21 :The End

1.3K 86 4
                                    

ရွှေရတုတစ်ယောက်မိခင်ဖြစ်သူရွှေရုပ်လွှာရုံးခန်းထဲဝက်ကာဗီရိုထဲကကြိမ်လုံးအစည်းလိုက်ကိုထုတ်ကာထွက်လာသည်၊
ခဏအကြာထမင်းစားပြီးရုံးခန်းထဲပြန်ဝင်လာတဲ့ရွှေရုပ်လွှာဖတ်ရမာ့်အမှုအချက်အလက်များကိုပြန်ကြည့်နေချိန်
'ဘွားတော်၊'
'ဂရေစ့်၊ဘာဖြစ်လို့လဲ'
ဂရေစ့်အောင်ခိုင်လက်ထဲကမုန့်ထုတ်ကိုပြကာ
'လွမ်းလို့လေ'
'အံမယ်၊ဟုတ်ပါပြီ၊ဘာတွေဝယ်လာတာလဲ'
'ဂျပန်ရေဘဝဲလုံးရယ်၊ဒိုးနပ်ရယ်'
'အန်တီအကြိုက်လည်းမပါပါလားကလေးမရဲ့'
ဂရေစ့်တစ်ယောက်ရွှေရုပ်လွှာဆီလျှောက်လာကာရွှေရုပ်လွှာပေါင်ပေါ်တက်ထိုင်လိုက်သည်၊
'ဘွားတော်အကြိုက်ဒီမှာလေ၊ဘာလေးဝတ်လာလဲမသိချင်ဘူးလား'
ရွှေရုပ်လွှာတစ်ယောက်ပြုံးဖီးကာ
'အနီလေးလား'
'သိချင်နေပြီမလား၊ဒါပေ့မဲ့အရေးကြီးတာအရင်ပြောရအောင်'
ဂရေစ့်စားပွဲပေါ်ကlap-topကိုပိတ်ကာဘေးကိုရွေ့ပြီးစားပွဲပေါ်ထိုင်ကာရွှေရုပ်လွှာကိုသူမနားကိုတိုးစေသည်၊
'သမီးလေးလေ'
'အင်း'
'ရှားလော့လေးလေ'
'ဂရေစ့်အောင်ခိုင်၊မင်းသမီးကြောင့်ငါ့ကိုဒီလိုလာလုပ်ပြနေတာမလား'
'ဘွားတော်ကလည်း....ကလေးတွေကိုအလျော့ပေးလိုက်ပါနော်'
ဂရေစ့်အောင်ခိုင်လည်းအပေါ်အင်္ကျီချွတ်လိုက်ကာ
'သမီးလေးကအမှားလုပ်မိရုံလေနော်'
'အင်း....'
'ခွင့်လွှတ်ပေးလိုက်ပါနော်'
'အင်း....'
ဂရေသ့်အောင်ခိုင်ရဲ့အနီရောင်ကျော့ကွင်းဟာအမြဲအလုပ်ဖြစ်လေသည်၊
ယခုလည်းရွှေရုပ်လွှာတစ်ယောက်ချိုးစရာမလိုပဲကျိုးပါကျနေသည်၊
ရွှေရုပ်လွှာမြူဆွယ်နေတဲ့မိန်းမဖြစ်သူကြောင့်မနေနိုင်မထိုင်နိုင်ခေါင်းတွေအတင်းညိမ့်ကာနေသည်၊
'ခွင့်လွှတ်တယ်မလား'
'အင်း...'
ထိုအချိန်ချောင်းနားထောင်နေတဲ့ရှားလော့ဝင်လာကာ
'မားမား!တကယ်ပြောတာလား'
ဂရေစ့်အောင်ခိုင်လည်းစီစဥ်ထားသလိုရှားလော့မလုပ်ပဲဝင်လာတာကြောင့်လန့်ကာစားပွဲပေါ်လန့်ကာပြုတ်ကျသွားသည်၊
ရွေရုပ်လွှာအနီရောင်လေးတွေမမြင်ရတော့ယခင်ဒေါသမီးပြန်တောက်ကာ
'မိဘမျက်နှာအိုးမဲသုတ်တဲ့မိန်းမ!ငါကိုမျက်နှာလာပြရဲသေးတယ်!လာစမ်း!ညည်းကိုငါဒီနေ့အသေသတ်မယ်'
ရွှေရုပ်လွှာဗီရိုထဲကကြိမ်လုံးအစည်းရှာရာမတွေ့တော့၍ပိုဒေါသထွက်သွားသည်၊
'ဘယ်မလဲ၊ကြိမ်လုံးတွေ!'
