ဟယ်လင်း သတိပြန်၀င်လာချိန်တွင် အိပ်ရာပေါ်၌ လှဲလျက်သား ဖြစ်လို့နေလေပြီ ။ ပြတင်းပေါက်အပြင်ရှိ ကောင်းကင်ယံက နက်မှောင်နေပြီဖြစ်ကာ မှိတ်တုပ်မှိတ်တုပ်ကြယ်လေးများကိုပင် မြင်နေရလေ၏ ။ အခန်းထဲရှိစားပွဲပေါ်၌ ဖယောင်းတိုင်တစ်တိုင် ထွန်းလို့ထားပြီး မီးတောက်လေးကဖြာနေသဖြင့် ၀ါကျင့်ကျင့်အလင်းရောင်ကို ဖြန့်ကျက်လို့နေသည် ။
ညတောင် ရောက်နေပြီလား ။ ဟယ်လင်း မျက်လုံးလေးများ မှိတ်ထားလိုက်မိသည် ၊ သတိလစ်သွားပြီးနောက် ဖြစ်ပျက်ခဲ့သည်များက သူ့မှတ်ဉာဏ်ထဲ၌ ရှိမနေပေ ။ ခဏလောက် တွေးကြည့်နေပါသော်ငြား သူ ဘာမှတွေးမရခဲ့ပါ ။ ဟယ်လင်း ကိုယ်ကို လှုပ်ရှား၍ ထလိုက်ချင်ပါသော်ငြား ဗိုက်ထဲမှ အနည်းငယ် စူးခနဲဖြစ်သွားသဖြင့် မျက်မှောင်ကြုံ့လိုက်မိကာ ပြန်လှဲချလိုက်ရသည် ။
ဗိုက်ပေါ်သို့ လက်တင်ထားကာ ခပ်ဖွဖွလေးထိကြည့်ရင်း ရင်ထဲတွင်လည်း ထူးဆန်းနေမိတော့သည် ။ ဘယ်လိုဖြစ်လို့ သူ ရုတ်တရက်ကြီး ဗိုက်အောင့်ပြီး သတိလစ်သွားခဲ့ရတာပါလိမ့် ။
တံခါးက ခပ်တိုးတိုး ကျွီခနဲမြည်ကာ အတွန်းခံလိုက်ရသဖြင့် ဟယ်လင်း ခေါင်းလှည့်ကြည့်လိုက်မိသည် ။ ချီယွဲ့က လက်ထဲတွင် ပန်းကန်တစ်လုံးကိုင်ကာ လျှောက်လာသည်ကို တွေ့လိုက်ရလေသည် ။ ဟယ်လင်း နိုးနေပြီိကိုတွေ့သည့်အခါ အိပ်ရာဘေးသို့လာ၍ သူ့အား ထူပေးလိုက်ပြီးနောက် နှုတ်ခမ်းနားသို့ ပန်းကန်လုံးကို တေ့ပေးလာလေ၏ ။
ပန်းကန်လုံးထဲ၌ အနက်ရောင်အရည်များ ရှိလို့နေပြီး ဆေးနံ့ပြင်းပြင်းကို ရလို့နေသည် ။ ဟယ်လင်း အနည်းငယ် မျက်မှောင်ကြုံ့လိုက်မ်ိသော်ငြား နာနာခံခံပဲ ပါးစပ်ဟပေးလိုက်ကာ တစ်ဖက်လူက ပန်းကန်လုံးထဲရှိဆေးအကုန်တိုက်နေသည်ကို လက်ခံလိုက်တော့သည် ။
ဆေးသောက်ပြီးနောက်တွင် ချီယွဲ့က သူ့အား အိပ်ရာပေါ်သို့ ပြန်လှဲပေးသည် ။ ထို့နောက် ပန်းကန်လုံးအလွတ်ကိုကိုင်ကာ ထိုအတိုင်းပဲ ပြန်ထွက်သွားလေ၏ ။
" ရှန့်ကုံး ? " ဟယ်လင်း အံ့သြကာ လှမ်းခေါ်လိုက်မိသည် ။ ချီယွဲ့ကိုကြည့်ရသည်က အနည်းငယ်ထူးဆန်းနေသလို ခံစားလိုက်ရသောကြောင့်ပင် ။
YOU ARE READING
[ BL ] ကျေးလက်သို့ အပြန်
Historical FictionDescription ကို Book အထဲမှာ ပြန်ရေးပေးထားပါတယ် ၊ ကော်ပီရိုက်ငြိမှာစိုးလို့ ဖျက်ထားတာပါ ~
![[ BL ] ကျေးလက်သို့ အပြန်](https://img.wattpad.com/cover/329399903-64-k243251.jpg)