Uni
လေယာဥ်ပေါ်က ဆင်းတာနဲ့ ဦးကြီး လာကြိုနေပါတယ်
ပစ္စည်းတွေ ကားပေါ်တင်ပြီး အိမ်တန်းမပြန်သေးဘဲ ဦးမိဘတွေအိမ် အရင် သွားလိုက်ပါတယ်"သမီးလေး ပြန်ရောက်နေပြီလား
ဘယ်နေ့က ပြန်လာတာလဲ မြန်လိုက်တာ""အခုမှ ပြန်ရောက်တာပါ လေဆိပ်ကနေ တန်းလာတာ
ဒီဓာတ်ပုံတွေ လာထားတာ""သြော်...အေး...အေး
ထားခဲ့လေ""သမီး ပြန်တော့မယ် နောက်ရက်မှ အေးအေးဆေးဆေး လာတော့မယ်"
"အေး....သမီးလေး"
အိမ်ပြန်ရောက်တော့ ဒေါ်ကြီးက မီးလေးကြိုက်တဲ့ဟင်းတွေချည်း ချက်ထားပါတယ်
ဒါပေမဲ့ ဦး ဖုန်းခေါ်မလားလို့ မျှော်နေရင်း ဖုန်းကို တကြည့်ကြည့်နဲ့ ထမင်းတောင် သေချာ မစားနိုင်ပါဘူး"မီးလေး ဝပြီလား
ထမင်းတောင် မကုန်ဘူး""အင်း....
လေယာဥ်စီးလာရတာ ခေါင်းနည်းနည်း မူးနေလို့ အိပ်တော့မယ်"တကယ်တော့ လေယာဥ်ပေါ်မှာကတည်းက ငိုချင်နေတာပါ
ဒေါ်ကြီးတို့ စိတ်မကောင်းဖြစ်မှာစိုးလို့ အခန်းထဲကို မြန်မြန် ဝင်လိုက်ပါတယ်
အခန်းတံခါး လော့ချပြီး အိပ်ရာထဲမှာ ငိုနေမိပါတယ်
လူကသာ ငိုနေပေမဲ့ ဦးဆီက ဖုန်းကိုတော့ မျှော်နေမိတုန်းပါပဲ
ဖုန်းထဲမှာ ခိုးရိုက်လာတဲ့ ဦးဓာတ်ပုံလေးကို ကြည့်ရင်း......
လူတစ်ယောက်ကို ချစ်ရတာ အဲဒီလောက်တောင် ပင်ပန်းတာလား
.........................................
ကျွန်တော် လေဆိပ်ကနေ ပြန်လာတော့ တိုက်ခန်းရှေ့မှာ ချို ရပ်စောင့်နေပါတယ်"ချို....ရောက်နေတာလား"
"အင်း...ကိုရှိန်းနေခ ပြန်တာနောက်ကျတယ်နော်"
"ကလေးတစ်ယောက်ကို လေဆိပ် လိုက်ပို့တာ
လာ.... အထဲဝင်လေ"အိမ်ထဲရောက်တော့
"ဘာကိစ္စရှိလို့လဲ"
"ချို့အလုပ်ခန့်စာချုပ် ကျန်ခဲ့သလားလို့ ရှာချင်လို့
အလုပ်ထွက်တော့မှာဆိုတော့ appointment contractပြန်ပေးခဲ့ရမယ်ဆိုလို့""သြော်....အင်း"
ချိုက ဘာလို့ အလုပ်ထွက်မှာလဲ
ကျွန်တော်ကိုယ်တိုင်တောင် အလုပ်ထွက်ဖို့ လုပ်ထားတာပဲလေ
သူ့အကြောင်းနဲ့ သူရှိမှာပေါ့
ချိုနဲ့ ကျွန်တော် ဘာမှမဆိုင်တော့တာကြောင့် မေးချင်စိတ်ကို မနည်း ချိုးနှိမ်ထားရတယ်