1

4.1K 155 6
                                    

'အကိုကဘယ်လိုဆုံးသွားရတာလဲ၊ငါ့အကို....အကို!ဂရေစ့်အောင်ခိုင်!နင်တို့တစ်မိသားစုလုံးသွေးကြွေးပြန်ဆပ်ရမယ်!'
ဂရေစ့်တို့မိသားစုဓာတ်ပုံသည်မီးစွဲလောင်နေသည်ကိုကြည့်ကာထိုအမျိုးသမီးငိုကြွေးနေရသည်
၁၈နှစ်ခန့်ကြာသော်....
သစ်ခွပန်းတွေပွင့်လန်းဆဲခြံလေးထဲတွင်ဂရေစ့်အောင်ခိုင်အိမ်အကူများအားစားပွဲများခင်းကျင်းစေပြီးစားသောက်ဖွယ်ရာများပြင်ဆင်နေသည်၀၊ပန်းပင်များကိုရေလောင်းနေသည့်ရွှေရုပ်လွှာကိုတချက်ငေးကြည့်ကာပြုံးရင်း
'ကလေးတွေကောဘွားတော်'
'လေးလေးအိမ်သွားမယ်ပြောသွားတာပဲ'
'ဖုန်းဆက်ကြည့်ပါဦး၊အချိန်ကကပ်နေပြီမွေးနေ့ရှင်ကဘယ်ရောက်မှန်းမသိဘူး'
'သြော်ပြောနေရင်းဟိုမှာလာနေပြီ'
မိခင်နှစ်ယောက်၏ငယ်ရုပ်ကိုတစ်ဦးချင်းစီရထားသည့်ညီအမနှစ်ယောက်ငြင်းဆန်နေကြသည်၊
'မယုတ်ဘူး၊ငါကရှောင်လိုက်တာ၊အဲ့မှာသူပစ်တာလွဲသွားတာကိုငါကိုလာညစ်တာ'
'အမကလည်းကလေးတွေနဲ့ဆော့ပြီးကလေးတွေကိုပေးနိုင်လိုက်ပါလား'
'ဟဲ့၊အဲ့လိုပေးနိုင်ကြေးဆိုငါကအကြီးလေ၊ငါကိုပေးနိုင်ရမှာပေါ့'
'ဟာ၊အမမဟုတ်သေးဘူး'
ဂရေစ့်နဲ့ရွှေရုပ်လွှာကလေးနှစ်ယောက်နားသွားကာ
'ကဲ၊ဘာဖြစ်လာကြတာလဲ'
ဂရေစ့်ရဲ့မေးသံကြောင့်ရှားလော့လန့်သွားကာပြုံးစိစိလုပ်နေသည်
'အမပေါ့ကလေးတွေနဲ့ဆော့ပြီးရန်ဖြစ်လာလို့'
'ရတုငါကနင့်ကိုbubble - teaတိုက်ထားတဲ့မျက်နှာမှမထောက်'
'ကဲတော်ကြတော့'
'ကလေးရယ်၊သမီးတို့ကိုမဆူပါနဲ့'
'မဆူလို့ရမလား၊ဒီနေ့ပဲ၁၉နှစ်ပြည့်တယ်၊အခုထိကလေးတွေနဲ့ဆော့နေတုန်း၊လူကြားလို့တောင်မကောင်းဘူး'
'မာမီကလည်း'
'ကဲ၊တော်ပြီရှားလော့!နောက်နေ့လေးလေးအိမ်ဆိုပြီးကလေးတွေနဲ့ဆော့တယ်အသံကြားရင်မာမီမင်းကိုရိုက်မယ်'
ထိုအချိန်ကားတစ်စီးခြံထဲဝင်လာသည်
'ဟယ်၊ရှားလော့လေးကမပြင်ဆင်ရသေးဘူးလား'
'အဲ့တာပဲပြောချင်တာဒေါက်တာရေ၊ကလေးတွေနဲ့သွားဆော့တာအခုမှပြန်ရောက်တယ်'
'အယ်၊သမီးလေးကကလေးလိုလေးနေနေသေးတာပဲ၊'
'သမီးကကလေးပဲကို'
'ရှားလော့အောင်ခိုင်၊သွားရေသွားချိုး၊မာမီသမီးဝတ်ရမှာမီးပူတိုက်ပေးထားတယ်'
'ဟုတ်၊'
ရွှေရတုနှင့်ရှားလော့အောင်ခိုင်တို့အိမ်ထဲပြေးဝင်သွားကြစဥ်
'ဒါနဲ့၊မိုးသစ်တောနဲ့ယင်းမာကော'
'လာပါပြီ၊အထုတ်တွေသယ်နေလို့ပါ'
'အထုတ်ဆွဲ!ဟားဟားဟား!'
