အပိုင်း - ( ၂၈ ) မောင်နှမနှစ်ယောက်

2K 320 7
                                    

ချီယွဲ့ ဟယ်လင်းကို မြို့ထဲရှိ နာမည်ကြီးဆိုင်တစ်ဆိုင်သို့ ခေါ်သွားလိုက်သည်။ ဆိုင်ကနှစ်ထပ်ဆိုင်ဖြစ်ပြီး ပထမထပ်တွင် အင်္ကျီနှင့်အထည်များကိုရောင်းပြီး ဒုတိယထပ်တွင် ရွှေငွေကျောက်မျက်ရတနာပစ္စည်းများအပြင် အလှကုန်သုံးပစ္စည်းများကို ရောင်းချသဖြင့် မိန်းမပျိုလေးများ ၊ ကောယောက်ျားလေးများကြားတွင် အတော်လေး နာမည်ကြီးလေသည်။

" အိုးးး ... သခင်လေးချီ မဟုတ်ဘူးလား " ဆိုင်၀န်ထမ်းက ချီယွဲ့ကို မှတ်မိနေပြီး ပြုံးပြကာ နှုတ်ဆက်သည်။

ချီယွဲ့လည်း ခေါင်းညိတ်၍ ပြန်နှုတ်ဆက်လိုက်သည်။ " ကျွန်တော့်အမျိုးသားကိုခေါ်ပြီး တစ်ချက်လောက် လာကြည့်တာ "

ဆိုင်မန်နေဂျာလည်း ပြန်ပြုံးပြလိုက်သည်။ ဟယ်လင်းကို ကြည့်မိသည့်အခါတွင် လှလိုက်တာဟု စိတ်ထဲမှနေ တွေးလိုက်မိသည်။ ချီယွဲ့က ဒီလောက်ချစ်နေတာ မထူးဆန်းတော့ပါဘူး ။ " နှစ်ယောက်သားက လိုက်ဖက်ညီလွန်းလို့ ကျွန်တော်တို့ဆိုင်တောင် ပိုပြီးတောက်ပလာသလိုပဲဗျာ "

" မနောက်ပါနဲ့ဗျာ " ချီယွဲ့က ပြောသည်။ " ကျွန်တော် သူ့ကို လိုက်ပြပေးလိုက်ဦးမယ် ၊ ခင်ဗျားလည်း အလုပ်များနေမှာဆိုတော့ တစ်ကူးတက လိုက်ပြပေးနေဖို့ မလိုပါဘူး "

" ကောင်းပါပြီ ၊ ဒါဆိုလည်း လွတ်လွတ်လပ်လပ်သာ လျှောက်ကြည့်ကြပါဗျာ " ဆိုင်မန်နေဂျာက အကူ၀န်ထမ်းတစ်ယောက်ကိုခေါ်ကာ လိုက်ပြခိုင်းပြီးနောက်တွင် လက်နောက်ပစ်ကာ ထွက်သွားတော့သည်။

ချီယွဲ့ ဟယ်လင်းထံ လှည့်ပြောပြလိုက်သည်။ " အရင်က မင်းကို၀ယ်ပေးတဲ့ အင်္ကျီတွေနဲ့ရေမွှေးတွေက ဒီဆိုင်ကလေ  "

ဟယ်လင်းက ထိုအခါမှ ရုတ်တရက်ပြုံးသွားလေသည်။ " ကျွန်တော်က ဒီဆိုင်ကလည်း ရှန့်ကုံးပိုင်တာလားလို့ တွေးနေတာ "

ထိုသို့ကြားသောအခါ ချီယွဲ့က အသေအချာ စဥ်းစားနေလေ၏။ " မင်းသဘောကျတယ်ဆိုရင် ကိုယ် ဒီဆိုင်ကို၀ယ်လိုက်မယ်လေ ဘယ်လိုလဲ "

" ခင်ဗျား မလုပ်နဲ့နော် ! " ဟယ်လင်း စိုးရိမ်သွားမိသည်။ သူက ဒီဆိုင်ကို ဘာလုပ်ဖို့လိုရမှာလဲ ။

[ BL ] ကျေးလက်သို့ အပြန် Where stories live. Discover now