" ဒေါက် ဒေါက် ဒေါက် "
တံခါးမကြီးအား ခေါက်နေသံကို ကြားလိုက်ရပြန်၏။
ဟယ်ကျန့်များ ပြောစရာရှိသေးလို့ ပြန်ရောက်လာတာလားဟု တွေးမိကာ ချီယွဲ့ မျက်ခုံးပင့်လိုက်မိသည်။ ပိုက်ဆံအိတ်လေးအား ၀တ်ရုံလက်ထဲသို့ ထည့်လိုက်ကာ တံခါးကိုဖွင့်၍ စကားအရင်ပြန်လိုက်သည်။ " ဟယ်ရှောင်ကောအာ ၊ ကျွန်တော် ဒီနေ့ အလုပ်များနေလို့ ၊ နောက်နေ့မှ ပြန်လာ....."
တံခါးအပြင်၌ ခြင်းလေးတစ်ခုကိုကိုင်၍ ရပ်နေသော ဟယ်လင်းသည် ကြားလိုက်ရသည့်စကားများကြောင့် နောက်သို့ ဆုတ်သွားကာ " ကျွန်တော် ....ခင်ဗျားကို နှောင့်ယှက်မိသွားတာလား " ဟု အမေးစကားဆိုသည်။
ချီယွဲ့၏ မျက်နှာထားက ပျော့ပျောင်းသွားကာ အသံကလည်း ယခင်လိုခက်ထန်နေခြင်းမရှိတော့ပေ ။ " မဖြစ်ပါဘူး ၊ ဒါနဲ့ အကူအညီတောင်းချင်တာရှိလို့လား "
ဟယ်လင်းက ခေါင်းခါပြကာ သူယူလာသော ခြင်းကိုကမ်းပေးလေသည်။ " ကျွန်တော် ဒီခြင်းကို ပြန်လာပေးရင်းနဲ့ ခင်ဗျားကို ကျေးဇူးတင်ကြောင်း ပြောချင်လို့ "
ဟယ်ကျန့်တို့မိသားစု၏ စကားအပြောအဆိုများမှတစ်ဆင့် ထိုနေ့က ဘာတွေဖြစ်ခဲ့သည်ကို ဟယ်လင်း သဘောပေါက်သွားတာဖြစ်သည်။
ခုနကလည်း လင်းရှန့်တို့အိမ်၌ ကျေးဇူးတင်းကားပြောနေခဲ့တာဖြစ်ပြီး ပြန်အထွက်တွင် ချီယွဲ့တို့အိမ်၌ ဟယ်ကျန့်ရှိနေသည်ကို တွေ့လိုက်ရ၍ အပြင်သို့ထွက်မလာရဲဘဲ ၀မ်းကွဲဖြစ်သူ ခပ်လှမ်းလှမ်းရောက်သွားမှသာ ထွက်လာလိုက်တာဖြစ်၏။
" တစ်ရွာတည်းသားချင်းအနေနဲ့ ကိုယ်လုပ်သင့်တဲ့ ကိစ္စပဲလေ " ဟုဆိုကာ ချီယွဲ့ ခြင်းကိုယူလိုက်သည့်အခါတွင် အ၀တ်ဖြူအုပ်ထားသည်ကို တွေ့လိုက်ရ၍ ဖွင့်ကြည့်လိုက်မိသည့်အခါ ဆီစက္ကူပေါ်တွင် ထည့်ထားသော ပေါက်စီအချို့ကို တွေ့လိုက်ရသည်။ ဂျုံဖြူဖြင့်လုပ်ထားသောကြောင့် အတော်လေး နူးညံ့သည့်ပုံပေါက်လို့နေ၏။ " ဒါက .......? "
ဟယ်လင်း၏ပါးလေးများက ရဲတက်လာကာ သူ့မျက်နှာလေးကို ပို၍ဆွဲဆောင်မှုရှိသွားစေလေသည်။ ဟယ်လင်း၌ ၀င်ငွေမရှိပေ ။ ရှိနေသည့်ပိုက်ဆံများကလည်း ကလေးဘ၀တုန်းက အဘွားဖြစ်သူ နှစ်ကူးမုန့်ဖိုးအနေဖြင့် ပေးထားသည့် အနည်းငယ်သာဖြစ်ပြီး ဟယ်ကျန့်တို့မသိအောင် ဝှက်ထားခဲ့သည့်ပိုက်ဆံလေးများ ဖြစ်လေသည်။
CZYTASZ
[ BL ] ကျေးလက်သို့ အပြန်
HistoryczneBack To The Countryside [ Myanmar Translation ] Author - 北冥魑 Original publisher - jjwxc Associated names - 归隐乡野 Status in COO - 96 Chapters + 2 Extras ( total = 98 Chapters ) Disclaimer - I don't own any parts of this story ! All credits go to Auth...