ငယ်စဥ်အချိန်ကလိုပင်စနောက်နေကြသည်၊
'ခရီးပန်းလာကြရောပေါ့၊အခန်းတွေစီစဥ်ထားပြီးပြီ၊လာ'
ည၇နာရီလောက်ကြခြံထဲတွင်စားရင်းသောက်ရင်းစကားပြောနေကြချိန်
'အကိုတို့ကမလာသေးဘူးလား'
'သြော်ဂျွန်နီတို့နည်းနည်းနောက်ကျမယ်တဲ့ဖုန်းဆက်ထားတယ်'
ထိုအချိန်ဖုန်းဝင်လာ၍ဂရေစ့်ကိုင်လိုက်ပြီးချက်ချင်းဆိုသလိုခြံရှေ့ကိုထွက်လာသည်၊မှောင်လောက်မည်ထင်ရသည့်နေရာတွင်ရပ်ထားသည့်ဗန်ကားနားသွားကာဆင်းလာသည်လူကောင်ကြီးကြီးလူတစ်ယောက်နှင့်စကားရပ်ပြောနေလေသည်၊
တိုက်ဆိုင်စွာပင်အကိုဖြစ်သူဟာလည်းရောက်လာပြီးညီမငယ်ကိုမြင်တော့ကားပေါ်ကဆင်းကာ
'ဂရေစ့်၊နင်ဘာလုပ်နေတာလဲ'
ဂရေစ့်လည်းစကားစဖြတ်ကာအကိုဖြစ်သူဆီလျှောက်လာသည်
'အကိုနင်တို့နောက်ကျလိုက်တာ'
'ငါမေးတာဖြေလေ၊အဖိုးရဲ့လူတွေနဲ့နင်လို့အဆက်အသွယ်ရှိနေသေးတာလဲ'
'အခုလောလောဆယ်အထဲဝင်ရအောင်၊ကားကလမ်းမပေါ်မှာဖြစ်နေတယ်'
'အင်း'
အလုပ်ခန်းထဲမှာအကိုဖြစ်သူနှင့်နှစ်ယောက်တည်းစကားပြောရန်ဂရေစ့်အိမ်ထဲဝင်လာသည်၊အခန်းထဲရောက်တော့ဂျွန်နီအောင်ခိုင်တံခါးကိုလော့ချလိုက်သည်
'ပြော၊နင်ဘာတွေလုပ်နေတာလဲ၊အဖိုးရဲ့လူတွေနဲ့တွေ့နေတာဘယ်လောက်ကြာပြီလဲ'
'၁၈နှစ်'
'ဟ၊နင်ဘာတွေလုပ်နေတာလဲ'
'အကိုနင်မှတ်မိသေးလား၊ငါတို့companyနေရဲရဲ့အကြွေးအတွက်နဲ့သူ့ပိုင်ဆိုင်မှုတွေကိုသိမ်းခဲ့တာ၊'
'အင်းသိတယ်လေ'
'အဲ့တာတောင်မှဒေါ်လာထောင်နဲ့ချီလျော်ကြေးလိုနေခဲ့တယ်လေ၊'
'အေး၊'
'တရက်ငါ့ရဲ့ဘဏ်အကောင့်ထဲကိုအဲ့လိုနေတဲ့ငွေတွေရောက်လာတယ်'
'ဘာ!'
