Uni
"ဦး ဆိုင်သွားတော့မှာလား"
"အင်း သွားတော့မှာ"
"မီးတို့ကို ပိုးထည်တိုက် အရင်ပို့ပေး"
"ဦးကြီးနဲ့ ဘာလို့ မသွားတာလဲ"
"ဦးနဲ့ တူတူ သွားချင်လို့ပေါ့
မပို့ပေးဘူးလား""ကဲပါ လာတက်"
ကားပေါ်ရောက်တော့
"ဖေဖေ lollipop စားကောင်းတယ်"
"ကလေး....
သားကို ဘာဖြစ်လို့ မနက်စောစောစီးစီး အချိုတွေ ကျွေးနေတာလဲ
တစ်နေ့တစ်နေ့ အချိုတွေ ဘယ်လောက်တောင် ကျွေးနေလဲ မသိဘူး""မကျွေးပါဘူး
ဒါကလည်း မီးနဲ့ တစ်ယောက်တစ်ဝက် စားမှာပါ""မင်းကိုယ်မင်း အမေဆိုတာလည်း သတိရဦး
ကလေးလို လုပ်မနေနဲ့""ဟုတ်ကဲ့ပါ ဦး"
"ဖေဖေ သားသား မစားတော့ဘူး
မေမေကလေးကို မဆူပါနဲ့"ကျွန်တော် အော်လိုက်တော့ သားက မီးလေးကို lollipopလေး ပြန်ပေးပါတယ်
သားအမိ နှစ်ယောက်လုံး မျက်ရည်လေးတွေ ဝဲပြီး ဘာမှမပြောဘဲ ငြိမ်သွားကြပါတယ်ပိုးထည်တိုက်ရောက်တော့
"ညနေကျရင် ဦးကြီးကိုပဲ ကြိုခိုင်းလိုက်နော်
ဦး မလာနိုင်ဘူး""......"
ဘာမှမပြောဘဲ ဆိုင်ထဲ ဝင်သွားပါတယ်
ကျွန်တော် ဆိုင်မသွားတော့ဘဲ ချိုရှိတဲ့ ဂေဟာကိုပဲ တန်းသွားလိုက်ပါတယ်
ချို့အမေနာရေးမှာ ကူညီပေးမဲ့ ဆွေမျိုးသားချင်းလည်း မရှိဘူးထင်လို့ စောစောပဲ သွားလိုက်ပါတယ်ဟိုရောက်တော့ ထင်တဲ့အတိုင်း ချို့အဒေါ်မိသားစုကလွဲရင် တခြားဘယ်သူမှ ရှိမနေပါဘူး
ချိုကတော့ စိတ်နဲ့လူနဲ့ မကပ်တဲ့ပုံစံမျိုးနဲ့ ခုံလေးမှာ ထိုင်နေပါတယ်"ချို "
"ကိုရှိန်းနေခ အစောကြီး လာတာလား"
"အင်း....ချို လိုတာရှိရင် ကူညီပေးလို့ ရအောင်လို့"
"အင်း....
ဘာမှတော့ လုပ်စရာ မရှိပါဘူး
နေ့လည်မှ လူမှုကူညီရေးကားနဲ့ မီးသင်္ဂြိုလ်စက်ကို ပို့မှာ"