အပိုင်း - ( ၁၀ ) သနားကြင်နာခြင်း

1.8K 285 2
                                    

ဟယ်လင်း၏ ဖခင်အား ယောင်ယမ်းကာ သတိရနေမှုကိုကြည့်ကာ လင်းရှန့် စိတ်မကောင်းဖြစ်သွားမိသည်။ ဟယ်လင်းသည် အ​ဖေဖြစ်သူဆုံးပါးသွားချိန်၌ ခြောက်နှစ်ပဲရှိသေးကာ သူ့သား ရှောင်းဟူအရွယ်ပဲရှိသေးလေသည်။

ယခုအရွယ်သည် ရှောင်းဟူအတွက် ဆိုးလို့ကောင်းဆဲ အချိန်ပဲရှိသေးကာ တစ်နေကုန် အိမ်မကပ်ဘဲ ရွာထဲမှကလေးများနှင့် ရွာရိုးကိုးပေါက် လျှောက်ဆော့နေတက်လေသည်။ ဟယ်လင်းကတော့ အဘွားဖြစ်သူနှင့် သူ့ကိုမနှစ်မြို့သော ဦးလေးဖြစ်သူတို့ လက်အောက်တွင် အရိပ်အခြည်ကြည့်၍ ကြီးပြင်လာခဲ့ရလောက်ပေသည်။

၀ူယွီလန်က ထိုအကြောင်းကိုတွေးနေခြင်းမရှိဘဲ ယှက်ထားသော လက်နှစ်ဖက်ကိုသာ ကြည့်နေကာ သူမ၏ မျက်နှာအမူအရာကလည်း ထူးဆန်းသည်ထက်ထူးဆန်းလာလေသည်။

တံခါးပြင်မှ ခြေသံများကို ကြားလိုက်ရ၍ ချီယွဲ့ သူ့လက်ကိုပြန်ရုန်းပြီး ထရပ်လိုက်သည်။

ထိုအခါ ဟယ်လင်းသည် လက်ထဲမှ အနွေးဓာတ်လေးပျောက်သွား၍ ဖြစ်နိုင်ကာ မျက်၀န်းထောင့်မှ မျက်ရည်တစ်စက်စီးကျလာပြီးနောက် သတိလစ်သွားတော့သည်။ ဟယ်လင်း၏ မျက်နှာလေးမှာ စွန့်ပစ်ခံလိုက်ရသော ကလေးတစ်ယောက်နှယ် ဖြစ်နေကာ ၀မ်းနည်းနေပြီး မျက်ခုံးစပ်ကြားမှ ဇီးပန်းပွင့်နီလေးကလည်း သွေးထွက်နေသယောင်ဖြစ်လို့နေကာ အတော်လေး ကြေကွဲဖွယ်ဖြစ်လို့နေ၏။

ချီယွဲ့ လက်နောက်ပစ်လိုက်ကာ ခုတင်ထက်မှ ကောင်ငယ်လေး၏ သွင်ပြင်ကိုကြည့်ရင်း မျက်မှောင်ကြုံ့လိုက်မိသည်။

ဟယ်ကျန့် အခန်းထဲသို့ ၀င်လာသောအခါ အငွေ့အသက်များက ထူးဆန်းနေသည်ဟု ထင်မိသော်လည်း သူ ဆက်မတွေးနိုင်ခင်မှာပဲ ၀ူယွ်ိီလန်က သူ့လက်ထဲမှ ရေဇလုံကို လာယူသွားလေသည်။

ဟယ်ကျန့်က ဘာလို့ ရေပဲယူလာတာလဲ ။ ၀ူယွီလန်က " သဘက်ကရော မပါဘူးလား။ " ဟုမေးသည်။

အိမ်အလုပ်များကို တစ်ခါမှမလုပ်ဖူးသော ဟယ်ကျန့်အတွက် ရေယူလာပေးရုံနဲ့တင် ကျေးဇူးတင်နေသင့်ပြီလေ ။ အဲ့ဒါကအစ လိုက်တွေးပြီး ယူလာပေးရမှာလား ။

[ BL ] ကျေးလက်သို့ အပြန် Onde histórias criam vida. Descubra agora