အပိုင်း - ( ၆၆ ) ပြန်လည်သင့်မြတ်ခြင်း

2.2K 154 5
                                        

၀ူယွိလန် ခုတင်စွန်းတွင်၀င်ထိုင်လိုက်ရင်း သူမ၏ဗိုက်ပေါ်သို့ လက်တင်ထားလိုက်မိသည် ။ တစ်ဖက်သူ၏ဖြူဖျော့နေသောမျက်နှာကိုကြည့်ကာ ၀ူယွိလန် မျက်မှောင်ကြုံ့လိုက်မိရင်း ပြောလိုက်မိသည် ။ " မင်း အခုထိ မသက်မသာဖြစ်နေတုန်းပဲလား "

ဟယ်လင်းက ခေါင်းခါပြရင်း နှုတ်ခမ်းလေးကိုပင့်ကာ ခပ်ဖွဖွပြုံးပြသည် ။ " ကျွန်တော် သက်သာနေပါပြီ ၊ မရီးကို ဒုက္ခများအောင် လုပ်မိကုန်ပြီ ၊ မရီးကလည်း ပေါ့ပေါ့ပါးပါးမဟုတ်တဲ့ဟာကို ကျွန်တော့်အတွက်ပါ စိတ်ပူပေးနေရသေးတယ် "

" ငါ့ကို အဲ့လိုမျိုး ယဥ်ယဥ်ကျေးကျေးတွေ ပြောမနေပါနဲ့ " ၀ူယွိလန် လက်လေးကိုပုတ်ပေးလိုက်ပြီးနောက် တံခါးရှိရာသို့လှည့်ကြည့်လိုက်ရင်း ဆက်ပြောလိုက်သည် ။  " မင်းနဲ့ချီယွဲ့  ... "

သူမ ထိုသို့မေးလိုက်သည့်အခါ ဟယ်လင်း၏မျက်လုံးများက အနည်းငယ်မှိန်သွားတော့သည် ။ " သူ ကျွန်တော့်ကိုစိတ်ဆိုးနေတုန်းပဲ ၊ ကျွန်တော့်ကို စကားအများကြီးတောင် မပြောဘူး "

၀ူယွိလန် သက်ပြင်းချလိုက်ကာ ခဏတွေးကြည့်လိုက်ပြီးနောက် ပြောလိုက်သည် ။ " ငါ မင်းကိုဆူချင်လို့တော့မဟုတ်ဘူး ၊ ဒါပေမယ့် ဒီတစ်ခေါက်က တကယ် မင်းအမှားပဲ ၊ မင်းရဲ့ကျန်းမာရေားအခြေအနေကို ဘယ်လိုတောင် ဖုံးကွယ်ထားနိုင်ရတာလဲ "

" ကျွန်တော်သိပါတယ် ၊ အကုန် ကျွန်နော်မှားသွားတာပါ  " ထိုအချိန်တုန်းကတော့ သူ့ရှန့်ကုံးကို တစ်ယောက်တည်း ပင်ပင်ပန်းပန်း မလုပ်စေချင်ခဲ့ရုံသာဖြစ်သည် ။ သို့သော် ဗိုက်ထဲကကလေးကို ဆုံးရှုံးသွားရခါနီး ဖြစ်သွားခဲ့တာဖြစ်၍ တစ်ဖက်လူထံ၌ ထိုမျှထိ ဒေါသထွက်ပိုင်ခွင့်ရှိလေသည် ။

" မနေ့တုန်းက မင်းကိုတွေ့တုန်းက သူ့မျက်နှာ ဘယ်လိုဖြစ်နေလဲဆိုတာကို မင်းက မမြင်လိုက်ရလို့ ! " ၀ူယွိလန်မှာ ပြန်တွေးလိုက်မိကာ ကြက်သီးထသွားမိတော့သည် ။ သူများတွေပြောကြတာ ဟုတ်ပေသည် ။  လူတစ်ယောက်က ပိုပြီးသိမ်မွေ့နေလေလေ ဒေါသထွက်တဲ့အခါ ပိုပြီးကြောက်ဖို့ကောင်းလေလေပဲတဲ့ ။

[ BL ] ကျေးလက်သို့ အပြန်Место, где живут истории. Откройте их для себя