အပိုင်း - ( ၇ ) ကံကြမ္မာ

1.8K 269 3
                                    

ထို့နောက်ပိုင်းတွင်လည်း ချီယွဲ့သည် လယ်ထွန်ရင်းဖြင့် အလုပ်များနေသောကြောင့် အချိန်အများစုအား လယ်ထဲ၌သာ ကုန်ဆုံးနေရသည်။ ဟယ်လင်းကိုတော့ သူ လုံး၀ ထပ်မတွေ့ဖြစ်တော့ ။ ပြောရရင် လယ်အားလုံးက ဘေးချင်းကပ်နေကြသည်မှ မဟုတ်ဘဲ ။

ထိုအစား ဟယ်ကျန့်နှင့်တော့ မကြာခဏတွေ့နေရ၏ ။ ထိုကောင်လေး၏ ရည်ရွယ်ချက်မှာ သိသာလွန်းသဖြင့် ငတုံးတစ်ယောက်မဟုတ်သော ချီယွဲ့ သဘောပေါက်ပေသည်။

နွေဦးရာသီ သီးနှံရိတ်သိမ်းချိန်ပြီးတော့မှသာ ရွာသားများလည်း အနားရကာ တစ်ခါတစ်ရံမှသာ လယ်ထဲသို့ သွား၍ စစ်ဆေးရန်လိုအပ်ပြီး တစ်နေ့လုံး လယ်ထဲ၌ နေရန်မလိုအပ်တော့ပေ ။ သို့ဖြစ်၍ အနားယူကာ စကားပြောစရာအချိန်များလည်း ပိုနေကြလေသည်။

သို့သော်လည်း ထိုအရာများက ဟယ်လင်းနှင့်တော့ မသက်ဆိုင်ပါ ။

နေ့စဥ်နေ့တိုင်း လက်နဲ့မပြတ် အလုပ်များကို လုပ်နေရဆဲပင် ဖြစ်၏ ။ ယနေ့တွင်လည်း အစဥ်အလာမပျက်ပါ ။ အ၀တ်များ လျှော်ဖွပ်ကာ လှန်းပြီးနောက်တွင် ထင်းခုတ်ဓားနှင့် ကြိုးတစ်ချောင်းကိုယူကာ တောင်ပေါ်သို့ သွားရဦးမည်ဖြစ်၏ ။ အိမ်ရှိ ထင်းများအားလုံးမှာ ကုန်တော့မည်ဖြစ်သဖြင့် သွားခုတ်တော့မှ ဖြစ်ပေမည်။ မဟုတ်ပါက ညစာပြင်ဆင်ရန် နောက်ကျသည်ဟုဆိုကာ အဆူခံရချေဦးမည် ။

ဟယ်လင်းမှာ အားမသန်သူဖြစ်သဖြင့် တစ်ခါတည်းနှင့် အများကြီးမသယ်နိုင်သောကြောင့် ခေါက်တုံ့ခေါက်ပြန် အကြိမ်ပေါင်းများစွာ သယ်မှသာ နှစ်ရက်သုံးရက်စာ သုံးရန်ထင်းများကို ရတာဖြစ်သည်။ သို့ဖြစ်၍ ယူရသည့်အချိန်မှာလည်း ကြာသဖြင့် အဒေါ်ချန်က သူ့ကို တောင်ပေါ်မှာ အလေလိုက်နေတာလားဟု ဆူပူတက်ပြန်သည်။

ဟယ်လင်း ပြန်၍လည်း ခုခံမငြင်းနိုင်ပါ။ ပြန်ငြင်းလိုက်ပါက ပို၍ပင် အဆူခံရမည်မှာ သေချာနေသဖြင့်ပင် ။

ဟယ်လင်း ငုတ်တုပ်ထိုင်လိုက်ကာ အခုလေးတင် ခုတ်ပြီးသွားသော ထင်းများကို ကြိုးဖြင့်ချည်လိုက်ပြီး ကျောပေါ်သို့ တင်လိုက်သည်။ မကြာခင် ပြီးတော့မှာပါ ။

[ BL ] ကျေးလက်သို့ အပြန် Onde histórias criam vida. Descubra agora