အပိုင်း - ( ၄၈ ) ကျန်းမိသားစုအိမ်

1.1K 191 6
                                    

" သခင်လေး အပြင်မှာ လူတစ်ယောက်က တွေ့ချင်လို့ပါတဲ့ "

ကျန်းယွဲ့ဖုန်းက နားနေဆောင်လေးအတွင်း၌ ထိုင်နေရင်း ကန်ထဲသို့ ငါးစာများကို ပစ်ကျွေးနေသဖြင့် အနီရောင်ငါးကြင်းများက တိုးဝှေ့ကာ အစာများကို လုယက်နေကြ၏။ အစေခံကောင်လေးတစ်ဦးက နားနေဆောင်လေး၏အပြင်၌ ရပ်နေရင်း သတင်းလာပို့ခြင်းပင် ။

" ဘယ်သူတဲ့လဲ " ကျန်းယွဲ့ဖုန်းက လှည့်မကြည့်ပါဘဲ ငါးစာများကိုသာ ထပ်ပစ်လိုက်သဖြင့် ငါးများက တစ်ပွက်ပွက် ထနေတော့သည် ။ ယခုရက်ပိုင်းအတွင်း ကျန်းယွဲ့ဖုန်း၏ စိတ်အခြေအနေက ကောင်းမနေပါ ။ ကုရွှေ့ရွာသို့သွား၍ ရွှိီဟွာအား သွားတွေ့ချင်ပါသော်လည်း အကြောင်းပြချက်ကောင်းကောင်းက ရှိမနေပေ ။ သို့ဖြစ်၍ သူ ဘယ်လောက်ထိ စိတ်ဓာတ်ကျနေမိလဲဆိုတာ ပြောကိုမနေပါနဲ့တော့ ။

" ကျွန်တော်လည်းမသိတဲ့ ကောလေးတစ်ယောက်ပါ " ထိုကောင်လေးက ပြန်ဖြေသည် ။

" မင်းမသိတဲ့ ကောလေးတစ်ယောက် ? " သခင်လေးဖြစ်သူက ကြည့်ရသည်မှာ အခြေအနေမကောင်းသဖြင့် ခန်းယွမ်ကပဲ ၀င်ပြောပေးလိုက်ရသည် ။ " နေ့တိုင်း သခင်လေးဆီကို ရင်းနှီးချင်လို့ဆိုပြီး လာလည်နေကြတဲ့ မိန်ကလေးတွေ ကောတွေက နည်းတာမှမဟုတ်တာ ၊ ဆိုတော့ လုပ်နေကြအတိုင်း ပြန်ပို့လိုက်လေ "

" ကျွန်တော်လည်း အစက အဲ့လိုတွေးခဲ့တာပါ ၊ ဒါပေမယ့် ... " ဟုဆိုရင်း ကောင်လေးက တွေဝေစွာ ဆက်ပြောလာလေသည် ။ " အဲ့ဒီ့ကောလေးက သတင်းပို့ပေးဖို့ အတင်းပြောနေလို့ပါ ၊ သူက ကုရွှေ့ရွာက လာတာပါတဲ့ ၊ သခင်လေးက အခုတလော ကုရွှေ့ရွာကို မကြာမကြာ သွားဖြစ်နေတာ မဟုတ်ဘူးလား ၊ အဲ့ဒါနဲ့ ကျွန်တော်လည်း ... "

'ကုရွှေ့ရွာ´ဟု ကြားလိုက်ရသည့်အခါ ကျန်းယွဲ့ဖုန်းက လှုပ်လှုပ်ရှားရှားဖြစ်လာပြီး ခေါင်းလှည့်၍ မေးလာတော့သည် ။ " အဲ့ဒီ့ကောလေးက အရမ်းထူးခြားတဲ့ ရုပ်ရည်နဲ့လား "

ကောင်လေးက ခေါင်းခါပြသည် ။ " သာမန်လိုပါပဲ ၊ အတော်လေးတော့ ကြည့်လို့ကောင်းပါတယ် "

ကုရွှေ့ရွာတစ်ရွာလုံး၌ ကျန်းယွဲ့ဖုန်းသိသည့် ကောဟူ၍ နှစ်ယောက်သာရှိသဖြင့် ဟယ်လင်းမဟုတ်ဘူးဆိုရင် ရွှီဟွာများလား ။ ထိုဖြစ်နိုင်ချေကို တွေးမိသည့်အခါ ကျန်းယွဲ့ဖုန်း ထရပ်လိုက်ကာ ငါးစာများကို ခန်းယွမ်၏လက်ထဲသို့ ထိုးထည့်ခဲ့လိုက်ပြီး ရေးကြီးသုတ်ပြာ ထွက်လာခဲ့လိုက်တော့သည် ။

[ BL ] ကျေးလက်သို့ အပြန် Where stories live. Discover now