နေ့ရက်များ ကုန်ဆုံးလာသည်နှင့်အတူ ရာသီဥတုက တဖြည်းဖြည်း အေးလာပြန်တော့သည် ။ မြေကြီးကိုမျက်နှာမူရင်း ကောင်းကင်ကိုကျောပေးထားခဲ့ကြရရှာသော လယ်သမားများအတွက် နောက်ဆုံးတော့ စောင့်စားနေခဲ့ရသည့် ဆောင်းဦးရိတ်သိမ်းချိန် ရောက်လို့လာခဲ့လေပြီ ။ တစ်နှစ်ပတ်လုံး အပတ်တကုပ် အလုပ်ကြိုးစားခဲ့ရပြီးနောက် ဒီအချိန်က သူတို့တွေ စောင့်မျှော်နေခဲ့ရသည့်အချိန်ပါပင် ။
ချီယွဲတို့မိသားစုရဲ့မြေက သိပ်မများသော်ငြား ဧကအနည်းငယ်တော့ ရှိနေဆဲသာ ။ သူတစ်ယောက်တည်း ရိတ်သိမ်းနေလျှင် အချိန်တစ်ခုတော့ကြာမည်ဖြစ်၍ ဟယ်လင်းက သူ ငြင်းနေသည့်ကြားမှ သူနှင့်အတူ လယ်ထဲလိုက်ဆင်းလို့လာသည် ။ တံစဥ်းသုံးနေရ၍ အရည်ကြည်ဖုများပေါက်လာသော တစ်ဖက်လူ၏လက်ကိုကြည့်ရင်း ချီယွဲ့ ရင်နာလာမိသော်လည်း တစ်ဖက်လူထံမှ ခေါင်းမာနေမှုကိုတော့ မလွန်ဆန်နိုင်ခဲ့ပေ ။ သို့ဖြစ်ရာ အလုပ်လုပ်ရင်း ပိုအနားယူဖို့ကိုသာ တိုက်တွန်းနိုင်တော့သည် ။
" ရှန့်ကုံးက အရင်က ဒါမျိုးတစ်ခါမှမလုပ်ဖူးဘူးလေ ဘယ်သိပ်ကျွမ်းကျင်ပါ့မလဲ ၊ ကျွန်တော်ကကြ ကလေးဘ၀တည်းက လယ်စိုက်လာတာ ၊ ဒါကြောင့် မြန်မြန်လေးရိတ်နိုင်တယ် ၊ ကျွန်တော် လုံး၀ မပင်ပန်းပါဘူး " ဟယ်လင်းအား သွားထိုင်ကာ ရေသောက်ရန် ထပ်ပြောလိုက်ချိန်တွင်လည်း ဟယ်လင်းက သဘောမတူပေ ။
သူ့ဘာသာထိုင်နေပြီး သူ့ယောက်ျားတစ်ယောက်တည်း အလုပ်လုပ်နေတာကို ဘယ်လိုလုပ် ကြည့်နေနိုင်မှာလဲလို့ ။
ချီယွဲ့ တစ်ဖက်လူရဲ့နဖူးမှ ချွေးများကိုသုတ်ပေးလိုက်ပြီးနောက် သက်ပြင်းချလိုက်မိသည် ။ " ကိုယ်က မင်းထက်ကျန်းမာရေးကောင်းတယ် ဒါတွေကို ကိုယ်ပဲလုပ်လည်းဖြစ်တယ် "
" ကျွန်တော့်ခန္ဓာကိုယ်ကလည်း ကောင်းနေပါပြီနော် ၊ ရှန့်ကုံးက နေ့တိုင်း အားပြန်ပြည့်လာအောင် ကူညီပေးနေတာပဲဟာ ၊ ကျွန်တော် အခု အဆင်ပြေနေပါပြီ " ဟယ်လင်းက သူ့လက်ကိုဆွဲယူလိုက်ပြီး ခပ်ဖြည်းဖြည်း ခါရမ်းနေလေ၏ ။
" ဒါဆိုရင် မင်း ပင်ပန်းလာရင် ကိုယ့်ကိုယ်ကို အတင်းလုပ်မနေနဲ့နော် ၊ သွားနားရမယ် ဟုတ်ပြီလား "
ВЫ ЧИТАЕТЕ
[ BL ] ကျေးလက်သို့ အပြန်
Исторические романыDescription ကို Book အထဲမှာ ပြန်ရေးပေးထားပါတယ် ၊ ကော်ပီရိုက်ငြိမှာစိုးလို့ ဖျက်ထားတာပါ ~
![[ BL ] ကျေးလက်သို့ အပြန်](https://img.wattpad.com/cover/329399903-64-k243251.jpg)