[ Happy Thadingyut Holiday Pr ~ 🌕✨]
ရွာထဲမှ ကောလဟလများက ရွာသူကြီးတွေးထားသလို အချိန်ကြာလာသည်နှင့်အမျှ လျော့ပါးသွားခြင်းမရှိပါဘဲ ပြဿနာများက ပိုလို့သာတိုးလာကာ သူ့အိမ်ကို လာလည်ကြသူများက မကြာမကြာ ဖြစ်လ်ို့လာလေသည် ။
လူတွေ ဘာမှမပြောကြသေးလျှင် အဆင်ပြေပါသော်ငြား တစ်ခါစပြောလိုက်သည်နှင့် နေရာအနှံ့ပျံ့လို့သွားကာ ထိန်းချုပ်လို့ပင် မရတော့ချေ ။ အားလုံးသည် ကိုယ့်စိတ်သက်သာရာရစေရန်အတွက် သူတို့၏ကံဆိုးမှုများကို ဟယ်လင်းအပေါ်ကိုသာ ပုံချနေကြလေ၏။
အချို့သူများက ဒီနှစ် ထွက်နှုန်းအဆိုးဆုံးဖြစ်ရသည်ကိုပါ ဟယ်လင်းထံ ပုံချနေလေသည် ။ သူတို့တွေ စိုက်ခင်းကိုရော သေချာဂရုစိုက်ခဲ့ရဲ့လားဟူသည့် သူတို့၏ ပေါ့လျော့မှုများကို ပြန်သုံးသပ်ရမည့်အစားပင် ဖြစ်ချေတော့သည် ။
" ဒီလူတွေက ဘာတွေတွေးနေကြတာများလဲ ၊ အားလုံးကို မင်းကြောင့်လို့ပဲ ခေါင်းစဥ်တပ်ချင်နေကြတာ ! " ရွှီဟွာမှာ အလွန် ဒေါသထွက်နေလေသည် ။ သူသည် ဟယ်လင်းနှင့် သူငယ်ချင်းကောင်းများဖြစ်၍ သူ့အရှေ့တွင် ထိုအကြောင်းများကို ပြောခဲကြသည် ။ သူသည်လည်း ဒီနေ့မှပဲ ထိုစကားများကို ကြားလိုက်ရတာဖြစ်ပြီး ဒီကိစ္စက ဘယ်လောက်တောင်ဆိုး၀ါးနေပြီလဲဟူသည်ကို သိလိုက်ရတာဖြစ်သည် ။ ထို့ကြောင့်ပဲ သူတို့အိမ်သို့ ချက်ချင်းလာခဲ့လိုက်တာပင် ။
ချီယွဲ့၏မျက်နှာက အေးစက်လို့နေပြီး စကားတစ်ခွန်းမှမဆိုဖြစ် ။ သူသည် ဒီရက်ပိုင်းတွင်းတွင် အားလင်းဘေး၌သာ နေဖြစ်နေခဲ့ပြီး ရွာထဲမှအရေးကိစ္စများကို ဂရုတစိုက်ထားမနေဖြစ်ခဲ့ပါ ။ သို့တိုင် တစ်စုံတစ်ယောက်ကတော့ဖြင့် သူ့ဖုလန်လေး၏ဂုဏ်သတင်းကို ဖျက်ဆီးလို့နေကာ သူတို့အား မောင်းထုတ်ရန် ကြံစည်နေခဲ့လေသည် !
" နေနေ အရမ်းကြီးဒေါသထွက်မနေနဲ့ " သူနှင့်ဆန့်ကျင်စွာပင် သုံးယောက်သားအနက် အတည်ငြိမ်ဆုံးလူက ဟယ်လင်းဖြစ်လို့နေသည် ။ ထိုကောင်လေးက ရွှီဟွာအတွက် ရေတစ်ခွက်ငှဲ့ပေးရင် ပြောလိုက်လေ၏။ " ငါ ငယ်ငယ်လေးတည်းက ငါ့ကို ပျက်စီးခြင်းကြယ်လို့ ခေါ်လာကြတာလေ ၊ ငါ ကျင့်သားရနေပါပြိိီ "
ВЫ ЧИТАЕТЕ
[ BL ] ကျေးလက်သို့ အပြန်
Исторические романыDescription ကို Book အထဲမှာ ပြန်ရေးပေးထားပါတယ် ၊ ကော်ပီရိုက်ငြိမှာစိုးလို့ ဖျက်ထားတာပါ ~
![[ BL ] ကျေးလက်သို့ အပြန်](https://img.wattpad.com/cover/329399903-64-k243251.jpg)