အပိုင်း - ( ၅၉ ) အမှန်တရား

1.6K 153 6
                                        

ဟယ်ထျန်းက သူမတို့ထံသို့ အာရုံစိုက်လာကြမည်ကို မလိုလားမှန်း အဒေါ်ချန် သိပါသော်လည်း သူမ ဒေါသကို မထိန်းနိုင်တော့ပါ ။ " လင်ကောအာက မိသားစုကောင်းထဲကို လက်ထပ်သွားပြီး အဆင့်အတန်းမြင့်သွားပြီဆိုတော့ သူ့ကိုကျွေးမွေးလာတဲ့ အကြီးအကဲတွေသာ တခြားသူတွေဆိုရင် ကောင်းစားနေလောက်ပြီဆိုတာက ဘာအဓိပ္ပာယ်လဲ ၊ ကျွန်မက သူ့ကို ဆိုးဆိုး၀ါး၀ါး ကျွေးမွေးလာတယ်လို့ ဆိုလိုချင်တာလား ၊ ကျွန်မမှာ သူ့ကို ပျိုးထောင်ဖို့ အပင်ပန်းခံခဲ့ရခဲ့တာကိုများ ၊ ကျွန်မက သူ့အပေါ် ဘာတွေများမှားထားမိလို့လဲ "

" တော်စမ်းပါ ၊ အဲ့လိုစကားမျိုးကို ကြားပြီးရင် လျစ်လျူရှုထားလိုက်ရုံပဲရှိတာကို ၊ မင်းက ဘာတွေအတည်ပေါက်တွေဖြစ်နေတာလဲ " ဟယ်ထျန်း ခေါင်းတော်တော်နောက်နေလေပြီ ။ သူလည်း မာနရှိတဲ့ ယောက်ျားတစ်ယောက် ဖြစ်ပါသော်ငြား သူ့အား အရှက်ကွဲစေမည့်မိန်းမမျိုးကို ယူခဲ့မိလေသည် ။ သူ့မျိုးဆက်တွေတောင် သူ့ကို မျက်နှာသာမပေးဘဲ တစ်ခုပြီးတစ်ခု ပြဿနာရှာနေကြပြိီး သူ့မျက်နှာကို တက်နင်းနေကြလေ၏ ။

" ဟက် ! အဲ့လိုမြေခွေးဖြူကောင်ကို မွေးမိမယ်မှန်းသာသိခဲ့ရင် အကုန်အကျသက်သာအောင် သူ့အမေသေသွားကတည်းက နှင်ထုတ်ခဲ့လိုက်ရမှာ " ဟယ်လင်းက ပိုပိုပြီးအဆင်ပြေလာတာကိုကြည့်ရင်း သူမက လွန်စွာ ဒေါသထွက်နေမိသည် ။ သူမတို့မိသားစုကြတော့ ဘာဂုဏ်သတင်းမှ မခံစားရဘဲ သူ့ဘ၀ကြ ဘာလို့ ဒီလောက်ချောမွေ့နေရတာလဲ ။ သူတို့အခြေအနေသာ အဲ့လောက်ဆိုးမနေခဲ့ရင် ဟယ်ကျန့်ကို ဇနီးအငယ်အဖြစ် လက်ထပ်ပေးလိုက်ခြင်းမျိုးလည်း ရှိလာခဲ့မှာမဟုတ်ဘဲ သူတို့ကို အငြှိုးထားတာမျိုးလည်းရှိလာမှာ မဟုတ်ပါ ။

သူမ ပြောနေလေလေ ဟယ်ထျန်းကတော့ စိတ်ရှုပ်လာလေလေပင် ။ ဖြစ်ပြီးတာတွေကို အခုမှလာပြောနေတော့ရော ဘာထူးမှာမို့လို့လဲ ။ သူသာ ကြိုသိနေခဲ့ရင် သူ့မိသားစုလည်း ဒီအခြေအနေအထိ ဖြစ်လာခဲ့မှာမှမဟုတ်ဘဲ ။ ဟယ်ထျန်း သူမအား စိတ်အလိုမကျစွာ စိုက်ကြည့်လိုက်သည် ။ " တော်လိုက်တော့ ! မင်းအမှားလုပ်ခဲ့လို့သာမဟုတ်ရင် သူလည်း လမစေ့ဘဲမွေးလာခဲ့ရမှာမဟုတ်ဘူး ၊ အခုလိုမျိုး သောက်ကျိုးနည်းကိစ္စတွေအများကြီးလည်း ဖြစ်လာမှာမဟုတ်ဘူးကွ ! "

[ BL ] ကျေးလက်သို့ အပြန်Место, где живут истории. Откройте их для себя