အပိုင်း - ( ၄၅ ) ဆွေမျိုးများ / ချစ်ရသူ

1.4K 212 5
                                    

နံနက်စောစောချိန်တွင် ချီယွဲ့ ဟယ်လင်းအား အဖော်ပြုပေးကာ ၀ူယွီလန်ထံ သွားလည်ရန် လင်းမိသားစုဆီ ထွက်လာလိုက်သည် ။ ဟယ်လင်းက သူမအတွက် တစ်ညလုံးစိတ်ပူနေခဲ့တာဖြစ်သည် ။

လင်းရှန့်က ရှောင်းဟူအား ကျောင်းပို့သွားနေသဖြင့် အိမ်တွင်မရှိပေ ။ ချီယွဲ့က ဧည့်ခန်းထဲ၌ အဒေါ်ဖန်း ၊ လင်းရှန်တို့နှင့် စကားပြောပြီးနေခဲ့စဥ် ဟယ်လင်းကတော့ အခန်းထဲသို့ ၀င်သွားသည် ။

၀င်သွားလိုက်ပြီးနောက် ခုတင်ဘေးတွင် ၀င်ထိုင်ရင်း ကြည့်လိုက်သည့်အခါ ၀ူယွီလန်က လန်းလန်းဆန်းဆန်းပဲ ရှိနေသဖြင့် ဟယ်လင်း စိတ်အေးသွားမိသည် ။ ယူလာသည့် ဆေးဗူးလေးအား ခုတင်ခြေရင်းရှိ စားပွဲပေါ်၌ တင်ထားလိုက်သည်။ ထိုသည်က ချီယွဲ့ မနေ့တုန်းက ညစာစားပြီးနောက်တွင် ပြင်ဆင်ထားသည့် ကိုယ်၀န်ပျက်ကျခြင်းအား တားဆီးပေးနိုင်သည့်ဆေးဖြစ်သည် ။ " မရီး သက်သာသွားလို့ တော်သေးတာပေါ့ ၊ ရှန့်ကုံးပေးလိုက်တဲ့ဆေးနဲ့ဆို အဆင်ပြေသွားမှာပါ ၊ သောက်ဖို့ မမေ့နဲ့နော် "

" မင်းတို့တော့ အလုပ်ရှုပ်ကုန်ပြီ " ၀ူယွီလန်က ပြုံးပြကာဆိုပြီးနောက် သူ့လက်မှ ဒဏ်ရာကိုမြင်သည့်အခါ မျက်မှောင်ကြုံ့သွားလေ၏။ " အဆင်ပြေရဲ့လား ၊ မနေ့တုန်းက လင်းရှန့်ပြန်ရောက်လာတော့ အစ်မကိုပြောပြတယ် ၊ ဟယ်မိသားစုက တစ်ချိန်လုံး ပြဿနာပဲ ရှာနေတော့တာပဲ "

" ကျွန်တော်က အဆင်ပြေပါတယ် ၊ အပေါ်ယံလေးပဲ ထိမိသွားတာပါ ၊ ဟွာကောအာရဲ့ ဒဏ်ရာကမှ ပိုပြင်းတာပါ " မနေ့တုန်းက ရွှီဟွာသည် ဓားအား လက်ဖြင့်ဆုပ်ကိုင်ထားခဲ့တာဖြစ်၍ ဒဏ်ရာသည် တိမ်မည်မဟုတ်မှာ သေချာနေသဖြင့် ပြီးရင်သွားတွေ့ဦးမယ်ဟု ဟယ်လင်း တွေးထားလိုက်သည် ။

" အဲ့ကောလေးကလည်း လူကောင်းလေးပဲ " ထိုသူအား သူမ မတွေ့ဖူးသေးသော်ငြား ဟယ်လင်းထံမှ ကြားဖူးသည့်အတိုင်းသာဆိုပါက လူကောင်းတစ်ယောက်သာ ဖြစ်ရပေမည် ။

ဟယ်လင်းလည်း ခေါင်းညိတ်ပြလိုက်သည် ။ ဤကိစ္စပြီးသွားသည့်နောက် သူတို့ကြားတွင် အနည်းငယ်ပို၍လည်း ရင်းနှီးလာလေသည် ။

[ BL ] ကျေးလက်သို့ အပြန် Where stories live. Discover now