အပိုင်း - ( ၆၁ ) ရူးသွားပြီ

1.5K 164 4
                                        

အမြဲလိုလို ပြဿနာတက်နေသော ဟယ်မိသားစု၌ နှစ်ရက်ကြာပြီးနောက်တွင် နောက်ထပ်ကိစ္စတစ်ခု ဖြစ်ပွားပြန်သည် ။ ဒီတစ်ခါတော့ တစ်ရွာလုံးအုတ်အော်သောင်းနင်းဖြစ်သွားရကာ ရွာသူကြီးသာမကပါဘဲ မြို့မှအရာရှိပင် ရောက်လာရသည်အထိ ဖြစ်သွားလေ၏ ။

သူတို့၏ချွေးမကြီး ချွေးမလျိုသည် လွန်ခဲ့သည့်ရက်အနည်းငယ်တုန်းက မူးလဲသွားခဲ့သဖြင့် သမားတော်လီအား သွေးခုန်နှုန်းစမ်းပေးရန် တောင်းဆိုခဲ့ကြလေသည် ။ သူမက နှစ်လကျော်ခန့် ကိုယ်၀န်ရှိနေတာဖြစ်ပြီး ရက်များကိုတွက်ကြည့်လိုက်ပါက ဘယ်သူ့ကလေးကိုလွယ်ထားရမှန်း သိသာလှပေသည် ။

သို့သော် ဇာတ်လမ်းက ထိုနေရာ၌ဆုံးမသွားချေ ။ ချွေးမလျိုက ဟယ်ကွေ့ကလေးကို လွယ်ထားရသည်ဟူသော သတင်းကြောင့်လားတော့မသိ ချွေးမကျန်းက ရုတ်ချည်း ရူးသွပ်သွားခဲ့ကာ မီးဖိုချောင်သုံးဓားကိုယူ၍ ထိုနှစ်ယောက်အား လိုက်ခုတ်လေတော့သည် ။

ချွေးမလျိုက လည်ပင်းတွင် အခုတ်ခံလိုက်ရကာ ပွဲချင်းပြီးအသက်ဆုံးရှုံးလိုက်ရပြီး ဟယ်ကွေ့ကတော့ ကံကောင်းကာ ပေါင်ကိုသာ ခုတ်မိသွားလေသည် ။ သွေးထွက်များနေသော်ငြား အသက်အန္တရာယ်တော့ မရှိပါ ။

ရွာသူကြီးက သတင်းကြားပြီး အပြေးအလွှား သွားကြည့်လိုက်သည့်အခါ အခန်းထဲ၌  ချင်းချင်းနီနေသောသွေးများကို မြင်လိုက်ရတော့သည် ။ သူတို့တွေက သာမန်လူတွေပဲမို့ ဒီလိုသွေးထွက်သံယိုမြင်ကွင်းမျိုးကို အရင်က ဘယ်မြင်ဖူးပါ့မလဲ !

ချွေးမကျန်းကိုတော့ အိမ်နီးနားချင်းများ၏အကူအညီဖြင့် ကြိုးချည်ထားလိုက်နိုင်ပြီး ပါးစပ်ထဲတွင် အ၀တ်စို့ထားလိုက်နိုင်သည် ။ သို့သော် သူမ၏သွေးမျက်၀န်းများက အဒေါ်ချန်လက်ထဲတွင်ရှိနေသော ဟယ်ကွေ့ကိုသာ စိုက်ကြည့်နေလေ၏ ။ သူမကိုကြည့်ရသည်မှာ ထိုသူအား နှစ်ချက်လောက် ထပ်ခုတ်ပစ်လိုက်ချင်နေသည့် ပုံမျိုးပါပင် ။

ဟယ်ထျန်းကတော့ မြေကြီးပေါ်တွင်သာ ငူငူငိုင်ငိုင်ကြီးထိုင်နေပြီး အသိစိတ်ပျောက်သည်အထိ ထိတ်လန့်သွားပုံရှိသည် ။ သူ့ရှေ့တွင်တော့ အသက်ပျောက်နေပြီဖြစ်သည့် ချွေးမလျိုက လှဲလျက်သားရှိနေသည် ။ ထိုသူက သူမ၏ဒဏ်ရာများအား ဖုံးဖိထားပေးရန် ကြိုးစားခဲ့ပါသော်ငြား သူမကိုတော့ အသက်ရှင်အောင် မလုပ်ပေးနိုင်တော့ပါ ။

[ BL ] ကျေးလက်သို့ အပြန်Donde viven las historias. Descúbrelo ahora