အပိုင်း - ( ၅၈ ) ကျောက်မိသားစု

1.7K 159 9
                                        

'မကောင်းသတင်းဆို မိုင်တစ်ထောင်ကျော်တောင် ပျံ့တတ်ပေမယ့် ကောင်းသတင်းဆိုရင် အိမ်ပြင်ကိုတောင်မပျံ့တတ်ဘူး´ ဟူသကဲ့သို့ပင် ဟယ်မိသားစု၏ပြဿနာက ကုရွှေ့တစ်ရွာလုံး ဟိုးလေးတစ်ကျော်ကျော် ဖြစ်သွားတော့သည် ။ ရွာသားများအားလုံးက ထိုသတင်းကြောင့် အံ့အားသင့်နေကြလေ၏ ။ တစ်အိမ်တည်းနေနေကြတာဆိုမှတော့ သူတို့တွေ ပုံမှန်လည်း တွေ့နေကြရဦးမှာဆိုတော့ ဟယ်မိသားစုကလူတွေ မရှက်ကြဘူးလားမသိဘူး ။

ဟင်းချက်နေရင်း ထိုသတင်းအား ရွှီဟွာပြောပြ၍ သိလိုက်ရသည့် ဟယ်လင်းမှာတော့ လက်ကိုလှီးမိတော့မလိုပင် ဖြစ်သွားသေးသည် ။ ဘာပဲပြောပြော ထိုနှစ်ယောက်က အတူတူဖြစ်သွားမည်ဟု သူ တစ်ခါမှ မတွေးခဲ့ဖူးပါ ။

ရွှီဟွာကတော့ လန့်သွားကာ ဆေးလက်စဟင်းရွက်များကိုချထားပြီး သူ့လက်ကိုလာကြည့်လေသည် ၊ ဘာမှမဖြစ်တာ သေချာမှသာ စိတ်သက်သာရာရသွားလေ၏ ။ " မင်း အဲ့လောက်ထိ အံ့သြသွားမယ်မှန်းသိရင် ဒီအချိန်ကြီး မပြောပြလိုက်ပါဘူး "

" ရပါတယ် ၊ ကျွန်တော် မမျှော်လင့်ထားမိတဲ့ကိစ္စဖြစ်နေလို့ပါ " ဟယ်လင်း လက်ကိုပြန်ဆွဲယူလိုက်ရင်း ပြုံးပြလိုက်သည် ။ ချွေးမလျိုနှင့် ဟယ်ကွေ့ကြားတွင် မသင်္ကာဖြစ်စရာအမူအရာမျိုးကို သူ မတွေ့ခဲ့ဖူးပါ ၊ သို့ဖြစ်ရာ ဘယ်လိုကြောင့်များ ... အဲ့လိုဖြစ်သွားရတာပါလိမ့် ။

ရွှီဟွာကတော့ ဟင်းရွက်များဆီပြန်သွားကာ အကုန်လုံးကို ဆေးလိုက်လေသည် ။

" မင်းမပြောနဲ့ ကျွန်တော်တောင် ပထမဆုံးစကြားလိုက်ရတော့ အံ့သြသွားသေးတာပဲ "

ဟယ်လင်း ခေါင်းခါလိုက်ကာ ထ်ိုအကြောင်းကို ဆက်မတွေးတော့ဘဲ ဟင်းရွက်များလှီးနေရာတွင်သာ အာရုံစိုက်ထားလိုက်တော့သည် ။ " သူတို့အကြောင်းတွေ ထားလိုက်ပါတော့ ၊ ဘာပဲဖြစ်ဖြစ် သူများကိစ္စပဲလေ ၊ ကျွန်တော်တို့နဲ့မှမဆိုင်တာ "

" အမှန်ပဲ ! " ရွှီဟွာက ဆေးပြီးသောဟင်းရွက်များကို သူ့ဘေးရှိခြင်းထဲထည့်လိုက်ပြီး မေးလာလေသည် ။

" ကျွန်တော် အရင်ဆန်အိုးတည်ထားလိုက်ရမလား "

" အင်း ၊ ပျော့ပျော့လေးဖြစ်အောင် တည်ထားလိုက်ပါလား ၊ ရှန့်ကုံးပြောတာတော့ ဦးလေးရွှီအတွက် ပျော့တာလေးတွေစားပေးတာကောင်းတယ်တဲ့ "

[ BL ] ကျေးလက်သို့ အပြန်Donde viven las historias. Descúbrelo ahora