ရွှေရတုဝင်လာကာ
'မားမားစိတ်လျော့ပါ!'
'ညည်းတို့ကကြိုတင်ကြံစည်ထားတာပေါ့၊ဟင်းဟင်း....ရမယ်ထင်နေလား၊နင်တို့ထက်လည်လို့နင်တို့အမေလုပ်နေတာပါ'
ရွှေရုပ်လွှာသူမစားပွဲအံထဲကဂျယ်လီပေတံအရှည်ကိုထုတ်ကာ
ညီအမနှစ်ယောက်ကိုလိုက်ရိုက်လေသည်၊
'မိဘကိုဒီလိုနည်းနဲ့ကျေးဇူးဆပ်တဲ့ပေါ့ဟမ်!'
'မားမား!လွန်မယ်၊'
ဂရေစ့်တစ်ယောက်လည်းအင်္ကျီသေချာပြန်ဝတ်ကာစားပွဲအောက်ကထွက်လာကာခုံများရှိရာကိုသက်ပြင်းချကာလျှောက်လာပြီးထိုင်ချလိုက်သည်၊လိုက်ရိုက်နေတဲ့အမေနဲ့ပတ်ပြေးနေတဲ့သမီး၂ယောက်ကိုမသိချင်ယောင်ဆောင်ကာပါလာတဲ့မုန့်မိားကိုဖောက်စားနေသည်၊
တော်တော်ကြသည်အထိမပြီးနိုင်မစီးနိုင်ဖြစ်နေတဲ့ရန်ပွဲကိုဂရေစ့်အောင်ခိုင်ရပ်နားစေသည်၊
'တော်ကြတော့!မရပ်သေးဘူးလား!'
၃ယောက်သားဂရေစ့်အောင်ခိုင်ကိုရပ်ကာကြည့်နေသည်၊
'သမီးမင်္ဂလာပွဲကရက်ပိုက်းပဲလိုတော့တယ်၊ဘွားတော်၊တော်ရုံပဲစိတ်ဆိုးပါ'
'ကလေးကလည်း'
'ရှားလော့၊မားမားကိုတောင်းပန်လိုက်'
'မားမားတောင်းပန်ပါတယ်'
'ညည်းကိုငါမရိုက်ရရင်ခွင့်မလွှတ်ဘူး'
'မာမီ!'
'တချက်အရိုက်ခံလိုက်'
'မာမီ!'
'ညည်းမှားတာလေ၊ဒီလောက်နဲ့ကျေနပ်တာပဲတော်သေးတယ်'
'ဟုတ်ကဲ့ပါ'
ရွှေရုပ်လွှာဂျယ်လီပေတံကိုအရှိန်ယူကာလက်မောင်းကိုတချက်တည်းရိုက်လိုက်သည်၊
'ဘွားတော်၊မောနေပြီ၊လာပါဦး'
ရှားလော့တစ်ယောက်အရိုက်ခံလိုက်ရတာကိုမချိမဆံ့ကြီးခံစားနေရသည်၊
သိပ်မကြာခင်မှာပဲရန်ဖြစ်ထားတာသူတို့မဟုတ်သလိုရယ်မောနေကြသည်၊
ဂရေစ့်အောင်ခိုင်ရင်ခွင်ထဲရွှေရုပ်လွှာနေကာ
'ကဲ၊ပြောပါဦး၊မင်္ဂလာပွဲကဘယ်လိုလုပ်မှာ'
'အစကစီစဥ်ထားတာတွေအကုန်ဖျက်သိမ်းလိုက်ပြီ'
'ဘာ!'
ဂရေစ့်အောင်ခိုင်ဒေါသတကြီးစားပွဲကိုလက်နဲ့ရိုက်ချကာ
'ရှားလော့အောင်ခိုင်!ညည်းကိုငါသတ်မယ်!'