'အေးဟုတ်တယ်၊ငါလည်းအစကဘယ်သူပေးတာလဲလို့၊အဲ့အချိန်ကတည်းကငါအဖိုးလူတွေကိုအဆက်အသွယ်ပြန်လုပ်ပြီးနေရဲအကြောင်းစုံစမ်းခဲ့တယ်'
ဂရေစ့်အံဆွဲထဲကဖိုင်တခုကိုထုတ်ကာပေးလိုက်သည်
'သူကဘယ်သူလဲ'
'နာမည်ကမာန်သွေးခက်၊ငါနဲ့ကတော့ရွယ်တူလောက်ပဲ၊သူကအကြွေးတွေပြန်ဆပ်ခဲ့တာ၊သိရတာကသူကနေရဲကိုသေအောင်ချစ်တာ၊သူတို့မိဘတွေဆုံးပါးသွားပြီးနောက်မှာသူ့အကိုဖြစ်သူနေရဲကဒီမှာcompanyကိုဦးဆောင်ပြီးသူ့ညီမမာန်သွေးခက်ကိုကနေဒါမှာနေခိုင်းခဲ့တယ်၊သူအကိုသေတာကလည်းငါကြောင့်မကင်းဘူးလေ၊ဒါကြောင့်'
'နင်အဖိုးလူတွေကိုအကာအကွယ်အနေနဲ့ခေါ်ထားတယ်ပေါ့ဟုတ်လား'
'အင်း'
'ဟ၊သူတို့ကမှောင်ခိုလောကနဲ့ကင်းတာမဟုတ်ဘူး၊နင့်မိန်းမသိလား'
'ဟင့်အင်း၊သူကရှေ့နေ့လေ၊ဒါတွေနဲ့ပတ်သတ်တာကြိုက်မှာမဟုတ်ဘူး'
'နင်ထင်သလိုဟုတ်ချင်မှဟုတ်မှာပါ၊'
'အေးဟုတ်ချင်မှဟုတ်မယ်၊တကယ်တမ်းဟုတ်ခဲ့ရင်ငါဘက်ကငါ့မိသားစုကိုကာကွယ်ရမယ်၊ငါကလေးတွေ၊ငါအမျိုးသမီးပြီးတော့ငါရဲ့တစ်ယောက်တည်းသောအကို၊ငါဘေးနားကလူတွေကိုကွယ်ဖို့ငါလုပ်ခဲ့တာ၊ငါမမှားဘူး၊အကို၊'
ထိုအချိန်
'ကလေးရေ၊သမီးလေးကိတ်ခွဲတော့မယ်လေ၊'
'သြော်ဟုတ်၊ဂရေစ့်တို့လာခဲ့မယ်၊ဘွားတော်'
အပြင်ပြန်ထွက်ရန်တံခါးဖွင့်ဖို့လုပ်စဥ်
'နင်မမှားဘူး၊ဂရေစ့်၊နင်မှန်တယ်၊သို့သော်ငါတို့ကိုကာကွယ်ရင်းနင်ကိုနင်ထောင်ချောက်ထဲမရောက်စေနဲ့၊'
'စိတ်ချပါအကို၊ကျသွားခဲ့ရင်တောင်ငါအကုန်ပြင်ဆင်ပြီးသားမို့'
'ငါ့ညီမလေးကတော်လိုက်တာ'
အကိုဖြစ်သူရဲ့ချီးမွမ်းစကားဟာယခုထိတိုင်မိမိကိုအားတက်စေသည်၊
မွေးနေ့ကိတ်ကိုခွဲကာမုန့်ခွံနေချိန်တွင်
'မမလေးနာမည်နဲ့Boxတခုရောက်နေပါတယ်'
'ဟာ၊မာမီပေးတာလား'
'မဟုတ်ပါဘူး၊မာမီပေးမယ့်ဟာကဒီဝက်ဝံရုပ်လေသမီးရဲ့'
'ဒါဆိုလေးလေး'
'လေးလေးမဟုတ်ဘူးသမီး'
'ဒါဆိုမားမား'
'မားမားကလက်ဆောင်မပြင်ထားမိဘူး၊သမီးရဲ့'
'ဒါဆိုရတု'
'ပိုက်ဆံမရှိဘူး'
'သစ်တောတို့ပေးတာလား'
'ဟုတ်ဘူးသမီး၊အန်တီတို့လက်ဆောင်ကဒီမှာ'
'ဒါဆိုဘယ်သူလဲ၊လူတွေလည်းကုန်နေပြီ'
အာလုံးကြောင်ကာကြည့်နေတော့ဂရေစ့်က​ပြောလိုက်သည်
'သိချင်သွားကြည်တာပေါ့၊သမီးရဲ့'
'ဟုတ်မာမီ'
အိမ်ရှေ့မှာချထားသည့်စက္ကူဘူးကိုရှားလော့ဖွင့်ကြည့်လိုက်ရာ
သွေးများနှင့်သေနေတဲ့ယုန်ဖြူလေးတစ်ကောင်ပင်၊
'အား!'
