အဒေါ်ချန်က အတော်လေး အချိန်ဆွဲပြိိီးမှသာ ငွေတုံးများထည့်ထားသည့်အိတ်အား လက်ထဲတွင် ခပ်တင်းတင်းဆုပ်ကိုင်ထားရင်း မပေးချင်သည့်အမူအရာပြည့်နေသော မျက်နှာနှင့်အတူ ပြန်ရောက်လို့လာသည် ။
ချီယွဲ့ သူမအား လက်ဖြန့်ပေးလိုက်ကာ ဘာမှပြောမနေဘဲ ပြုံး၍ကြည့်ပေးနေလိုက်သည် ။
ဟယ်ထျန်းက အဒေါ်ချန်၏လက်ထဲမှ အ၀တ်အိတ်လေးအား ဆွဲယူလိုက်ပြီးနောက် ချီယွဲ့၏လက်ထဲသို့ ထည့်ပေးလာကာ ခပ်သြသြအသံဖြင့် ပြောလာလေ၏။ " ဒါဆိုရင် ပြီးပြီပေါ့ ! "
ချီယွဲ့ ပိုက်ဆံအိတ်ကိုယူလိုက်ကာ ဖွင့်ပြီးသေချာကြည့်လိုက်ပြီးမှ ဘာမှမှားမနေတာ သေချာသည့်အခါမှသာ ခေါင်းညိတ်ပြလိုက်သည် ။
" အခု ပိုက်ဆံလည်း ပေးပြိိီးပြီဆိုတော့ အဲ့ကောင်ကို ပြန်ခေါ်သွားလို့ရပြီ ၊ နောက်တစ်ခေါက်ထပ်ပြီး ဘယ်တော့မှ ပြဿနာလာမရှာကြနဲ့တော့ ! " ချီယွဲ့က ခေါင်းညိတ်ပြလိုက်သည့်အခါ ရွာလူကြီးက ဟယ်မိသားစုအား ၀င်ပြောသည် ။
ဟယ်ထျန်းက ရွာသူကြီးအား ခေါင်းညိတ်ပြပြီးနောက် ဟယ်ကွေ့အား ထိုလူကိုချီခိုင်းကာ အိမ်သို့ပြန်ကြရန် ဆိုလေသည် ။ မသိပါက ဤနေရာတွင် ဆက်ရှိနေခြင်းက သိက္ခာကျနေသည့်အလားပင် ။
သို့ပေသိ ဟယ်ကွေ့က ဟယ်ဖူ၏လက်မောင်းမှကိုင်၍ ကျောပေါ်သို့ပိုးရန် ပြင်လိုက်သည့်အချိန်မှာပဲ ဟယ်ဖူက ရုတ်တရက် မျက်ခွံများလှုပ်ကာ နိုးလာမည်ဟု ဘယ်သူကမှ ထင်မထားခဲ့ကြချေ ။
" အားဖူ ! " အဒေါ်ချန်က အံ့သြတကြီးဖြင့် လက်နာနေသေးလားမေးရန် အော်ခေါ်လိုက်သော်ငြား ရုတ်ချည်းဆိုသလို မျက်နှာကိုဖြတ်ရိုက်ခံလိုက်ရသဖြင့် မြေကြီးပေါ်သို့ လဲကျသွားတော့သည် ။
" သရဲ !!! "
လူကိုရိုက်ပြီးသည့်အခါ ဟယ်ဖူသည် ကြောက်လန့်တကြားဖြင့် မြေကြီးပေါ်တွင် နောက်ဘက်သို့ တွား၍ ဆုတ်သွားလေ၏။ သို့သော်လည်း ကျိုးနေသောလက်အား သေချာမသုံးနိုင်သဖြင့် အများကြိိီးတော့ ရွေ့မသွား ။
ထိုရုတ်ချည်းပြောင်းလဲမှုကြောင့် အားလုံး အံ့အားသင့်သွားမိကြသည် ။
![](https://img.wattpad.com/cover/329399903-288-k243251.jpg)
YOU ARE READING
[ BL ] ကျေးလက်သို့ အပြန်
Historical FictionBack To The Countryside [ Myanmar Translation ] Author - 北冥魑 Original publisher - jjwxc Associated names - 归隐乡野 Status in COO - 96 Chapters + 2 Extras ( total = 98 Chapters ) Disclaimer - I don't own any parts of this story ! All credits go to Auth...