အခန်းထဲတွင်ထိုင်ကာ ဟယ်ကျန့် သူ့လက်ထဲရှိ အနက်ရောင်ဆေးရည်များ ပါသည့်ခွက်ကိုကြည့်ရင်း စိတ်လှုပ်ရှားကြောက်ရွံ့နေမိသည်။ ဤဆေးသည် သူ့အတွက် နောက်ဆုံးသောကောက်ရိုးမျှင်ဖြစ်ပြီး အလုပ်မဖြစ်ပါက သူ့တစ်ဘ၀လုံးကို သရဲလိုလိုမျက်နှာကြီးဖြင့် ရှင်သန်သွားရတော့မှာဖြစ်သည် ။
ဟယ်ကျန့် အံကြိတ်လိုက်ပြီး တစ်ခွက်လုံးကို တစ်ခါတည်းအကုန် မော့သောက်ပစ်လိုက်တော့သည်။ ခါးသက်နေသော အရသာက ခံတွင်းတစ်ခုလုံးကို စွဲသွားစေသဖြင့် မျက်ခုံးနှစ်ခုထိသည်အထိ မျက်မှောင့်ကြုံ့ထားလိုက်မိသည်။
ဆေးသောက်ပြီးနောက်တွင် ပန်းကန်လုံးအား စားပွဲပေါ်ပြန်တင်လိုက်ပြီး သက်ပြင်းချလိုက်သည်။ ဆေးကပဲ အရမ်းပူနေခဲ့၍လားမသိ သူ့ဗိုက်တစ်ခုလုံး ပူလောင်လာသလိုပင် ။
ဟယ်ကျန့် ထရပ်လိုက်ပြီး ပန်းကန်လုံးအား မီးဖိုချောင်ထဲသို့ သွားပြန်ထားရန် ပြင်လိုက်သော်လည်း ဗိုက်ထဲက ပူလောင်နေသည့်ခံစားချက်က ပို၍ပြင်းထန်လာပြီး ရှေ့သို့ယိုင်သွားကာ စားပွဲခုံနှင့်တိုက်မိသွားသဖြင့် ပန်းကန်လုံးမှာ ကြမ်းပေါ်သို့ တစ်စစီကျကွဲသွားတော့သည်။
ဗိုက်ကိုလည်း တင်းတင်းဖိ၍ ကိုင်ထားလိုက်မိသလို နဖူးထက်တွင်လည်း ချွေးများစို့လာတော့သည်။ ဗိုက်ထဲက နာကျင်မှုက တစ်ဖြည်းဖြည်းပို၍ ပြင်းထန်လာပြီး မသိပါက မီးစနှင့်ထိုးနေသလို ခံစားနေရကာ အူတွေအကုန် မီးကင်ခံနေရသလို ဖြစ်လို့နေသည် ။
" အာ့ အားးး ! " သည်းမခံနိုင်တော့သဖြင့် ကိုယ်ကိုကွေးနိုင်သလောက်ကွေးလိုက်ပြီး အော်ဟစ်လိုက်မိသည်။
အချိန်ကြာလာပါက နာကျင်နေတာ ပျောက်သွားလောက်သည်ဟု ထင်ထားခဲ့သော်လည်း တစ်ကိုယ်လုံးအထိ ပျံ့နှံ့လာပြီး သူ့တစ်ကိုယ်လုံးကို မီးတွင်းထဲပစ်ချလိုက်သလိုပင် အသားတွေရောသွေးတွေပါ လောင်ကျွမ်းနေသလို ခံစားလာရသည် ။
" အားးး !!! " ကြမ်းပေါ်တွင် လူးလှိမ့်ရင်း သူ့ကိုလောင်ကျွမ်းနေသော 'မီးတောက်´အား ဖယ်ရှားပစ်နေပါသော်လည်း သူ့တစ်ကိုယ်လုံးကို မီးမြှိုက်ခံနေရသည့်ခံစားချက်ကြီးက ပျောက်မသွားပါ ။
YOU ARE READING
[ BL ] ကျေးလက်သို့ အပြန်
Historical FictionBack To The Countryside [ Myanmar Translation ] Author - 北冥魑 Original publisher - jjwxc Associated names - 归隐乡野 Status in COO - 96 Chapters + 2 Extras ( total = 98 Chapters ) Disclaimer - I don't own any parts of this story ! All credits go to Auth...