၀ူယွီလန် ဟယ်လင်းအား အိမ်ထဲသို့ဆွဲခေါ်လာကာ ယူလာသော အ၀တ်ခြင်းအား စားပွဲပေါ်သို့ ဘုန်းခနဲ ချလိုက်မိသော်လည်း ဒေါသများက မပြေသေးပေ ။ " ဘာတွေဖြစ်သွားတာလဲ ၊ ဘာလို့ ဟိုမိန်းမတွေက ဟယ်ကျန့်ကို ကူပြောပေးနေရတာလဲ "
၀ူယွီလန်က ဒေါသထွက်နေသေးနေသည်ကို သိနေသဖြင့် ဟယ်လင်း ရေကရားထဲမှ ရေတစ်ခွက်ငှဲ့လိုက်ပြိီးကမ်းပေးလိုက်သည်။ သူမ သောက်ပြီးသွားမှသာ ဖြစ်ပျက်ခဲ့သည်များကို ပြန်ပြောပြလိုက်သည်။
" ဟက် ! ဘာကို မောင်လေးချီ ပေးထားတဲ့ လက်ကိုင်ပု၀ါလဲ ? လက်မထပ်ရသေးတဲ့ ကောတစ်ယောက်က ဘာလို့ အဲ့လိုလိမ်နိုင်ရတာလဲ ? ပြီးတော့ မောင်လေးချီကို သူ့ကို ကုပေးဖို့မျှော်လင့်နေသေးတာလား ? အိပ်မက်ထဲမှာပဲ ရမယ် ! "
" သူတို့ ကျွန်တော့်ကို လော့လိုင်ကျစ်ရဲ့အိမ်ကို ပို့လိုက်ကတည်းက ကျွန်တော်လည်း သူတို့ကို စိတ်ပျက်သွားပါပြီ ! " အမှန်တကယ်တွင်မူ ထိုလူများက အပြစ်ရှိသလို ခံစားနေကြရမည်လားဟု အတွင်းစိတ်မှ မျှော်လင့်ထားခဲ့ဖူးသော်လည်း သူ့မေးခွန်းများအတွက် အဖြေကို ယနေ့တွင် သေချာသိလိုက်ရပြိိဖြစ်သည်။
" ဘာ ?! " ၀ူယွီလန်မှာ လက်မခိုင်ဖြစ်သွားကာ လက်ထဲမှ ရေခွက်အား လွှတ်ချလိုက်မိသဖြင့် တလိ့မ်လိ့မ့် လိမ့်သွားတော့သည်။ ချီယွဲ့သည် လော့လိုင်ကျစ်က ဘယ်လိုလူမျိုးဆိုသည်ကို မသိသော်လည်း သူမကတော့ ကောင်းကောင်းကြီးသိပေသည် ။ ဆန်ကုန်မြေလေးကောင် ! အသုံးမကျတဲ့ကောင် ! သူတို့က ဟယ်လင်းအား ထိုလူ၏အိမ်ကို ဘာရည်ရွယ်ချက်ဖြင့် ပို့လိုက်သည်ကို ၀ူယွီလန် ခြေထောက်သုံးပြီး စဥ်းစားလျှင်ပင် ပြောနိုင်ပေသည်။ " ဒါဆိုရင် မင်း ... "
" ကျွန်တော် အဆင်ပြေပါတယ် ၊ ရှန့်ကုံးက ဟယ်မိသားစု ကျွန်တော့်ကို အနိုင်ကျင့်မှာစိုးလို့ မေ့ဆေးဆောင်ထားဖို့ ပေးလိုက်တယ်လေ " ထိုနေ့ညက ဖြစ်ပျက်ခဲ့သည်များကို မမှတ်မိချင်တော့သဖြင့် ဟယ်လင်း ထိုအကြောင်းအား ဆက်မပြောမိတော့ချေ ။
ဟယ်လင်း ဘာမှမဖြစ်ဘူးဆိုသည်ကို သိလိုက်ရ၍ ၀ူယွီလန် သက်မ,ချနိုင်သွားသည် ။ ဟယ်လင်းက အကျယ်တ၀ံ့ မရှင်းပြသော်လည်း မနေ့က ပြန်ပါလာသည့်ပုံအရ ဘာတွေဖြစ်ခဲ့သည်အား သူမ ခန့်မှန်းလို့ရပေသည်။ " နောင်ကြရင် သူတို့ ထပ်ရောက်လာပြီး ချီယွဲ့လည်း အိမ်မှာမရှိဘူးဆိုရင် အစ်မတို့အိမ်ကိုပဲ လာခဲ့လိုက် ကြားလား ၊ အဲ့တော့မှ ဘယ်လိုတွေ အနိုင်ကျင့်နိုင်ကြဦးမလဲဆိုတာကို ကြည့်ကြသေးတာပေါ့ ! "
YOU ARE READING
[ BL ] ကျေးလက်သို့ အပြန်
Historical FictionBack To The Countryside [ Myanmar Translation ] Author - 北冥魑 Original publisher - jjwxc Associated names - 归隐乡野 Status in COO - 96 Chapters + 2 Extras ( total = 98 Chapters ) Disclaimer - I don't own any parts of this story ! All credits go to Auth...