'ဂရေစ့်ထိုင်ပါဦး၊ကလေးကိုပြီးအောင်​ပေးပြောခိုင်းလိုက်'
ဂရေစ့်ကိုရွှေရုပ်လွှာဆွဲထားသည်၊
ရှားလော့လည်းဒေါသထွက်နေတဲ့မိခင်နဲ့ဝေးရာကိုရွေ့ထိုင်လိုက်ကာ
'သမီးမှားတယ်လို့မားမားနဲ့မာမီထင်နေလောက်တယ်ဆိုတာသိတယ်လေ၊တကယ်တမ်းကျသမီးလိုချင်တာမင်္ဂလာပွဲမှမဟုတ်တာ
သမီးကသမီးချစ်တဲ့သူတွေနဲ့အတူရှိနေချင်တာလေ၊ဒါကြောင့်မြို့ပြင်ဘက်မှာခြံတခြံငှားထားတယ်၊မိသားစုအသိမိတ်ဆွေကလွဲပြီးဘယ်သူမှမပါတဲ့အခမ်းအနားလေးပဲလုပ်မယ်၊ပြီးတော့အဲ့နေရာကိုမာမီစိတ်တိုင်းကျစီစဥ်ပေးပါ၊သမီးဝတ်စုံကအစမိတ်ကပ်ကအဆုံးပေါ့၊သမီးကမားမားတို့နဲ့ပဲအတူရှိနေချင်တာပါ'
ဂရေစ့်လည်းသမီးဖြစ်သူစကားကြောင့်ဒေါသပြေကာ
သမီးဖြစ်သူဘေးထိုင်ကာမျက်နှာလေးကိုကြည့်ပြီးမျက်ရည်ကျလာသည်၊
'မာမီရဲ့အသည်းလေးကဒီလိုတွေတွေးတဲ့အရွယ်တောင်ရောက်လာပြီပဲ၊မနေ့တစ်နေ့ကလိုပဲ၊သိပ်ဆိုးပြီးကလေးဆန်တဲ့မာမီကလေးလေးကအခုတော့လူကြီးဆန်ဆန်တွေတွေးလာပြီပဲ၊ဒါပေါ့၊သမီးမှန်တာပေါ့၊ဘာတွေပဲဖြစ်လာပါစေ၊အတူတူရှိနေဖို့ပဲ၊မာန်သွေးခက်ကိုတော့မာမီသိပ်မကြည်ပေ့မဲ့လျစ်လျူရှုပေးနိုင်ပါတယ်၊မာမီသမီးလေးသာပျော်မယ်ဆိုရင်ပေါ့'
ရွှေရုပ်လွှာရွှေရတုကိုလက်ညိုးထိုးကာ
'ညည်းကော....ဘယ်တော့လဲ'
ရွှေရုပ်လွှာစကားကြောင့်ဂရေစ့်နဲ့ရှားလော့တို့ပါရွှေရတုကိုကြည့်နေကြသည်၊
ရွှေရတုလည်းဘာမှမပြောပဲစားပွဲ​ပေါ်ကမုန့်များကိုသာပါးစပ်ထဲထိုးထည့်လိုက်သည်၊
ရက်အနည်းငယ်ခန့်ကြာသော်
'သေချာလေးခိုင်အောက်ချည်နော်၊'
'bossစားစရာတွေရောက်ပါပြီ'
'ဟိုစားပွဲပေါ်မှာတင်ထားလိုက်၊ပြီးတော့ဂရေစ့်ကိုခေါ်သလ်ုငါ့က်ုမခေါ်ကြနဲ၊နာမည်ခေါ်ရင်ခေါ်၊မဟုတ်ရင်လည်းတခြားဟာခေါ်'
'ဟုတ်၊အဒေါ်ကြီး'
ရွှေရုပ်လွှာအဒေါ်ကြီးအခေါ်ခံလိုက်ရပေ့မဲ့အတေည်ပင်အံသြသွားသော်လည်းစီမံစရာကခပ်များများမို့မေ့ထားလိုက်သည်၊
'မာမီဘယ်လိုနေလဲ'
ဂရေစ့်အောင်ခိုင်သမီးဖြစ်သူကိုသူမမင်္ဂလာဝတ်စုံလေးပေးဝတ်ထားသည်၊
အပျိုလေးဖြစ်သွားလိုလှနေတာအမှန်ပေ့မဲ့မိမိမျက်လုံးထဲမနေ့တနေ့ကမှကလေးလေးလို့ပင်ဖြစ်နေသည်၊
ခပ်ပါးပါးမိတ်ကပ်လေးနဲ့ရှားလော့အောင်ခိုင်လှပနေသည်၊