လန့်သွားတဲ့ရှားလော့ကိုအားလုံးဝိုင်းချော့နေချိန်
ဂရေစ့်ဘူးထဲကစာကိုထုတ်ကာယူကြည့်လိုက်သည်
*သွေးကြွေးဆပ်ဖို့ကျန်နေသေးသည်၊ဂရေစ့်အောင်ခိုင်*
ထိုစာကိုမြင်သည်နှင့်ဂရေစ့်အောင်ခိုင်စာရွက်ကိုလုံးချေကာ
'လာကြစမ်း၊ဒါကိုလာသိမ်းကြ!'
'မာမီဘာတွေလဲဟင်၊ဘာလို့ယုန်လေးကိုသတ်ထားတာလဲဟင်'
'ဘာမှမဟုတ်ပါဘူးသမီးရဲ့၊တစ်ယောက်ယောက်ကစတာနေမှာပါ၊သမီးလေးပင်ပန်းနေပြီ၊အားလုံးလည်းနားတော့လေနော်'
'အင်းအဲ့တာကောင်းတယ်၊အကိုတို့လည်းပြန်တာညဥ့်နက်တော့မယ်လေ'
'အကိုကားကိုဂရုစိုက်မောင်းသွားနော်'
'အေးအေး၊'
ကလေးများလည်းနားကုန်ကြပြီဆိုသည့်အချိန်ကျမှမီးဖိုချောင်ခန်းထဲ၌ဂရေစ့်တစ်ယောက်
'အဲ့ဘူးကိုဘယ်သူပို့တာလဲ၊ကျွန်မသိချင်တယ်၊သမီးလေးလန့်ပြီးငိုတဲ့အထိပဲ၊အဲ့ကိစ္စကိုစုံစမ်းပါ၊လုပ်တဲ့သူကိုအရှင်ရရ၊အသေရရဖမ်းပေးပါ၊အဲ့တာဆိုဒါပါပဲ'
ခုံမှာထိုင်ချကာသက်ပြင်းချလိုက်သည်
'ကလေးလေး'
'ဘွားတော်'
ပန်းကန်များသယ်လာသည့်ရွှေရုပ်လွှာဆီကပန်းကန်များကိုလက်လွဲယူကာဘေစင်ထဲထည့်ကာဆေးရန်စပြင်လိုက်သည်
'ဂရေစ့်၊ဘာတွေဖြစ်နေတာလဲဟင်၊အဲ့ဘူးကဘယ်သူပို့တာလဲ'
'သမီးသူငယ်ချင်းတွေစတာနေမှာပါ'
'သမီးသူငယ်ချင်းတွေကိုအန်တီအကုန်သိတယ်၊သူတို့တွေကပျော်တတ်တယ်၊သို့သော်ဒီလောက်ထိမလွန်ကျူးဘူး'
ဂရေစ့်ဖြေစရာစကားကုန်နေလေပြီ၊ကျောခိုင်းကာဘေစင်ဘက်ကိုလှည့်ကာရပ်လိုက်တော့ဂရေစ့်ခါးလေးကိုရွှေရုပ်လွှာဖက်ကာ
'ဘာတွေဖြစ်နေသလဲ၊ကလေးရယ်၊အန်တီကိုမင်းဖုံးကွယ်ထားတာရှိသလား'
'ဟင့်အင်း၊ဘွားတော်ကိုဂရေစ့်ဘာမှမဖုံးကွယ်ထားပါဘူး၊ပြီးတော့ဒီကိစ္စကိုလည်းဂရေစ့်သေချာဖော်ထုတ်မှာပါ'
'မလိုပါဘူးကလေးရယ်၊မင်းလေးအသက်လည်းငယ်တော့တာမဟုတ်ဘူး၊companyကိုသမီးတို့ကိုလွဲပြီးအန်တီနားပဲနေပါတော့လား'
'နေချင်တာပေါ့၊သမီးလေးတို့ကမရင့်ကျက်သေးတော့မဖြစ်သေးဘူးလေ၊'
'ကလေးတွေသူတို့အလုပ်ကိုလုပ်တတ်အောင်ပေးလုပ်ပေါ့၊အန်တီရဲ့ကလေးလေးကအန်တီနဲ့ပဲနေသင့်တော့တယ်'
'ဟုတ်ကဲ့ပါ၊ဂရေစ့်စီစဥ်လိုက်ပါ့မယ်'
နှုတ်ခမ်းတို့နီးကပ်ချိန်တခစ်ခစ်ရယ်သံကြောင့်မီးဖိုချောင်တံခါးဝနားသွားကြည့်တော့
'ရှားလော့အောင်ခိုင်!မအိပ်သေးပဲဘာလုပ်နေတာလဲ!'
