နောက်ကျနေပြီဖြစ်သော နေ့လယ်စာကိုစားရင်း စားပွဲတွင်ထိုင်နေကြသော ကြောင်သူတော်ယောင်ဆောင်ထားကြည့် လူများကိုကြည့်ကာ ဟယ်ကျန့် ရင်ထဲတွင် အေးစက်စက် ရယ်လိုက်မိသည် ။ ဟယ်မိသားစုသည် ပိုက်ဆံအတွက် ဘာကိုမဆို ရောင်းစားနိုင်ကြပြီး ယခင်ကတော့ ဟယ်လင်းဖြစ်ခဲ့ကာ ယခုတွင်တော့ သူကိုယ်တိုင် ဖြစ်ခဲ့လေသည် ။ ကံမကောင်းချင်ရှာတော့ ယခင်ကဟယ်လင်းသည် ထိုလူများ၏ ထိန်းချုပ်မှုအောက်မှ ရုန်းထွက်သွားနိုင်ခဲ့သဖြင့် ထိုသူများက ထပ်မံ၍ ချုပ်ကိုင်ထားလို့မရတော့ပါ ။ သူသည်လည်း ထိုသူများအလိုကျအတိုင်း လိုက်လုပ်ပေးမည်တော့ မဟုတ်ပါ !
" ကျန့်အာ မင်းအရင်က ကြက်ဥကြော်ဆို သိပ်ကြိုက်တာလေ ၊ ဒီနေ့ နည်းနည်းပိုစားလိုက်ဦး ! " အဒေါ်ချန်က သူ့အားပြုံးပြရင်း ကြက်ဥကြော်ကိုထည့်ပေးကာ ယခင်ကလိုမျိုး ရင်းနှီးကြသည့် သားမိများပမာ ဟန်ဆောင်လို့နေသည် ။
ဟယ်ကျန့် တူကိုကိုင်လိုက်ပြီး ကြက်ဥကြော်ကိုယူလိုက်သော်ငြား မစားဖြစ်ပါ ။ " မာမိသားစုအိမ်မှာ နေ့တိုင်းစားနေရတော့ ကျွန်တော် ငြီးငွေ့နေပြီ "
သူ ယခင်က ထိုသည်ကို ကြိုက်ခဲ့သော်ငြား အကြောင်းအရင်းမှာ အဒေါ်ချန်က ကပ်စေးနည်းသောကြောင့်သာ ဖြစ်လေသည် ။ တစ်ခါတစ်ခါစားရဖို့ကို အကြာကြီးစောင့်ခဲ့ရတာဖြစ်ပြီး တစ်ခါလုပ်လျှင်လည်း တစ်ကိုက်လောက်သာ စားခဲ့ရတာဖြစ်သောကြောင့်ပင် ။ ယခင်တုန်းကတော့ မိသားစုတွင်းရှိ သားသုံးယောက်က စားခဲ့ရတာဖြစ်သော်လည်း နောက်ပိုင်းတွင်တော့ သူတို့၏မြေးဦးလေးကသာ စားခွင့်ရှိတော့တာ ဖြစ်လေသည် ။
ယခုတွင်တော့ သူ အလိုရှိသလို ရနိုင်နေပြီဖြစ်ပြီး ဘယ်အရာကမှ သူ့အတွက် ရှားပါးမနေတော့ပါ ။ ဟယ်မိသားစုက သူ့အား ဆက်ဆံခဲ့သလိုပင် သူသည်လည်း ပျင်းနေလျှင်တောင် ထိုသူများအား လှည့်မကြည့်ချင်တော့ ။
ဟယ်ကျန့်က တူကိုချကာ ဆက်လက်၍ စားမည့်ဟန်မရှိတော့သည့်အတွက် အဒေါ်ချန်က ရှိုးတို့ရှန်းတန့်ဖြစ်သွားတော့သည် ။ " ဒါဆိုလည်း မင်း ကြိုက်တာလေးတွေပဲ ထည့်စားလေ "
YOU ARE READING
[ BL ] ကျေးလက်သို့ အပြန်
Historical FictionBack To The Countryside [ Myanmar Translation ] Author - 北冥魑 Original publisher - jjwxc Associated names - 归隐乡野 Status in COO - 96 Chapters + 2 Extras ( total = 98 Chapters ) Disclaimer - I don't own any parts of this story ! All credits go to Auth...