားတဲ့ ကျောပိုးအိတ်ကို ပြလိုက်ပါတယ်
"luggageရော....."
"မပါဘူး ဒီအိတ်တစ်လုံးပဲပါတာ"
"သြော်......
ဦးက ဒီကို အပြီးပြန်လာတော့မှာမို့လို့ အထုပ်တွေ ပြန်မသယ်တော့တာလား""မဟုတ်ပါဘူး ဟိုက ပြန်လာကတည်းက ဒီကျောပိုးအိတ်နဲ့ပဲ ပြန်လာတာ
တော်သေးတာပေါ့ ကျွန်တော့်မှာ အိတ်မပါလို့ .....
မင်းအိတ်ကတင် အကြီးကြီးပဲ
kgပိုဆောင်ရတော့မယ် ထင်တယ်"