အပိုင်း - ( ၄ ) ဟယ်လင်း

2K 285 1
                                    

ချီယွဲ့သည် အကြောင်းတစ်ခုခုရှိ၍ ဖြစ်မည်မှန်း သိသော်လည်း သူနှင့် မဆိုင်သဖြင့် ၀င်ရောက်ဆွေးနွေးခြင်း မပြုတော့ဘဲ ပြန်ရန်သာ နှုတ်ဆက်လိုက်သည်။ " အခုမှ မြို့ကပြန်လာတာမို့ ကျွန်တော် နည်းနည်းပင်ပန်းနေလို့ ဒေါ်လေးတို့ကို အဖော်ပြုပြီး စကားမပြောပေးနိုင်တော့ပါဘူး။ ကျွန်တော့်ကို သွားခွင့်ပြုပါဥ်ိီး။ "

အမျိုးသမီးတစ်စုသည်လည်း သူ့ကို ဆွဲမထားတော့ဘဲ မြန်မြန်ပြန်ကာ နားလိုက်တော့ ၊ နောက်တစ်ခါမှ ဆက်ပြောကြတာပေါ့ ဟုဆိုသည်။

ချီယွဲ့ မြင်းပေါ်သို့ ပြန်တက်လိုက်ကာ ခေါင်းညွတ်၍ နောက်တစ်ခါ နှုတ်ဆက်လိုက်ပြီးနောက် မုယန်အား ခေါင်းပုတ်ပေးလိုက်ကာ အိမ်သို့နှင်လိုက်တော့သည်။

ရွာ၏ ရေတွင်းရှေ့မှ ဖြတ်သွားသည့်အခါ ချီယွဲ့သည် ပိန်ပါးပါးကိုယ်လေးတစ်ခုက ရေတွင်း၌ ရေဆွဲနေသည်ကို တွေ့လိုက်ရသည်။ ချောမောလွန်းသည့် ထိုမျက်နှာလေး၏ ပိုင်ရှင်သည် သူတားကာ လမ်းမေးခဲ့စဥ်က တွေ့ခဲ့သည့် ကောလေးပင်ဖြစ်သည်။

ထိုကောင်လေးသည် ခဲရာခဲဆစ် ရေဆွဲလိုက်ကာ ယူလာသည့် ရေပုံးများကို ရေဖြည့်လိုက်ပြီးနောက် တံပိုးတွင်ချိတ်လိုက်ကာ ပုခုံးပေါ်တင်လိုက်သည်။ ထို့နောက် ယိုင်နဲ့နဲ့ဖြင့် ထရပ်ကာ ခေါင်းမော့လာသဖြင့် ချီယွဲ့နှင့် အကြည့်ချင်းဆုံသွားတော့သည်။

ချီယွဲ့ ပြုံးပြလိုက်ကာ ဇာတ်ကြိုးကိုဆွဲ၍ မုယန်အား ရပ်စေလိုက်ပြီး လှမ်းမေးလိုက်သည်။ " ကူညီပေးရမလား။ "

လူငယ်လေးသည် မမျှော်လင့်ထားပဲ သူ့ကိုတွေ့လိုက်၍ပဲလား သို့မဟုတ် သူကအကူအညီပေးမည်ဆိုသည်ကိုပဲ မထင်မှတ်ထား၍လားတော့မသိ ချီယွဲ့ကိုသာ ကြောင်​တောင်တောင်လေး စိုက်ကြည့်နေလေသည်။ ပြီးနောက် ချီယွဲ့၏ အမေးကို ပြန်မဖြေပါဘဲ ခေါင်းငုံ့သွားပြန်ကာ တံပိုးမှကြိုးများကို လက်ဖြင့်ကိုင်ရင်း ယိုင်တိုင်တိုင်ဖြင့် ထွက်သွားတော့သည်။

ချီယွဲ့ နည်းနည်းလောက် ရယ်လိုက်မ်ိသည်။ ထို့နောက် မြင်း၏ဗိုက်အား ခြေဖြင့်တို့လိုက်ကာ ဆက်၍ သွားစေလိုက်သည်။ " ထွက်ပြေးသွားတာ နှစ်ခေါက်ရှိနေပြီ ! "

[ BL ] ကျေးလက်သို့ အပြန် Where stories live. Discover now