အပိုင်း - ( ၃၇ ) နှလုံးခုန်သံ

2.4K 355 12
                                    

ရွှီဟွာ ယနေ့တွင် မြစ်ထဲမှ ငါးနှစ်ကောင်မိလာပြီး အတော်လေးလည်းကြိိီးသဖြင့် တစ်ကောင်ကို အဖေ့အတွက် စွပ်ပြုတ်ချက်ပေးရန် ထားထားလိုက်ပြီး ကျန်တစ်​ကောင်ကို ဟယ်လင်းတို့အိမ်သို့ ယူသွားပေးလိုက်သည် ။

ချီယွဲ့ပေးသည့်ဆေးကို သောက်ပြီးနောက်တွင် သူ့အဖေက အတော်လေးသက်သာလာပြီး ထမင်းတစ်ပန်းကန်၀က်စာထက်ပင် ပိုစားနိုင်လာပြီဖြစ်ကာ ခြံ၀င်းထဲ၌လည်း လမ်းလျှောက်နိုင်နေလေပြီ ။ သူ တကယ်ကိုပျော်နေမိသည် !

သူတို့မိသားစုက ဆင်းရဲသောကြောင့် ဘာမှပြန်မပေးနိုင်သဖြင့် ကောင်းသည့်အရာတစ်ခုခုရလာပါက သူတ်ို့ကို ကျေးဇူးတင်သည့်အနေဖြင့် သွားပေးရုံသာရှိသည် ။

ဟယ်လင်းတို့တံခါးရှေ့သို့ရောက်သောအခါ မြင်းလှည်းတစ်စီးရပ်ထားသည်ကို ရွှီဟွာတွေ့လိုက်ရပြီး ဘေးတွင်လည်း အစေခံကောင်လေးတစ်ဦးနှင့် ကောင်မလေးတစ်ယောက်တို့လည်း ရှိနေပေသည် ။ ဟယ်လင်းတို့၏မြင်းလှည်း လုံး၀ ဖြစ်နိုင်ပေ ။

ဧည့်သည်တွေရောက်နေတာများလား ။ ရွှီဟွာ ခြေလှမ်းများကို ရပ်တန့်လိုက်မိသည် ။ သူတ်ို့က ဧည့်သည်တွေကို ဧည့်ခံနေတာသာဆ်ို သူသွားလိုက်ပါက အနှောင့်အယှက်ဖြစ်သွားတော့မှာ မဟုတ်ဘူးလား ။

ရွှီဟွာလည်း တွေဝေနေပြီးနောက်တွင် လှည့်ပြန်ရန်ပြင်လိုက်သော်လည်း ချီယွဲ့တို့အိမ်တံခါးက အထဲမှပွင့်သွားလေ၏။

" ဟွာကောအာ ဘာကိစ္စရှိလို့လဲ " ရွှီဟွာရပ်နေသည်ကို တံခါးကြားမှနေ လှမ်းမြင်လိုက်၍ ဟယ်လင်းက တံခါးကိုဖွင့်လိုက်တာဖြစ်သည် ။

မပြန်ခင် ယူလာသောအရာကို ပေးခဲ့သင့်၍ ရွှီဟွာလည်း လက်ထဲမှငါးကို မြှောက်ပြလိုက်သည် ။ " မနက်တုန်းက ငါးနည်းနည်းမိလာလို့ မင်းဆီလာပို့တာ "

" ဘာလို့ လာပေးရတာလဲ ၊ ကျွန်တော့်ဆီမှာ မလစ်ဟင်းနေဘူးလေ ၊ ဦးလေးရွှီရဲ့ ခန္ဓာကိုယ်ကို အားဖြည့်ရအောင်ပဲ သိမ်းထားလိုက်ပါ " သူတို့အိမ်၌ အစားအသောက်ပေါင်းစုံရှိနေသလို ချီယွဲ့က သူ့ခန္ဓာကိုယ်ကို အားဖြည့်ပေးမည့် အစားအသောက်များကိုပါ  ပြင်ဆင်ပေးနေသေးလေသည် ။

[ BL ] ကျေးလက်သို့ အပြန် Where stories live. Discover now