အပိုင်း - ( ၅၂ ) စကား၀ိုင်း

1.2K 173 13
                                    

သခင်ကြီးကျန်းက သူတို့၀ိုင်းရှေ့၌ ရပ်လိုက်ပြီးနောက် လက်နောက်ပစ်ထားရင်း မေးလို့လာသည် ။ " မိတ်ဆက်မပေးတော့ဘူးလား "

ထိုအခါမှ ကျန်းယွဲ့ဖုန်းမှာ အသိပြန်၀င်လာကာ စားပွဲထိုးလေးအား နောက်ထပ်ခုံတစ်လုံးနှင့် ပန်းကန်များ ထပ်ယူလာပေးရန် စေခိုင်းလိုက်ရသည် ။ ပြီးမှသာ အဖေဖြစ်သူနှင့် အားလုံးကို မိတ်ဆက်ပေးလိုက်ပြီး ပြန်မေးဖြစ်လိုက်လေသည် ။ " အဖေ ဘာလို့ ဒီရောက်လာတာလဲ "

ကျန်းသခင်ကြီးက စီးပွားရေးလုပ်လာသည်မှာ နှစ်များစွာကြာပြီဖြစ်၍ အမြင်စူးရှလေသည် ။ တစ်ချက်နှစ်ချက်ကြည့်လိုက်ရုံဖြင့် လူတစ်ယောက်၏ စရိုက်သဘာ၀အား သူ အကဲခတ်နိုင်သော်ငြား ချီယွဲ့ဟူသည့် လူငယ်လေးက်ိုတော့ သူ ထိုးဖောက်၍မမြင်နိုင်နေပါ ။ ကြည့်ရတာ သူ့သားတော့ သူငယ်ချင်းကောင်းရပြီး ကံကောင်းပြီထင်သည် ။

ထို့နောက် ရွှီဟွာထံ လှည့်ကြည့်လိုက်သည် ။ ဒီကောလေးက သိပ်ကို နားလည်ရလွယ်လွန်းလေသည် ၊ သူ့ကိုမြင်သည့်အခါ လွန်စွာစိတ်လှုပ်ရှားနေပြီး ခါးကိုမတ်ကာ တောင့်တောင့်ကြီး ထိုင်နေလေ၏။ သို့သော်လည်း သူ့အား ကပ်ဖားလျက်ဖား လုပ်နေခြင်းမရှိပါဘဲ သာမန်လူကြီးတစ်ဦးကို နှုတ်ဆက်သည့်အတိုင်း ဦးညွတ်ပြ၍သာ နှုတ်ဆက်လာလေသည် ။

သူ့သားက အမြင်မဆိုးတာတော့ သေချာတယ် ၊ ထိုကောလေးက တကယ်ကို အပြုအမူကောင်းများ ရှ်ိနေလေသည် ။ သူတို့ ကျန်းမိသားစုကို ၀င်ဖို့ဆိုရင် ကျိန်းသေပေါက်ကို ဒီလိုပဲ ဖြစ်နေရမှာပေါ့ ။ " ထမင်းစားဖ်ို့လာတာလေ ၊ ပြီးမှ တာ၀န်ခံဆီကနေ မင်းလည်းရောက်နေတယ်လို့ကြားလို့ တစ်ချက်လာကြည့်တာ "

သူ့ထံမှ အကြည့်လွှဲသွားမှသာ ရွှီဟွာ မသိမသာလေး သက်ပြင်းချလိုက်မိသည် ။ ကျန်းယွဲ့ဖုန်း၏ သူ့အပေါ်တွင် ထားရှိသော ခံစားချက်များကို ဒီနေ့မှသာ သိလိုက်ရရုံရှိသေးသည် ။ တစ်ဖက်လူ၏မိသားစုမှ အကြီးအကဲနှင့် ဆုံလိုက်ရသဖြင့် သူ့ရင်ထဲ၌ မသက်မသာ ဖြစ်နေမိလေသည် ။

" တိုက်ဆိုင်လိုက်တာနော် ၊ တိုက်ဆိုင်လိုက်တာ ! " ကျန်းယွဲ့ဖုန်း ပြောနေရင်း အဖေဖြစ်သူအား ကြက်စွပ်ပြုတ်တစ်ပန်းကန် ခပ်ထည့်ပေးလိုက်သည် ။ သို့သော် သူ သဘောပေါက်လေသည် ၊ သူ့အဖေက ရွှီဟွာနှင်သူ့အကြောင်းအား သိပြီးသားဖြစ်ပေလိမ့်မည် ။ သူ့အမေက ပြောပြထား၍ ပြဿနာတော့ ရှာလောက်မည် မဟုတ်ပါသော်ငြား ရွှီဟွာအတွက် ခက်ခဲသွားစေရန် တစ်ခုခုပြောလိုက်မည်ကို သူ စိုးရိမ်နေမိသေးလေသည် ။

[ BL ] ကျေးလက်သို့ အပြန် Where stories live. Discover now