ကြွေပုလင်းတစ်လုံးသည် ပြုတ်ကျသံ အကျယ်ကြီးနှင့်အတူ အစိတ်စိတ်အမြွှာမြွှာ ဖြစ်လို့သွားသည် ။ ဟယ်ကျန့်ကတော့ အသက်ရှူသံခပ်ပြင်းပြင်းများနှင့် ရှုပ်ပွနေသောအခန်းထဲ၌ ရပ်နေလေ၏။ သူ့မျက်လုံးများက နီရဲလို့နေပြီး အလွန်ဒေါသထွက်ကာ မကျေမချမ်း ဖြစ်လို့နေလေသည် ။
သူ့ကျန်းမာရေးက အခုနောက်ပိုင်း ပိုပိုဆိုးလာသည်ဟု သူ ခံစားနေရသည် ။ မကြာခဏဆိုသလို မူးဝေလာတတ်ပြီး မြေရှင်ကြီး၏ရှေ့၌ မျက်နှာပျက်ရတာလည်း ခဏခဏ ဖြစ်နေလေပြီ ။ ဆေးပေးခန်းသို့ သူ သွားခဲ့သေးပါသော်ငြား သမားတော်ကတော့ ဘာမှားနေတာကိုမှ ရှာမတွေ့ခဲ့ပါချေ ။
ဒီနေ့လည်း သူ မြေရှင်ကြီးပေါ်သို့ ရေနွေးကြမ်းများ မှောက်ကျသွားစေခဲ့မိသဖြင့် ထိုလူက စိတ်တိုသွားခဲ့လေသည် ။ အခြားကိုယ်လုပ်တော်များ၏ နှစ်ထောင်းအားရဖြစ်နေသော အကြည့်များက ဆိုး၀ါးလွန်းလှသဖြင့် သူ့မှာ အံတင်းတင်းကြိတ်ထားခဲ့ရပေသည် ။
ဟယ်ကျန့် မြန်နေသောအသက်ရှူသံများကို ငြိမ်အောင်လုပ်လိုက်ကာ အသက်ပင်မရှူရဲရှာဘဲ ကျုံ့ကျုံ့လေးဖြစ်နေသော ကောင်မလေးအား မေးလိုက်သည် ။ " ကုရွှေ့ရွာမှာဘာတွေဖြစ်နေလဲဆိုတာ နင် စုံစမ်းလို့ရပြီလား "
သူသည် ထိုရွာ၌မနေတော့သော်လည်း ထိုနေရာမှလူများကိုတော့ စောင့်ကြည့်နေဖြစ်လေသည် ။ ဟယ်မိသားစုဖြစ်ဖြစ် ချီယွဲ့ဖြစ်ဖြစ် သူတို့ဘာတွေလုပ်နေကြလဲဆိုတာကို သိချင်သောကြောင့်ပင် ။ မကောင်းသတင်းတစ်ခုခုဆိုပါက အပျင်းပြေဟုသတ်မှတ်ကာ သူ ရယ်ပါရယ်မောနိုင်မှာ ဖြစ်လေသည် ။
အစေခံကောင်မလေးမှာ လွန်ခဲ့သည့်နှစ်ရက်အတွင်း ကြားခဲ့ရသောသတင်းများကို ပြန်သတိရသွားမိရင်း ဟယ်ကျန့်အား ဂရုတစိုက်ကြည့်လိုက်မိသည် ။ အဲ့ဒါကိုသိသွားရင် သေချာပေါက် ၀မ်းသာမှာမဟုတ်ဘူး ။ သို့ပေသိ သူမဘာသာပဲ ကွယ်၀ှက်ထား၍ ရနေသည်လည်းမဟုတ်ပါ ၊ ထို့ကြောင့် ပိုကောင်းသောရွေးချယ်စရာမရှိသဖြင့် တုန့်ဆိုင်းစွာ ပြောလိုက်ရတော့သည် ။ " အဲ့ဒီ့ဟယ်လင်းဆိုတဲ့ကောလေးက ကြည့်ရတာ ကိုယ်၀န်ရှိနေတဲ့ပုံပါပဲ ... "
ВЫ ЧИТАЕТЕ
[ BL ] ကျေးလက်သို့ အပြန်
Исторические романыDescription ကို Book အထဲမှာ ပြန်ရေးပေးထားပါတယ် ၊ ကော်ပီရိုက်ငြိမှာစိုးလို့ ဖျက်ထားတာပါ ~
![[ BL ] ကျေးလက်သို့ အပြန်](https://img.wattpad.com/cover/329399903-64-k243251.jpg)