ရယ်သံသဲ့သဲ့လေးတွေအိမ်မှာပျံလွင့်နေလေသည်၊
ထိုအိမ်ကိုအဝေးတစ်နေရာကနေငေးကြည့်နေသောသူတစ်ဦးရှိနေသည်၊
မနက်ရောက်သော်
'ယင်းမာတိူ့ကနိုးနှင့်နေပြီပဲ၊'
'ဟုတ်တယ်၊ဂရေစ့်ရဲ့၊ယင်းမာတို့နဲ့တိုင်ပင်နေတာ'
ဂရေစ့်breakfastစားရန်ပြင်နေရင်း
'ဒီလိုလေ၊ကလေးတွေကလည်းမငယ်တော့ဘူးလေ၊ငါသားလေးနဲ့နင့်သမီးရှားလော့ကိုစေ့စပ်ပေးချင်တယ်ဟ'
'ဘာလို့လဲ'
'မိသားစုနှစ်ခုတပေါင်းတစည်းတည်းဖြစ်ဖို့ပေါ့'
'ယင်းမာ၊စိတ်မဆိုးနဲ့ဟာ၊ငါသမီးကိုသူ့ဘဝအတွက်မဆုံတဖြတ်ပေးချင်ဘူး၊သူ့ဘဝသူ့လမ်းကိုသူချစ်တဲ့သူနဲ့ပဲဖြတ်သန်းစေချင်တယ်၊ဘဝကတိုတိုလေးဟ၊တကယ်တမ်းကျချစ်တဲ့သူနဲ့ဖြတ်သန်းမှစက္ကန့်လေးတွေကအစအကြာကြီးလို့ခံစားရမှာ၊ဆောရီးပါဟာ၊'
'ရပါတယ်ဟာ'
'ဒါနဲ့နင့်သားကmanagementနဲ့ပြီးတာမလား'
'အေးဟုတ်တယ်၊'
'Companyသွားရင်ခေါ်သွားမယ်၊နင်တို့တပတ်နေမှာမလား'
'အေးဟုတ်တယ်'
'ok'
ထိုအချိန်
'Morningမာမီ'
'Morningသမီးလေး၊မနက်စာစားပြီးရင်မာမီနဲ့တစ်နေရာလိုက်ခဲ့'
'ဟုတ်မာမီ'
ယင်းမာ၊မိုးပုလဲနှင့်ရွှေရုပ်လွှာတို့အိမ်မှာကျန်ခဲ့ကာ
ဂရေစ့်ကသမီးနှစ်ယောက်နှင့်မိုးသစ်တောကိုခေါ်ကာCompanyကိုသွားကြသည်၊

ကဲ၊အစပျိုးလိုက်ပါပြီ၊ကြိုက်ကြရဲ့လားကွယ်

တစ်လမ်းကျော်မှာအချစ်ရှိတယ်(s 2)တစ်လမ်းကျော်မှာအချစ်ရှိတယ်(s2)completedWhere stories live. Discover now