Uni
ကျွန်တော် မနက်စာစားနေရင်း တစ်ခု သတိရသွားပါတယ်
"ကွန်ဒို"
ကျွန်တော်တို့ ကွန်ဒိုတိုက်ခန်းကို သွားမကြည့်ရသေးပါဘူး
"သား....စားပြီးရင် ဖေဖေ သွားစရာ ရှိတယ်"
"သားသား လိုက်မယ်"
သားကတော့ ကျွန်တော် ဘယ်သွားသွား လိုက်မယ်ပဲ ပြောပါတယ်
သားနဲ့ အပြင်သွားရတာ အဝတ်အစားအပို ယူရတာနဲ့ ရေဘူး၊မုန့် သယ်ရတာနဲ့ တော်တော် အလုပ်ရှုပ်ပါတယ်"သား.... မေမေက သားကို အော်လား"
"မအော်ဘူး
မေမေကလေးက စိတ်ပဲကောက်တာ""စိတ်ကောက်တယ်"
"မေမေကလေးက သားသားနဲ့ သူငယ်ချင်းတဲ့"
"ဟုတ်ပါပြီကွာ
မင်းတို့ပဲ ကောင်းတယ်နော်"ကျွန်တော် သားအပြောကို ရယ်ချင်သွားပါတယ်
ကျွန်တော့်မွေးနေ့ တစ်ခါလာပြီးကတည်းက ကွန်ဒိုကို မသွားဖြစ်တော့ပါဘူး
ပိတ်ထားတာ တော်တော် ကြာနေပြီမို့ ဖုန်နံ့လို အနံ့မျိုးရပါတယ်
လတ်တလော လူနေထားတဲ့ပုံ မပေါ်ပါဘူးကျွန်တော်လည်း ရောက်လက်စနဲ့ အခန်းသန့်ရှင်းရေး လုပ်လိုက်ပါတယ်
"သား....ဖေဖေ သန့်ရှင်းရေး လုပ်လိုက်ဦးမယ်
ခဏလေး ငြိမ်ငြိမ်နေနော်""ဖေဖေ ဒါ ဘယ်သူ့အိမ်လဲ"
"ဖေဖေတို့အိမ်"
"သားသားအိမ် ဟုတ်ဘူးပေါ့"
"ဖေဖေတို့အိမ်က သားသား အိမ်ပဲပေါ့"
"သားသား မရောက်ဖူးဘူး"
"သား မမွေးခင်ကတည်းက ဒီအိမ်ကို မလာဖြစ်တာ"
သားက ကျွန်တော်နဲ့ကလေးရဲ့ preweddingပုံ ချိတ်ထားတာကို ကြည့်ပြီး သဘောကျနေပါတယ်
"မေမေကလေး လှတယ်"
"ဖေဖေကရော..."
"ချစ်ဖို့ကောင်းတယ်"
"မင်းကများ အဖေကို ချစ်ဖို့ကောင်းတယ်တဲ့
ချစ်ရင် အာဘွားပေး"သားက ကျွန်တော့်ပါးကို နမ်းပါတယ်
"ဖေဖေ ချစ်တယ်"