'မာမီ၊သမီးဘယ်လိုနေလဲ'
'အိန်ဂျယ်လေးလိုပဲ၊လာ၊မြန်မြန်ထိုင်၊ဆံပင်လုပ်ရမယ်'
ရှားလော့အောင်ခိုင်ဆံပင်ကိုဂရေစ့်ကောက်ပေးနေရင်း
'မှတ်မိပါသေးတယ်၊သမီးလေးလေးမင်္ဂလာဆွမ်းကျွေးတုန်းကသမီးလေးဗမာရင်ဖုံးလေးနဲ့လျှောက်ပြေးခဲ့တာလေ၊'
'အဲ့တာခွေးလိုက်လို့လေ'
နှစ်ယောက်သားရယ်မောကာနေရင်းဂရေစ့်မှန်ထဲကနေသမီးဖြစ်သူကိုကြည့်လိုက်သည်၊
'သမီးကနောက်မိနစ်အနည်းငယ်ဆိုအိမ်ထောင်သည်ဖြစ်ပြီနော်၊သမီးမာန်သွေးခက်ပေါ်ဆိုးလို့မရဘူးနော်၊အိမ်ထောင်သည်တစ်ယောက်အနေနဲ့ကိုယ့်အိမ်ထောင်ရေးသာယာဖို့အချိန်တိုင်းကြိုးစားနေရမယ်၊တစ်ယောက်နဲ့တစ်ယောက်နားလည်မှုထားပြီးသစ္စာရှိရှိနဲ့မေတ္တာထားရမယ်၊ကိုယ့်လျှောက်တဲ့လမ်းကိုဆုံးခန်းတိုင်အောင်လျှောက်ရမှာသဘာဝပဲသမီး၊မာမီတို့လက်ထဲကနေသမီးလွတ်သွားပြီးမို့သမီးဘာသာတွေးတောဆင်ခြင်ရမယ်၊ကြားလားသမီး'
'မာမီ'
ဂရေစ့်ဘက်ကိုလှည့်ကာရှားလော့ဖက်လိုက်သည်၊
'မငိုရဘူးလေ၊မာမီကလေးလေးရဲ့၊သမီးသိထားရမှာကမာမီတို့သမီးနားမှအမြဲရှိနေပေးမှာ၊ဒါကြောင့်ဘယ်တော့မှစိတ်မညစ်ရဘူးနော်၊ဘဝကိုပျော်ပျော်ဖြတ်သန်းဟုတ်လား'
'ဟုတ်'
'တိတ်တိတ်၊အလှတွေပျက်ကုန်မယ်'
ခဏအကြာဧည်သည်များလည်းစုံလင်ကာရွှေရုပ်လွှာလည်းလက်ထပ်စာချုပ်နဲ့အတူအခမ်းအနားအလယ်မှာမာန်သွေးခက်နဲ့စောင့်နေသည်
ရွှေရုပ်လွှာလူများကိုပြုံးပြနေရင်းတီးတိုးကာ
'မာန်သွေးခက်'
'ဟုတ်ပြောပါ၊မေမေ...'
'မခေါ်နဲ့၊ငါကျေနပ်သေးတာမဟုတ်ဘူး၊ငါသမီးမျက်ရည်ကျရင်မင်းအင်းစိန်ထောင်ထဲရောက်မယ်သိထား'
မာန်သွေးခက်လည်းခြိမ်းခြောက်ခံလိုက်ရသည်မို့အနည်းငယ်လန့်သွားသည်
ထိုအချိန်ရွှေရတုမှ
'သတို့သမီးရောက်ရှိနေပြီမို့အားလုံးခဏလောက်တိတ်ဆိတ်ပေးပါ'
တီးလုံးသံနဲ့အတူရောက်လာတဲ့သူမဟာလှပနေသည်၊
အဖြူရောင်သတို့သမီးလေးဟာဒီအခမ်းအနားထဲဝယ်နတ်သမီးတမျှလှပနေသည်၊
လက်ထပ်စာချုပ်ပေါ်လက်မှတ်ထိုးလိုက်ကာလက်ထပ်လက်စွပ်အပြန်အလှန်လဲလည်ဝတ်ပေးကြသည်၊
လူအများရဲ့အားပေးလက်ခုပ်သံတွေနဲ့အတူသတို့သမီးနှစ်ဦးအနမ်းနဲ့အခမ်းအနာကိုအဆုံးသတ်လိုက်ကြသည်
