ဟယ်ကျန့်အား ရှန်ကျွမ်းရွာမှမြေရှင်ကြီးလွှတ်လိုက်သော ဝေါယာဥ်ကလာကြိုသွားသည်ဟု လင်းမိသားစုအိမ်သို့ သွားလည်သည့်အခါ အဒေါ်ဖန်းကပြောနေသည်ကို ဟယ်လင်း ကြားလိုက်ရသည် ။
ထို့ကြောင့် တစ်ခဏလောက် ဟယ်လင်း မင်သက်သွားမိသည် ။ မောက်မာလှတဲ့ ဟယ်ကျန့်က သူ့အဘိုးအရွယ်လူကြီးနဲ့ တကယ်ကြီး လက်ထပ်လိုက်တယ်တဲ့လား ။
တကယ်တမ်းတွင် အကယ်၍ ချီယွဲ့သာ ပေါ်မလာခဲ့ပါက ဤသည်က သူ့ကံကြမ္မာဖြစ်နေလောက်လေသည် ။ သူ့ထံ၌ ဆုံးဖြတ်ချက်ချပိုင်ခွင့် မရှိခဲ့သဖြင့် သူ လက်မထပ်လိုသောသူအား တစ်သက်လုံး လက်ထပ်လိုက်ရမှာဖြစ်သည် ။
" ဟယ်ကျန့်လား သူက ဘယ်လိုလုပ် ဆန္ဒရှိမှာလဲ " ၀ူယွီလန်မှာ အနည်းငယ် အံ့သြသွားကာ ချုပ်လက်စကို ရပ်ထားလိုက်မိလေသည် ။ သူမက ဗိုက်ထဲမှ ကလေးလေးအတွက် သွားရည်ခံချုပ်နေတာဖြစ်သည် ။ စောစောချုပ်ထားမှ အလျင်လိုပြီး ပျာယာခတ်နေဖို့ မလိုတော့မှာကိုး ။
" မဖြစ်နိုင်ဘူးပေါ့ ! " အဒေါ်ဖန်းက သူမချုပ်လက်စဖိနပ်အား နောက်တစ်ချက်ချုပ်လိုက်ပြီး ပြောလာလေသည် ။ " အမေကြားတာတော့ ဟယ်ကွေ့ကို ထမ်းစင်နဲ့ခေါ်လာတာတဲ့ ၊ တစ်ကိုယ်လုံးနုံးချိနေတာဆိုပဲ ၊ အမေထင်တာတော့ လုံး၀ စိတ်မပါလို့ပဲနေမှာ ! "
ဟယ်လင်း သူ ချည်ထိုးထားပြီးခါစ ယုန်လေးအား ထိကြည့်လိုက်ရင်း လက်မထပ်ခင်ညက သူ့ကိုလှည့်စားပြီး သောက်ခိုင်းခဲ့သော ဆေးအကြောင်းကို သတိရသွားလိုက်မိသည် ။ ဟယ်ကျန့်လည်း ထိုသို့ဆေးခတ်ခံခဲ့ရတာ ဖြစ်လောက်ပေသည် ။
" ဟွန့် သူနဲ့တန်တာပဲလေ ! " ၀ူယွီလန်က နှာမှုတ်လိုက်လေ၏ ။ " ဒါက ကိုယ်ပြုတဲ့ကံ ကိုယ့်ထံပြန်တာပဲ ! "
" ဘယ်သူကရော မဟုတ်ဘူးပြောနေလို့လဲ ၊ သူမှမဟုတ်ဘူး သူတ်ို့အကုန်လုံး တစ်ယောက်ချင်းစီ ၀ဋ်ပြန်လည်ကြမှာပဲ ! ကိုယ်ကျင့်တရားမရှိတဲ့မိသားစုက ငရဲမီးကိုပိုက်ထားသလိုပဲ ဖြစ်နေကြမှာ ! " ဟိုကိစ္စကို ကြံစည်လိုက် ၊ ဒီကိစ္စကို ကြံစည်လိုက်နဲ့ အနှေးနဲ့အမြန် သူတို့ကြံထားတဲ့ ကိစ္စတွေအကုန်လုံးကို သူတို့ပဲ ပြန်ခံကြရလိမ့်မယ် ။
![](https://img.wattpad.com/cover/329399903-288-k243251.jpg)
VOUS LISEZ
[ BL ] ကျေးလက်သို့ အပြန်
Fiction HistoriqueBack To The Countryside [ Myanmar Translation ] Author - 北冥魑 Original publisher - jjwxc Associated names - 归隐乡野 Status in COO - 96 Chapters + 2 Extras ( total = 98 Chapters ) Disclaimer - I don't own any parts of this story ! All credits go to Auth...