ဟယ်လင်း၏ မူမမှန်နေမှုကို သတိထားမိလိုက်သဖြင့် ချီယွဲ့ ခေါင်းငုံ့ကာ ကြည့်လိုက်မိသည့်အခါတွင် ထိုကောင်လေး၏ မျက်နှာသည် ဖြူဖျော့လို့နေသဖြင့် မေးမှနေကိုင်ကာ ခေါင်းကိုမော့စေလိုက်သည်။ " အားလင်း ကိုယ် ဒီမှာရှိတယ်လေ "
ချီယွဲ့၏ မျက်၀န်းများကို မြင်မှသာ ဟယ်လင်းက အိပ်ရာမှနိုးလာသူနှယ် အသိပြန်ကပ်သွားပြီး မျက်လုံးများကိုမှိတ်ကာ ပြန်ဖြေပေးလာသည်။ " သူတို့က ကျွန်တော့်ကို လော့လိုင်ကျစ်ရဲ့အိမ်ကို ပို့လိုက်ကြတာ "
" သူက ဘယ်သူလဲ ၊ ဘာလို့ ပို့လိုက်ကြတာလဲ " ချီယွဲ့သည် ရွာရှိလူအားလုံးကို သိနေသည်အထိ အနေမကြာသေးပေ ။ လင်းရှန့်ကလည်း ထိုကဲ့သို့သော လူဆိုးလူယုတ်အကြောင်းကို ချီယွဲ့အား တကူးတက ပြောပြမထားသဖြင့် ချီယွဲ့ မသိသည်က မထူးဆန်းပေ ။
ဟယ်လင်း ချီယွဲ့၏လက်ကို ပြန်ဆုပ်ကိုင်၍ မျက်လွှာချထားလျက် ပြန်ဖြေလိုက်သည်။ " သူက ရွာထဲက လူမိုက်တစ်ယောက်ပါ ၊ သူတို့က ကျွန်တော့်ကို အဲ့လူရဲ့ ..... ယောက်ျားအဖြစ် ပေးလိုက်ကြတာ ..... "
ချီယွဲ့က မျက်နှာပျက်သွားသလို ဒေါသများလည်း ထွက်လာလေသည်။ သူ့ရင်ထဲရှိ ဒေါသမီးက မည်မျှထိကြီးနေသည်ကို ချီယွဲ့သာ သိပေလိမ့်မည် ။
ဟယ်လင်းက နှုတ်ခမ်းကို ကိုက်ထားပြီး မျက်လုံးများလည်း ရဲလာတော့သည်။ " ခင်ဗျားသာ ကျွန်တော့်ကို မေ့ဆေးပုလင်းလေး ပေးမထားခဲ့ဘူးဆိုရင် ကျွန်တော်တော့ ..... အခုလောက်ဆို ...."
" ရတယ် ရတယ် ... ဆက်မပြောနဲ့တော့နော် ! ကိုယ် သိပြီနော် " ချီယွဲ့ ကောင်ငယ်လေးအား ပွေ့ဖက်လိုက်ကာ ကျောလေးကို ပွတ်သပ်ပေးလိုက်သည်။ ဟယ်လင်းဆိုလိုသည်က်ို သူ နားလည်သည့်အတွက် အတင်းအကြပ် ထုတ်ပြောခိုင်းနေမည် မဟုတ်ပါ ။
မနေ့ညတုန်းက ထိုသို့ဖြစ်နေခဲ့စဥ်တွင် လော့လိုင်ကျစ်သာ နိုးလာပြီး သူ့ကိုတစ်ခုခုလုပ်ခဲ့ပါက ဟယ်လင်းသည် ဆက်၍အသက်ရှင်နေမည်မဟုတ်ဘဲ သတ်သေပစ်လိုက်ဖို့ရန်ကို တွေးထားခဲ့တာဖြစ်သည်။ ကံကောင်းချင်တော့ ဘုရားသခင်သည် သူ့အားသနားကြင်နာခဲ့သဖြင့် ယခုကဲ့သို့ ထိုလူ၏ရင်ခွင်ထဲ၌ ရှိနေနိုင်ခဲ့တာ ဖြစ်ပေသည်။
ESTÁS LEYENDO
[ BL ] ကျေးလက်သို့ အပြန်
Ficción históricaBack To The Countryside [ Myanmar Translation ] Author - 北冥魑 Original publisher - jjwxc Associated names - 归隐乡野 Status in COO - 96 Chapters + 2 Extras ( total = 98 Chapters ) Disclaimer - I don't own any parts of this story ! All credits go to Auth...