အခမ်းအနားပြီးပါတီပွဲအချိန်တွင်ဂရေစ့်နဲ့ရွှေရုပ်လွှာလူတွေနဲ့ဝေးဝေးကိုထွက်လာပြီးသစ်ပင်တစ်ပင်အောက်မှာဖျာခင်းကာထိုင်လိုက်ကြသည်၊သမီးမသိအောင်ယူလာတဲ့ဝိုင်ပုလင်းရယ်စတော်ဘယ်ရီသီးတွေရယ်ကိုအသာနေရာချကာဂရေစ့်အောင်ခိုင်ရွှေရုပ်လွှာရင်ခွင်ထဲဝင်နေလိုက်သည်၊
'ကဲ၊မျောက်တစ်ကောင်တော့ခြေငြိမ်သွားပြီ၊'
ဂရေစ့်စကားကြောင့်ရွှေရုပ်လွှာရယ်ရင်းစတော်ဘယ်ရီသီးတလုံးကိုပါးစပ်ထဲကောက်ထည့်လိုက်သည်၊
'သမီးမိတ်ကပ်ကအတော်လေးလှတယ်နော်၊ဆံပင်ကောပဲ'
'လှဆိုဂရေစ့်ပြင်ပေးထားတာလေ'
'အကုန်လုံးကလေးလက်ရာပဲပေါ့'
'ဟုတ်ပါ့'
ဂရေစ့်အောင်ခိုင်အဝေးကိုငေးမောရင်းပြောလိုက်သည်၊
'အချိန်တွေကမြန်လိုက်တာနော်....ဂျစ်တအားတိုက်တဲ့ကလေးကအခုတော့မိသားစုတခုတည်ဆောက်တော့မယ်တဲ့လား၊'
'ကိုယ်ကိုရေမှားပက်တဲ့ကလေးနဲ့အတူနေလာတာတောင်အတော်ကြာခဲ့ပြီပဲနော်၊အခုအချိန်ထိသစ်ခွပန်းဖိုးတွေမတောင်းရသေးပါလား'
'ဟယ်၊ကလေးတွေတောင်ကြီးနေပြီလေ၊လိုချင်သေးတုန်းလား'
'အာဘွားပေးရင်ကျေပေးမယ်'
ဂရေစ့်လည်းရွှေရုပ်လွှာပါးကိုတချက်နမ်းလိုက်သည်၊
နစ်ယောက်သားသစ်ပက်အရိပ်အောက်မှာငြိမ်သက်စွာထိုင်နေကြလေသည်၊
စိုးမိုးနိုင်တစ်ယောက်ပါတီပွဲမှာလူတစ်ယောက်ကိုလိုက်ရှာနေသည်
'အမဘာတွေရှာနေတာလဲ'
'ဘရဏီလေ'
'ဘရဏီကကနေဒါပြန်သွားပြီ'
'ဘာ!နင်ငါ့ကိုအခုမှပြောရသလားဟ!'
'အမကိုမှာထားတယ်'
'ဘာမှာထားတာလဲ'
'သူနဲ့မဆက်သွယ်ပါနဲ့တဲ့'
'သူငါ့ကိုတကယ်ကြီးမုန်းနေတာပဲ'
'အမစိုးမိုးနိုင်ဒီတိုင်းနေတော့မှာလား'
'ငါကဒီလိုမနေလို့ဘယ်လိုနေရမလဲ'
'လိုက်ချော့လေ၊သူနဲ့အမကသူစိမ်းတွေမှမဟုတ်ပဲ၊ငယ်ငယ်ကတည်းကအကြောင်းသိတွေလေ၊လိုက်ချော့ပေါ့အမရယ်'
'ဟုတ်တယ်၊နင်ပြောတာမဆိုးဘူး၊ငါသွားတော့မယ်၊'
'အခုလား'
'ဟုတ်တယ်'
စိုးမိုးနိုင်မင်္ဂလာပွဲကအမြန်အိမ်ပြန်အဝတ်အစားထုတ်ကာကနေဒါကိုအမြန်ပြန်သွားလေသည်၊
'အန်တီ၊အန်တီအမကဘာဖြစ်သွားတာလဲ၊၊ပြေးထွက်သွားတာမြင်လိုက်တယ်'
'ဘရဏီနောက်လိုက်သွားတာပါအသေးလေးရယ်၊လာ၊ဧည့်သည်တွေစောင့်နေတယ်'
'ဟုတ်'
The end
ရှားလော့တို့ပဲပြီးတာနော်Extraလာမယ်

တစ်လမ်းကျော်မှာအချစ်ရှိတယ်(s 2)တစ်လမ်းကျော်မှာအချစ်ရှိတယ်(s2)completedWhere stories live. Discover now