ကျန်းယွဲ့ဖုန်း သိသိသာသာကို တုန်ယင်သွားမိကာ ဘေးသို့ ခြေနှစ်လှမ်းဆုတ်လိုက်ရင်း ရင်ထဲတွင်လည်း ၀မ်းသာသွားမိတော့သည် ။ တော်သေးလို့ သူ ဟယ်လင်းနဲ့ ပထမဆုံးဆုံဖူးတုန်းက စကားလေးပဲသွားပြောပြီး လွန်လွန်ကျူးကျူး ဘာမှမလုပ်ခဲ့လို့ ၊ မဟုတ်ရင် သူ ဒီလောက်ထိ 'အကောင်းတိုင်းကြီး´ ရှိနေမှာမဟုတ်လောက်တော့ဘူး ။
ရုတ်တရက် သူ ဟွာကောအာကို သတိရလာမိကာ ပြန်သွားပြီး ဖက်ထားပစ်လိုက်ချင်တော့သည် ။ ဒီလိုကြောက်စရာကောင်းတဲ့လူကြီးဘေးမှာနေရတာက သည်းမခံနိုင်စရာပဲ ။
" ဒီအဆိပ်ပြင်းတဲ့မိန်းမကတော့ ! ညည်း ငါ့သားကို ဘာလို့ ဒီလိုဖြစ်အောင် လုပ်လိုက်ရတာလဲ " သားဖြစ်သူက နောင်တွင် ဒုက္ခိတဖြစ်သွားတော့မည်ဟု တွေးမိသည့်အခါ အဒေါ်ချန်မှာ မနေနိုင်တော့ဘဲ ချွေးမကျန်းအား ဆူပူမိတော့သည် ။
ချောင်တွင် ကြိုးတုပ်ခံထားရသော ချွေးမကျန်းက သူမနှင့် အကြည့်ချင်းဆုံလာလေသည် ၊ သူမ၏ပါးစပ်အား အ၀တ်ဖြင့်ဆို့ထားသော်ငြား ခြောက်ကပ်ကပ်ရယ်သံက လည်ချောင်းထဲမှ ထွက်လာနေသေးပေ၏ ။ တစ်ကိုယ်လုံးလည်း တုန်ယင်လ်ို့နေပြီး မျက်၀န်းများအတွင်းရှိ ရူးသွပ်မှုများကိုပါ မြင်နေရလေသည် ။ သူမက လုံး၀ကို ရူးသွပ်မှုများနှင့်ပြည့်နေပြီး ကြောက်မက်ဖွယ်ရာသွင်ပြင်နှင့် ဖြစ်လို့နေသည် ။
ထိုသို့မြင်လိုက်မှသာ အဒေါ်ချန်လည်း သူမက လူတစ်ယောက်အား ဓားဖြင့်ခုတ်ခဲ့သည့်သူဖြစ်ကြောင်းကို သတ်ိရသွားမိကာ ကြောက်လန့်သွားမိပြီး မျက်နှာပြန်လွှဲလိုက်၍ သားဖြစ်သူကိုဖက်ပြီးတော့သာ င်ိုနေလိုက်မိတော့သည် ။
ခန်းယွမ် ရုံးတော်ကနေပြန်လာချိန်တွင် နေတောင် အတော်မြင့်နေလေပြီ ။ ရုံးတော်အရာရှိများက ထိုမတော်တဆအကြောင်း ကြားသည့်အခါ ရွာလေးတစ်ရွာ၌ ထိုသို့ဖြစ်သွားခဲ့သည့်အတွက် အံ့သြမဆုံး ဖြစ်နေကြလေ၏ ။
ချွေးမကျန်းက အပြစ်ရှိကြောင်း သတ်မှတ်ခံလိုက်ရသည် ။ နစ်နာသူနှစ်ယောက်အနက် တစ်ယောက်ကသေသွားကာ တစ်ယောက်က သူမကြောင့် ထိခိုက်သွားခဲ့သောကြောင့်ပင် ။ သူမအားခေါ်သွားကြရမှာဖြစ်၍ ကြိုးများကိုဖြေကာ လက်ထိပ်ဖြင့်အစားထိုးလိုက်ပြီး နောက်ဆုံးစကားများကိုပြောရန် အ၀တ်ကိုပါ ဖယ်ပေးလိုက်ကြလေသည် ။
YOU ARE READING
[ BL ] ကျေးလက်သို့ အပြန်
Historical FictionDescription ကို Book အထဲမှာ ပြန်ရေးပေးထားပါတယ် ၊ ကော်ပီရိုက်ငြိမှာစိုးလို့ ဖျက်ထားတာပါ ~
![[ BL ] ကျေးလက်သို့ အပြန်](https://img.wattpad.com/cover/329399903-64-k243251.jpg)