အပိုင်း - ( ၃၆ ) ဧည့်သည်

2.1K 324 5
                                    

ကျန်းယွဲ့ဖုန်း ယပ်တောင်ကိုသုံး၍ ခန်းဆီးကိုမ,လိုက်ပြီး အပြင်မှရှုခင်းများကို ကြည့်ကြည့်လိုက်ပြီးနောက် လက်ပြန်ရုတ်လိုက်ကာ ချီးမွမ်းလ်ိုက်မိသည် ။ " ကုရွှေ့ရွာက နည်းနည်းလှမ်းတယ်ဆိုတာကို မေ့ထားလိုက်မယ်ဆိုရင် ရှုခင်းကောင်းတွေရှိတဲ့ လမ်းလျှောက်ထွက်လို့ကောင်းမယ့် နေရာတစ်ခုပဲ "

ကျန်းယွဲ့ယန်ကလည်း အပြင်ကို စိတ်၀င်တစား လိုက်ကြည့်နေသည် ။ " ဟုတ်တာပေါ့ ၊ အင်း ဟယ်လင်းကောကောက ငါ့ကို အသီးရိုင်းတွေခူးရင်း ဆော့ဖို့အတွက် တောင်ပေါ်ခေါ်သွားပေးရင် ကောင်းမှာပဲ "

" အသီးရိုင်းတွေခူးဖို့ ? " ကျန်းယွဲ့ဖုန်းက နှာခေါင်းရှုံ့ပြသည် ။ " အိမ်မှာရှိတဲ့ အသီးကောင်းတွေ တစ်ပုံကြီးကိုတောင် မကြိုက်တဲ့ဟာ မင်းက အသီးရိုင်းတွေကို ဘယ်လိုလုပ်ပြီး ခူးစားနိုင်မှာလဲ ၊ ပြီးတော့ အသီးပင်ကိုတောင် ရောက်နိုင်မှာမို့လို့လား "

" နင်ကမှ အသီးပင်ကို မရောက်နိုင်မယ့်သူ ! " ကျန်းယွဲ့ယန်က သူ့ခြေသလုံးကိုလှမ်းကန်သည် ။ နာလို့ သူအော်နေသည်ကိုမြင်မှ ဆက်ပြောပြန်သည်။ " အိမ်ကအသီးတွေက ကိုယ့်ဘာသာခူးတဲ့အသီးတွေလောက် မကောင်းဘူးဟဲ့ "

ကျန်းယွဲ့ဖုန်း ခြေသလုံးကိုပွတ်နေရင်း သူ့ညိိီမက ပိုပိုပြီး ကြမ်းတမ်းလာတာပဲဟု တွေးနေမိသည် ။ သူမက အနာဂတ်မှာ ဘယ်လိုလုပ်ပြီး လက်ထပ်နိုင်ပါ့မလဲ ။

" သခင်လေး ကုရွှေ့ရွာကို ရောက်ပါပြီ ၊ သခင်လေးချီတို့မိသားစုက ဘယ်မှာနေတာပါလဲ "  ကျန်းယွဲ့ယန်၏အစေခံ ချွင်ရှုက ခန်းဆီးစကိုပင့်တင်ပြီး မေးလာသည် ။

" တစ်ယောက်ယောက်ကို မေးကြည့်လိုက်ကြတာပေါ့ ၊ အရင်တစ်ခေါက်တုန်းက အသေးစိတ်မမေးခဲ့မ်ိဘူး " ချီယွဲ့တို့မိသားစုက ကုရွှေ့ရွာ၌နေသည်ကိုသာ သိခဲ့ရတာဖြစ်သည် ။

ချွင်ရှုက​ " ဟုတ်ကဲ့ပါ " ဟုဆိုကာ ခန်းဆီးစကို ပြန်ချသွားသည် ။ ထို့နောက် လှည်းကရပ်သွားသဖြင့် တစ်ယောက်ယောက်ကို လမ်းမေးနေတာ ဖြစ်လောက်ပေသည် ။

" ဒီကဒေါ်လေးရှင့် ချီယွဲ့တို့အိမ်ကို ဘယ်လိုသွားရမလဲသိလားရှင့် " အမျိုးသမီးတစ်ဦးဖြတ်သွားသည်ကို မြင်သောအခါ ချွင်ရှုက လှည်းပေါ်မှခုန်ဆင်းလိုက်ပြီး နှုတ်ဆက်သည် ။

[ BL ] ကျေးလက်သို့ အပြန် Nơi câu chuyện tồn tại. Hãy khám phá bây giờ