အပိုင်း - ( ၆၀ ) အသိပေးလိုက်ပြီ

1.6K 170 6
                                        

အိမ်ထဲသို့ရောက်သည်နှင့် ဟယ်လင်း ချီယွဲ့၏လည်တိုင်ထက်သို့ တင်းတင်းကြပ်ကြပ် ဖက်တွယ်လိုက်ကာ သူ့မျက်နှာအား တစ်ဖက်လူ၏ပုခုံးထက်တွင် အပ်ထားလိုက်မိတော့သည် ။ တစ်ချိန်လုံးထိန်းထားခဲ့ရသော မျက်ရည်များကလည်း ကျဆင်းလာသဖြင့် ကော်လာစကို ရွှဲစိုသွားစေတော့သည် ။

ချီယွဲ့ ဟယ်လင်းမား ခါးမှနေကောက်ပွေ့ကာ အိမ်ထဲသို့ ချီခေါ်သွားလိုက်ပြီး ခုံတွင်၀င်ထိုင်လိုက်ကာ ကျောကိုပုတ်ပေးရင်း ခံစားချက်များကို ဖွင့်ထုတ်ခွင့် ပေးထားလိုက်သည် ။

သူ့ဖုလန်လေးက ဒီနေ့ ဘာတွေများကြုံခဲ့ရလို့ မထိန်းချုပ်နိုင်ဘဲ ဖြစ်သွားရသည်ကို သူ မသ်ိပါ ။ ထိုသို့ဖြစ်ဖူးသည်က သူတို့လက်ထပ်စဥ်အခါကသာ ရှိခဲ့ဖူးသည့်အတွက် နောက်ကျရင် ဒီကိစ္စကိုပြန်ပေးဆပ်စေရမည်ဟု စိတ်ထဲတွင် တေးထားလိုက်တော့သည် ။

ဟယ်လင်းက ခဏကြာ ငိုကြွေးပြီးနောက် တစ်ရှုံ့ရှုံ့ငိုနေရင်း ခေါင်းမော့လာသဖြင့် ချီယွဲ့ မျက်နှာပေါ်မှမျက်ရည်များကို ဂရုတစိုက် သုတ်ပေးလိုက်နိုင်သည် ။ ထို့နောက် ဟယ်လင်းက နှာသံလေးဖြင့် ပြောလာလေသည် ။ " ကျွန်တော် ဒီနေ့သိလာရတာရှိတယ် အမေ့ရဲ့အကြောင်းကိုလေ "

ချီယွဲ့၏လက်က တန့်လို့သွားသည် ၊ ဆိုတော့ ၀မ်းနည်းနေတာက ဒါနဲ့ပတ်သက်နေတာလား ။ သို့ဖြစ်၍ ပြန်မေးလိုက်သည် ။ " ဘာအကြောင်းမို့လဲ "

ဟယ်လင်း တစ်ဖက်လူ၏ရင်ဘတ်ပေါ် မှီချလိုက်ကာ အားပြင်းကာစည်းချက်မှန်သော နှလုံးခုန်သံကိုနားထောင်ရင်း စိတ်အေးအောင်လုပ်ကာ ဟယ်ထျန်းနှင့်အဒေါ်ချန်တို့ ပြောနေကြသည်များကို ပြန်ပြောပြလိုက်သည် ။

ထိုကောင်လေး ၀မ်းနည်းနေသည်မှာ မထူးဆန်းတော့ချေ ။ ဆယ်နှစ်ကျော်ကြာ ကိုယ်က ဒေါ်လေးလို့ခေါ်လာတဲ့သူက မိခင်အရင်းရဲ့သေဆုံးမှုအတွက် တာ၀န်ရှိနေသည်ဟု သိလိုက်ရသော ဘယ်သူမဆို ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့သွားမှာပဲဖြစ်သည် ။ အားလင်းက သူတို့အပေါ် သံယောဇဥ်နည်းနည်းပဲရှိလို့သာ တော်သေးတာပေါ့ ၊ မဟုတ်ရင် ပိုပြီး စိတ်ထဲနာကျင်ရတော့မှာ ။

[ BL ] ကျေးလက်သို့ အပြန်Место, где живут истории. Откройте их для себя