" အားးးး !!! "
နှင်းများဝေနေသော အရုဏ်ဦးချိန်တွင် ဟယ်မိသားစု၌ ခပ်စူးစူးအော်သံတစ်ခု ပျံ့လို့လာသည် ။ ထိုဆူညံသံကြောင့် ခေါင်းမကြည်ကြသေးသူများမှာ မျက်မှောင်ကြုံ့လို့သွားကြသည် ။
အဒေါ်ချန်က အော်ငိုနေသော နိုးခါစမြေးဖြစ်သူအား ချီပွေ့ထားရင်း ခပ်ဖွဖွပုတ်ပေးနေလေသည် ။ ဟယ်ဖူရူးသွားကတည်းက ထိုကလေးက ညတိုင်း အဒေါ်ချန်နှင့်အတူတူ အိပ်နေရတာဖြစ်သည် ။ သို့မှသာ နေ့လယ်ဘက်တွင် ကလေထိန်းထားရသော ချွေးမလျိုက ညဘက်တွင် အနားယူနိုင်မှာဖြစ်လေသည် ။
" ဘယ်သူကများ မနက်ဝေလီဝေလင်းကြီးကို အော်ဟစ်နေရတာလဲ "
ဟယ်ထျန်းက စိတ်မရှည်ပါဘဲ တစ်ဖက်သို့လှိမ့်ကာ ပြန်အိပ်ဖို့ရန် ပြင်လေသည် ။ သို့သော် သိပ်မကြာခင်မှာဘဲ နောက်ထပ်အော်သံတစ်ခုကို ကြားလိုက်ရပြန်သည် ။ ငိုနေသံများအပြင် ကျိန်ဆဲနေသံများပါ ပါလာလေ၏ ။ သို့ဖြစ်ရာ ဘယ်သူကများ ဆက်ပြီးအိပ်လို့ရပါတော့မလဲ ။ ဟယ်ထျန်းလည်း ထလိုက်တော့ကာ အင်္ကျီကောက်၀တ်ပြီး အပြင်သို့ သုန်မှုန်နေသောမျက်နှာထားဖြင့် ထွက်သွားလိုက်တော့သည် ။ ဒီလောက်ထိဖြစ်နေရအောင် ဘာတွေများ ဖြစ်နေကြတာမို့လဲ ။
အသံထွက်လာရာနောက်သို့လိုက်ရင်း ဟယ်ထျန်း အကြီးဆုံးသား၏အခန်းသို့ ရောက်သွားမိကာ အခန်း၀တွင် ချွေးမကျန်းက ကြမ်းပေါ်၌ထိုင်ရင်း ပေါင်ကိုတစ်ဖွဖွရိုက်ကာ သနားဖို့ကောင်းလောက်သည်အထိ ငိုယိုနေသည်ကို တွေ့လိုက်ရလေသည် ။ ဟယ်ကွေ့က သူမဘေးတွင် အပေါ်ပိုင်းဗလာဖြစ်နေပြီး ဒူးတစ်ဖက်ထောင်ကာ ထိုင်နေရင်း ဆံပင်ထဲသို့ လက်များကို ထိုးဖွနေကာ ခေါင်းကိုငုံ့လို့ထားသဖြင့် မျက်နှာကိုတော့ မမြင်ရပေ ။ အခန်းထဲတွင်တော့ သားကြီး၏မိန်းမဖြစ်သူထံမှ တစ်ရှုံ့ရှုံ့ငိုသံများနှင့် ပြည့်နေတော့သည် ။
ဟယ်ထျန်း ရင်ထဲမကောင်းသလို ခံစားမိလိုက်ပြီး ခြေလှမ်းများကို သုတ်ခြေတင်သွားရင်း မေးလိုက်မိသည် ။ " ဒီမှာ ဘာတွေဖြစ်နေကြတာလဲ "
" အဖေ ကျွန်မအတွက် တစ်ခုခုပြန်လုပ်ပေးမှရမယ် ! " သူလာနေသည်ကိုမြင်သည်နှင့် ချွေးမကျန်းက သူမ၏နောက်ခံကို တွေ့လိုက်ရသည့်အလား အော်ငိုလေသည် ။ " ဟယ်ကွေ့ အဲ့ဒီ့သေနာကောင်က အခန်းထဲကခွေးမနဲ့ ခွေးဇာတ်ခင်းနေတာ ! "
ВЫ ЧИТАЕТЕ
[ BL ] ကျေးလက်သို့ အပြန်
Исторические романыDescription ကို Book အထဲမှာ ပြန်ရေးပေးထားပါတယ် ၊ ကော်ပီရိုက်ငြိမှာစိုးလို့ ဖျက်ထားတာပါ ~
![[ BL ] ကျေးလက်သို့ အပြန်](https://img.wattpad.com/cover/329399903-64-k243251.jpg)