စားသောက်ပြီးသွားသည့်အခါ ချီယွဲ့သည် ခြံအနောက်ဘက်သို့သွားကာ မုယန်ကိုခေါ်၍ မြင်းကုန်းနှီးတပ်ပေးလိုက်သည်။
ချီယွဲ့သည် မြို့သို့သွားကာ နွား၀ယ်ရန် စဥ်းစားထားတာဖြစ်သည်။ မုယန်အား အမှန်တကယ်ကို လယ်ထွန်ရန်အတွက် မခိုင်းလိုပါ ။ မုယန်အား လှည်းကိုသာ ဆွဲစေချင်လေသည်။ အကယ်၍ မုယန်သာ လယ်ထွန်ချင်သပါ့ ဆိုရင်လည်း လှည်းမဆွဲခိုင်းတော့ဘဲ လယ်ပဲထွန်ခိုင်းလိုက်တော့မည်။
ပုံမှန်အားဖြင့် ရွာသားများသည် နွားလှည်းဖြင့် မြို့သို့သွားလျှင် နှစ်နာရီမျှ ကြာမြင့်ကာ အသွားအပြန်ဆိုပါက လေးနာရီခန့်ကြာတက်၍ စောစောထကာ သွားတက်ကြပေသည်။ မဟုတ်ပါက အပြန်လမ်းတွင် မှောင်နေလျှင် စိတ်မချရဖြစ်နေလိမ့်မည်ကိုး။
သို့ပေမယ့် မုယန်၏ အရှိန်နှင့်သာဆို သွားရန် နာရီ၀က်မျှသာ ကြာလေသည်။
မြို့သို့ ရောက်သည့်အခါ ချီယွဲ့သည် အချိန်ဆွဲမနေတော့ဘဲ စျေးထဲသို့သာ တိုက်ရိုက်သွားလိုက်တော့သည်။ တိရစ္ဆာန်ပေါင်းစုံရှိနေ၍ စျေးထဲမှ အနံ့အသက်များမှာ ဆိုး၀ါးလှသည်။ ချီယွဲ့သည် နှာခေါင်းနှင့် ပါးစပ်အား ၀တ်ရုံလက်ဖြင့် အုပ်ကာ ကျွဲ၊ နွားများရောင်းသည့် နေရာသို့ ဦးတည်လိုက်သည်။
အစကတော့ သူလည်း လင်းရှန်းအား ရွာထဲတွင် နွားရောင်းလိုသူရှိလားဟု မေးဦးမလို့ပင်။ ရှိပါက သူ၀ယ်လိုက်ရုံသာ ။ သို့သော်လည်း ယခုအချိန်သည် စိုက်ပျိုးရာသီချိန်ဖြစ်သည်ကို ချီယွဲ့ သတိရသွား၍ ဘယ်သူကမှ နွားများကို ရောင်းမည်မဟုတ်မှန်း သိလိုက်လေသည်။
ရောင်းလိုလျှင်တောင် ရွာသားများသည် နွားပေါက် ကျွဲပေါက်လေးများကိုသာ ရောင်းမည်ဖြစ်ကာ နွားကောင်းကျွဲကောင်းများကိုတော့ ကိုယ်တိုင်ခိုင်းစေဖို့ရန်သာ ထားကာ ထုတ်ရောင်းကြမည် မဟုတ်ပေ။
ငှားရမှာကျတော့လည်း ချီယွဲ့သည် အလုပ်ရှုပ်သည်ဟု ထင်သည်။ နောက်လည်း သုံးရမှာပဲဟာ တစ်ခါတည်း ၀ယ်ထားလိုက်တာက ပိုမကောင်းဘူးလား။
မကြာလိုက် ၊ ချီယွဲ့ သားပေါက်လေးများသာမက အရွယ်ရောက်ပြီးသားကျွဲနွားများကိုပါ ရောင်းသည့် နေရာသို့ ရောက်သွားတော့သည်။ အတော်လေး ၀၀ဖြိုးဖြိုးရှိကာ သန်စွမ်းသည့် နွားတစ်ကောင်ကို ရွေးလိုက်ကာ ငွေသားဖြင့် ငွေပေးချေလိုက်သည်။
ESTÁS LEYENDO
[ BL ] ကျေးလက်သို့ အပြန်
Ficción históricaBack To The Countryside [ Myanmar Translation ] Author - 北冥魑 Original publisher - jjwxc Associated names - 归隐乡野 Status in COO - 96 Chapters + 2 Extras ( total = 98 Chapters ) Disclaimer - I don't own any parts of this story ! All credits go to Auth...