ဟယ်လင်း ဟယ်ကျန့်၏ အခန်းမှပြန်ထွက်လာကာ အ၀တ်အိတ်ကို သူ့အိပ်ခန်းထဲတွင် ထားခဲ့လိုက်ပြီးနောက် မီးဖိုချောင်ထဲမှ ရေပုံးကိုယူပြီး အိမ်မှထွက်လာခဲ့လိုက်သည်။
ယခုအချိန်၌ အပြင်တွင် အတော်လေးမှောင်နေလေပြီ ။ ရွာသာများတော်ရုံ အပြင်မထွက်ကြသည့်အချိန် ဖြစ်သောကြောင့် လမ်းမထက်၌ လူသူကင်းမဲ့နေ၏ ။ ဟယ်လင်း ရေပုံးကိုဆွဲကာ ရွာလယ်မှရေတွင်းသို့ သွားလိုက်သည်။ တော်သေးသည်က လရောင်သည် ယခင်နေ့များထက် ပို၍တောက်ပနေသဖြင့် လမ်းကို ကောင်းကောင်းမြင်ရလေသည်။
ဟယ်လင်း ရေပုံးကိုချကာ ရေတွင်းမှကြိုးကို ဆွဲယူလိုက်ပြီး ရေပုံးကိုချိတ်၍ ရေတွင်းထဲသို့ ပြန်ချလိုက်သည်။ တိတ်ဆိတ်နေသည့် ညအချိန်၌ သစ်သားကြားမှ ရေပုံးကြိုး လျှောကျသွားသည့်အသံကို ရှင်းလင်းစွာကြားနေရ၏ ။
ရေပုံးက ရေတွင်းထဲမှ ရေနဲ့ထိသွားသည့်အခါ ကြိုးကိုလှုပ်၍ ရေပုံးထဲသို့ ရေများ၀င်လာစေရန် လုပ်လိုက်သည် ။ ပြန်ဆွဲတင်သည့်အခါ၌ ရေပုံးထဲမှ ရေများ၏အလေးချိန်ကြောင့် ပထမအကြိမ်ကထက် အနည်းငယ် ပို၍ကြာနေလေသည်။
" ဟယ်လင်း? "
တစ်စုံတစ်ယောက်က သူ့နာမည်ကို ခေါ်လိုက်သဖြင့် ဟယ်လင်း လုပ်လက်စကိုရပ်ကာ လှည့်ကြည့်လိုက်သည့်အခါ မျက်နှာကိုသေချာမမြင်ရနိုင်သည့် အကွာအဝေးတစ်ခုတွင် ရှိနေသော ယောက်ျားတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုလူက တဖြည်းဖြည်း ဆက်လျှောက်လာမှသာ ဟယ်လင်း ဘယ်သူဘယ်၀ါမှန်း သေချာသိတော့သည်။ " လင်းရှန့်တာ့ကော ? "
လင်းရှန့်က ဟယ်လင်းနားသို့ လျှောက်လာလေသည်။ သူက ၀မ်ထဲ့ရှန်တို့အိမ်မှ ပြန်လာတာဖြစ်ပြီး ကြာနေပြီဖြစ်သောကြောင့် အိမ်သို့ သုတ်ခြေတင်ကာ ပြန်နေတာဖြစ်သည်။ မမျှော်လင့်ဘဲ ရွာရေတွင်းဘေးမှ ဖြတ်သွားစဥ် တစ်စုံတစ်ယောက် ရေဆွဲနေတာကို တွေ့လိုက်တာဖြစ်၏ ။ " ညနက်နေပြီလေကွာ ၊ ဒီအချိန်ကြီးမှ ဘာလို့ရေလာဆွဲနေတာလဲ ။ "
" အိမ်မှာ ရေကုန်သွားလို့ နည်းနည်းလောက် လာခပ်တာပါ ။ " ဟုဆိုကာ ဟယ်လင်းသည် ခပ်ဖွဖွပြုံးပြပြီးနောက် လုပ်လက်စကို ဆက်လုပ်လေသည်။
YOU ARE READING
[ BL ] ကျေးလက်သို့ အပြန်
Historical FictionBack To The Countryside [ Myanmar Translation ] Author - 北冥魑 Original publisher - jjwxc Associated names - 归隐乡野 Status in COO - 96 Chapters + 2 Extras ( total = 98 Chapters ) Disclaimer - I don't own any parts of this story ! All credits go to Auth...