အပိုင်း - ( ၄၀ ) ကျူးကျော်၀င်ရောက်ခြင်း

1.6K 263 7
                                    


ရွှီဟွာ ခြင်းထဲရှိ ယုန်ပေါက်လေးများကို ကိုင်ကြည့်ရင်း ပြုံးလိုက်မိသည် ။ ဒီလို အမွှေးပွပွနဲ့ ချစ်စရာအကောင်လေးတွေကို ဟယ်လင်း သဘောကျလောက်မှာပါနော် ဟုတ်တယ်မလား ။

မနေ့တုန်းက ထင်းခွေရန် တောင်ပေါ်သို့သွားရင်း ယုန်အရိုင်းသိုက်ကို တွေ့ခဲ့တာဖြစ်ပြီး အကောင်ကြီးများကိုတော့ မတွေ့ခဲ့ပေ ။ အစာရှာပဲထွက်သွားတာလား သေပဲသွားတာလားကိုတော့ ရွှီဟွာလည်း မသိပါ ။

အကောင်ပေါက်လေးခြောက်ကောင်သာ ရှိနေခဲ့သဖြင့် ရွှီဟွာ ဟယ်လင်းမွေးလို့ရအောင်ဆိုပြိိး သုံးကောင်ကို ယူလာခဲ့တာဖြစ်သည် ။

နွေဦးရာသီသည် တိရစ္ဆာန်များ သားဖောက်ကြသည့်ရာသီဖြစ်သဖြင့် ရွှီဟွာသည် ပုံမှန်အားဖြင့် တောကောင်အရိုင်းများကို ဖမ်းလေ့မရှိ ။ သဘာ၀အတိုင်း ဆက်လက်၍တည်ရှိနေနိုင်အောင် လွှတ်ထားပေးသင့်သောကြောင့်ပင် ။

ယခုတစ်ခေါက်တွင်တော့ ဟယ်လင်းအား တစ်စုံတစ်ရာကို ပေးချင်နေသည့်အချိန်တွင် ယုန်ပေါက်လေးများကို အခန့်သင့်တွေ့လိုက်ရသလို ဖြစ်သွားလေသည် ။ သူတို့လေးတွေ ကံဆိုးတာလို့ပဲ ပြောရတော့မှာပေါ့ !

သို့ပေသိ ဟယ်လင်းတို့၏အိမ်သို့ရောက်သည့်အခါတွင်မူ တံခါးအားသော့ခတ်ထားသည်ကို တွေ့လိုက်ရသည် ။ မြို့တက်သွားကြတာများလား ။

ရွှီဟွာမှာ အနည်းငယ် ထူးဆန်းနေတော့သည် ။ ဘာလို့ သူလာတဲ့အချိန်တိုင်း ဟယ်လင်းက ဧည့်သည်ရှိနေတာပဲဖြစ်ဖြစ် အပြင်သွားနေတာပဲဖြစ်ဖြစ် ဖြစ်နေရတာလဲ ။

" အားးး ! "

ရွှီဟွာ တွေးတောနေစဥ်တွင် အိမ်အတွင်းမှ အော်သံနှင့်အတူ ရေဇလုံကျကွဲသွားသည့်အသံကိုပါ တစ်ဆက်တည်းကြားလိုက်ရလေ၏။ ရွှီဟွာ တန့်သွားမိသည် ၊ အဲ့ဒါက ဟယ်လင်းရဲ့အသံပဲ !

ရွှီဟွာ မြေကြီးပေါ်တွင် ခြင်းကိုချလိုက်ပြီး သစ်သားတံခါးပေါ်ရှိ သော့ကိုအားဖြင့် ရိုက်လိုက်သည် ။ " ဟယ်လင်း ! ဘာဖြစ်တာလဲ ဟယ်လင်း ! "

" ကျွန်တော့်ကိုလွှတ် ! "

" ပါးစပ်ပိတ်ထားစမ်း ! "

[ BL ] ကျေးလက်သို့ အပြန် Where stories live. Discover now