အပိုင်း - ( ၃၈ ) 有喜

2.7K 338 16
                                    

[ 有喜 က အဓိပ္ပာယ်နှစ်မျိုး ရှိပါတယ် ၊ ထပ်ဆင့်ပျော်ရွှင်ခြင်း နဲ့ ကိုယ်၀န်ရှိခြင်း ဆိုတဲ့အဓိပ္ပာယ်တွေပါ ]

လင်းရှောင်းဟူ ကျောင်းမတက်ခင်တစ်ရက်အလိုတွင် လင်းမိသားစုသည် ဂုဏ်ပြုပွဲအသေးစားလေး ကျင်းပသောသဘောအားဖြင့် ချီယွဲ့နှင့် ဟယ်လင်းအား ညစာစားရန်ဖိတ်ခဲ့သည် ။

ဟယ်လင်းက လွယ်အိတ်လေးကို လက်ဆောင်ပေးလိုက်သောအခါ ရှောင်းဟူသည် ကျားရုပ်ပါသော လွယ်အိတ်လေးအား လက်ကမချတော့ပါဘဲ ချီယွဲ့ပေးသည့် လက်ဆောင်လေးမျိုးကိုမူ ပလစ်လို့ထားသည် ။

" မင်းရဲ့ဦးဦးက မင်းအတွက် အပင်ပန်းခံပြီး ချည်ထိုးထားရတာ သေချာဂရုစိုက်ရမယ်နော် " သားဖြစ်သူက မျက်လုံးများမှိတ်တော့မတတ် ပြုံးနေသည်ကိုကြည့်ရင်း ၀ူယွီလန် ခေါင်းကိုခပ်ဖွဖွ ပုတ်ပေးရင်းဆိုလိုက်သည်။

" သေချာပေါက်ပဲပေါ့ ၊ သားက ဘယ်သူ့ကိုမှ ပေးကိုင်မှာမဟုတ်ဘူး "  လင်းရှောင်ဟူက လွယ်အိတ်လေးကို ရင်ခွင်ပိုက်ရင်း ပြန်ဖြေသည်။

ထိုကလေး၏ စကားအပြောအဆိုပုံကို လူကြိိိီးများက သဘောကျနေကြကာ အိမ်ကိုပျော်ရွှင်စေသော လာဘ်ကောင်လေးဟုပင် ဆိုနေကြလေ၏။

ညစာစားနေရင်းဖြင့် ၀ူယွီလန်က သိပ်၍နေကောင်းပုံမရဘဲ သိပ်လည်းမစားသည်ကို ဟယ်လင်း သတိထားလိုက်မိသဖြင့် စိတ်ပူကာ မေးလိုက်မိသည်။ " မရီး နေမကောင်းဘူးလား "

၀ူယွီလန်က ခေါင်းခါပြသည်။ " မဟုတ်ပါဘူး ၊ ရာသီဥတုပူလာလို့ထင်တယ် ခံတွင်းသိပ်မတွေ့နေလို့ သိပ်မစားဖြစ်တာ "

" သူမ  ခံတွင်းမတွေ့တာက အခုတလော ပိုဆိုးလာတယ် ၊ မျက်နှာကလည်း သိပ်ပြီးကြည့်လို့ ကောင်းမနေသလ်ို ဖြစ်နေတာ " လင်းရှန့်က မျက်မှောင်ကြုံ့ကာ ပြောနေရင်းဖြင့် သူမ၏ပန်းကန်လုံးထဲသို့ ဟင်းထည့်ပေးလို့နေသည်။

" ကျွန်တော် မရီးကို သွေးခုန်နှုန်းစမ်းကြည့်ပေးရမလား " ချီယွဲ့ ၀ူယွီလန်ကိုတစ်ချက်ကြည့်လိုက်ပြိီးနောက် တူကိုချထားလိုက်သည်။

" ဟုတ်သား ၊ လူငယ်လေးချီက သမားတော်တစ်ယောက်ပဲဟာ ၊ ကြည့်ခိုင်းလိုက်ကြရအောင် " အဒေါ်ဖန်းက အိမ်ထောင်မှုကို ကောင်းကောင်းထိန်းသိမ်းနိုင်သော ချွေးမဖြစ်သူကို အလွန်ချစ်ခင်ပေးလေသည် ။

[ BL ] ကျေးလက်သို့ အပြန် Donde viven las historias. Descúbrelo ahora