(21)

2.6K 52 2
                                    

Uni

အိမ်ပြန်ရောက်တော့ ဦးမင်းဆက်တို့လင်မယား အိမ်မှာ မရှိပါဘူး
ဒေါ်ကြီးနဲ့ ဦးကြီးက ထွက်ကြိုပါတယ်

"ဒေါ်ကြီး မီး ပြန်လာပြီ"

"မီးလေး ပျော်ခဲ့ရဲ့လား
ညစာရော စားပြီးပြီလား"

"ညစာ စားခဲ့ပြီးပြီ
သိပ်တော့ မပျော်ခဲ့ပါဘူး"

မီးလေး ပြောပြီးတာနဲ့ အပေါ်ထပ် တက်သွားပါတယ်
ကျွန်တော်လည်း နောက်က လိုက်တက်သွားပြီး သူ့အခန်းထဲကို ဝင်လိုက်ပါတယ်

သူ ပြောထားတဲ့အတိုင်းပဲ ကျွန်တော့်အတွက် အခန်း သုံးပုံတစ်ပုံကို အရုပ်တွေ ရှင်းထားပါတယ်
အခန်းတဝက်ကျော်လောက်ကတော့ အရုပ်တွေနဲ့ ရှုပ်ပွနေပါတယ်

"ဘယ်လိုတွေ လုပ်ထားတာလဲ ဘာလို့ အခန်းမရှင်းထားတာလဲ"

"ဦးနေရာ ရှင်းပေးထားတယ်လေ"

"ဟိုဘက်မှာ ရှုပ်ပွနေတာပဲလေ"

"ဦးကလည်း.....နောက်ဆို အရုပ်လေးတွေနဲ့ နေသားကျသွားမှာပါ"

"ငါက မင်းအခန်းမှာ ခိုကပ်နေရတာလား"

"မဟုတ်ပါဘူး "

ကျွန်တော်လည်း စိတ်တိုသွားပြီး ဝရန်တာထွက် ဆေးလိပ်သောက်နေလိုက်ပါတယ်
မီးလေး ထွက်လိုက်လာပြီး

"ဦး....စိတ်မဆိုးပါနဲ့
မီး နောက်နေ့ကျ ရှင်းပေးပါ့မယ်နော်"

"...."

"ဦး မီးနဲ့ပဲ တူတူအိပ်ပါနော်.....နော်"

"မင်း ငါ စိတ်တိုင်းကျ လုပ်ပေးမှာလား"

"လုပ်ပေးပါ့မယ်
စိတ်မဆိုးပါနဲ့နော်"

"အင်း....ပြီးရော...
အခန်းထဲ ဝင်တော့
ဒီမှာ ဆေးလိပ်ငွေ့တွေ လာရှူမနေနဲ့"

"ဦးကရော မဝင်သေးဘူးလား"

"ဒီတစ်လိပ် ကုန်ရင် လာမယ်"

မီးလေး အခန်းထဲ ပြန်ဝင်သွားပါတယ်
ကျွန်တော်လည်း ဝရန်တာမှာ ဟိုတွေးဒီတွေးနဲ့ ည၁၁နာရီလောက်မှ အခန်းထဲ ဝင်သွားလိုက်ပါတယ်

အခန်းထဲ ရောက်တော့ ဟိုကလေးမ အရုပ်ပုံထဲမှာ ငုပ်တုတ်လေး ငိုက်နေပါတယ်

ချစ်ရပါသော ......❤Where stories live. Discover now