အပိုင်း - ( ၄၂ ) အလျော်အစား

1.8K 236 8
                                    

[ Hello ~ ဟုတ်ပါတယ် T/N ပါ ၊ အောက်ဆုံးမှာထည့်ရင် မဖတ်ကြဘူးထင်လို့ပါ ၊ ကျော်မသွားကြပါနဲ့နော် ၊ အရင်ဆုံးပြောချင်တာက update ကြာနေလို့ တောင်းပန်ပါတယ်လို့ ပြီးတော့ နောက်ထပ်လည်း ကြာဦးမှာပါလို့လည်း ကြိုပြောချင်ပါတယ် ၊ ကဲ အဓိကပြောချင်တာလာပါပြီ 'Paid group ရှိလား ´ ဆိုတဲ့မေးခွန်းအတွက် အဖြေပါ ' Paid group မရှိပါဘူး ၊ ထပ်ပြောပါမယ် Paid group မရှိပါဘူးနော် ´ ဒါကြောင့် နောက်ဆိုရင် အဲ့မေးခွန်းကို ပြန်ဖြေပေးတော့မှာမဟုတ်ပါဘူးလို့ ဒါပါပဲ enjoy your reading sweeties ~ ]

" အမှန်ပဲ ၊ ဘာမှမခိုးသွားဘူး ၊ ဒါပေမယ့် လူတွေ ထိခိုက်သွားတယ်လေ ! " ချီယွဲ့က ဟယ်လင်းကိုပွေ့ထားရင်း ထွက်လာကာ အဒေါ်ချန်အား မျက်နှာသေဖြင့် ကြည့်နေလေ၏။

" ချီယွဲ့ ၊ နင် ငါ့သားကို ဘယ်မှာထားထားတာလဲ " အဒေါ်ချန်က ချီယွဲ့ဘာပြောပြော ဂရုမစိုက်ဘဲ ပြန်မေးသည် ။

" သူက ဒ်ီမှာ ! " အနောက်ခြံ၀င်းထဲသို့ ၀င်သွားခဲ့သော လင်းရှန့်က ဟယ်ဖူကိုသယ်လာကာ ပြန်ထွက်လာပြီးနောက် မြေကြီးပေါ်သို့ ပစ်ချလိုက်ကာ ပြောသည် ။

" အားဖူ အားဖူ ! " အဒေါ်ချန်က သားဖြစ်သူ၏ဘေးသို့ အပြေးသွားကာ ပုခုံးများကိုလှုပ်၍ နှိုးနေပြီးနောက် မျက်ထောင့်နီကြီးဖြင့် လှည့်ကြည့်လာသည် ။ " နင်တို့ ငါ့သားကို ဘာလုပ်လိုက်ကြတာလဲ ?! "

" စိတ်မပူပါနဲ့ ၊ ခင်ဗျားသားက မသေသေးပါဘူး ၊ သတိလစ်နေရုံလေးတင် ! " လင်းရှန့်က ထမ်းသယ်လာရသဖြင့် ပုခုံးများကို အကြောဖြေနေရင်း နှာမှုတ်လိုက်ကာ ပြန်ဖြေသည် ။

" အမေ အစ်ကိုကြီးရဲ့လက်က ဘယ်လိုဖြစ်တာလဲ ! " ဟယ်ကွေ့က ချက်ချင်းဆိုသလိုပဲ ဟယ်ဖူ၏ နီရဲရောင်ကိုင်းကာ ကောက်ကွေးနေသည့် ညာဘက်လက်ကို သတိထားမိသွားသည် ။

ထိုသည်ကိုကြားမှ အဒေါ်ချန်က အသည်းအသန် စစ်ဆေးကြည့်လေ၏။ သားဖြစ်သူ၏အရိုးများ ကျိုးသွားတာဖြစ်သည်ကို သိလိုက်သည့်အခါ မျက်လုံးများရဲလာတော့သည် ။ " ချီယွဲ့ ! နင် ငါ့သားကို ဘယ်လိုတောင် လုပ်ရဲရတာလဲ ! "

" မင်း ဘယ်လိုဖြစ်ပြီး ဒီလိုလုပ်နိုင်ရတာလဲ " ဟယ်ထျန်းလည်း စိတ်တိုလာမိသည် ။ အကယ်၍ ဟယ်ဖူသာ လက်ကိုဆုံးရှုံးသွားမယ်ဆိုရင်  ဘယ်လိုလုပ်ပြီး အသက်ရှင်ဖို့ အလုပ်လုပ်လို့ရတော့မှာလဲ ။

[ BL ] ကျေးလက်သို့ အပြန် Where stories live. Discover now