အပိုင်း - ( ၅၅ ) ပြန်လာခြင်း

709 127 6
                                    

နွေရာသီ၏ ပူပြင်းလှသောဥတုကြောင့် လူအများအား လေးလံထိုင်းမှိုင်းလို့နေစေသည် ။ အထူးသဖြင့် ဟယ်ကျန့်မှာ ကျန်းယွဲ့ဖုန်းနှင့်ရွှီဟွာက စေ့စပ်ထားတာ တစ်လကျော်ကြာနေပြိီဟု သိလိုက်ရသည့်အချိန်တွင် သူ့လက်ထဲရှိ ပိုးသားလက်ကိုင်ပု၀ါလေးအား တစ်စစီဆွဲစုတ်ပစ်မိတော့မလိုပင် ဖြစ်သွားတော့သည် ။

ကျန်းယွဲ့ဖုန်း၏အမေက ရင်ဆိုင်ရမလွယ်လောက်ဟု သူ အရင်တုန်းက ထင်ထားခဲ့တာဖြစ်ပြီး ရွှီဟွာလိုကောတစ်ယောက်အား သူမက လုံး၀ထည့်စဥ်းစားမည်မဟုတ်ဟု ထင်ထားခဲ့တာလည်းဖြစ်သည် ။ သူမက ရွှီဟွာအား လက်ဖျောက်တစ်ချက်အတီးမှာပဲ ဖြေရှင်းပစ်လိုက်လိမ့်မည်ဟု တွေးထင်ထားခဲ့တာဖြစ်သည် ။

သို့သော် ရလဒ်က သူတွေးထားသည်နှင့် လွန်စွာကွဲပြားနေမည်ဟုတော့ သူ ထင်မထားခဲ့ပါ ။ ဘာလို့ သူတို့နှစ်ယောက်ကကြ ယောက်ျားကောင်းတွေနဲ့ လက်ထပ်နိုင်ကြရတာလဲ ။ သူကြတော့ သေခါနီးအဖိုးကြီးကို အတင်းဟန်လုပ်ပြီး ပြုံးပြနေရတဲ့အချိန်မှာလေ ?

" မတ်လေးကိုကြည့်ရတာ နေသိပ်မကောင်းတဲ့ပုံပဲနော် ၊ ပူလို့လား " ချွေးမလျိုက သားဖြစ်သူကိုချီကာ ခုံတွင်ထိုင်နေရင်း စိတ်ပူနေသလို လှမ်းမေးသော်လည်း သူမ၏မျက်နှာထက်ရှိ တစ်ပါးသူဒုက္ခရောက်နေသည်ကို ၀မ်းသာနေသောအမူအရာကိုတော့ ဖုံးကွယ်လို့မထားနိုင်ပေ  ။

သူမကို မော့ကြည့်လိုက်သည့်အခါ တစ်ဖက်သူ၏ဆံပင်ထက်ရှိ ငွေဆံထိုးအား မြင်လိုက်ရသည့်အတွက် ဟယ်ကျန့် ပို၍အမြင်ကပ်သွားမိတော့သည် ။ ထိုသည်က မာမိသားစုပို့ပေးလိုက်သော ရတနာသေတ္တာလေးထဲမှ ဖြစ်လေသည် ။ အဒေါ်ချန်က ချွေးမလျိုအား ထိုဆံထိုးကိုပေးခဲ့ပြီး ချွေးမကျန်းကိုတော့ လက်ကောက်တစ်ကွင်း ပေးခဲ့လေသည် ။ ကျန်ဆံထိုးကိုတော့ သူ မာမိသားစုကိုပြလို့ရအောင် ချန်ထားပေးခဲ့ပြီး ကျန်သည့်အရာအားလုံးကိုတော့ သူမအတွက်ဆိုပြီး ယူသွားခဲ့တာဖြစ်သည် ။

" မဟုတ်ဘူးလား ၊ မပူလို့လား ၊ ဒါပေမယ့် မရီးကတော့ တစ်နေ့လုံး တစ်ယောက်တည်းဆိုတော့ အေးနေမှာပဲနော် ၊ ဟုတ်တယ်မလား " ဟယ်ကျန့် နှာမှုတ်လိုက်ရင်း တစ်ချိန်တည်းမှာပဲ ဟယ်ဖူအား အခန်းသော့ပိတ်ထားသည့် တစ်ချိန်က ဟယ်လင်း၏အခန်းဖြစ်ခဲ့သောနေရာသို့ မျက်စိထောင့်ကပ်ကာ ကြည့်ပြလိုက်သည် ။

You've reached the end of published parts.

⏰ Last updated: Aug 24 ⏰

Add this story to your Library to get notified about new parts!

[ BL ] ကျေးလက်သို့ အပြန် Where stories live. Discover now