4

665 82 2
                                    

ရှားလော့အောင်ခိုင်လှည်းတန်းဘက်
တစ်ယောက်တည်းထွက်လာရာ
မုန့်ဝယ်နေချိန်
'ဘယ်လိုလဲ၊အရိုက်ခံရတာနာလား'
'အန်တီကြီးတိုင်တာမလား'
'ဒါပေါ့'
မာန်သွေးခက်ကိုမျက်စောင်းထိုးကာဆိုင်ရှင်ကိုပိုက်ဆံရှင်းလိုက်သည်၊
'အန်တီကြီးတိုင်လို့မာမီကရှားလော့ကိုစုတ်တံတွေ၊ဆေးတွေတောင်ဝယ်ပေးသေးတယ်၊ကျေးဇူးပဲနော်အန်တီကြီး'
မာန်သွေးခက်မျက်မှောင်ကျုံကာထွက်သွားမည်လုပ်သည့်ကလေးမလက်ကိုလှမ်းဆွဲလိုက်သည်၊
'ဟာအန်တီကြီးလွှတ်'
'မင်းလေးကမင်းအမေနဲ့အတော်တူတာပဲ'
'ဘယ်တစ်ယောက်လဲ'
'ဂရေစ့်နဲ့'
'သြော်ချောတာကို'
မအေလိုပင်မာန်တတ်သေးသည်၊
'ရုပ်ဆိုးတာကွ'
'အောင်မာ၊ရှားလော့သာမော်ဒယ်လုပ်ရင်လေတခြားမော်ဒယ်တွေထိုင်ငိုသွားမယ်'
'ဘာလို့လဲစိတ်ညစ်လို့လား'
'အန်တီကြီးနော်!'
'အာပြဲလေးမအော်နဲ့လေ'
'အော်တော့ဘာဖြစ်လဲ၊ဟမ်၊ဘာဖြစ်လဲ'
'ဒီချာတိတ်ကတော့'
'အောင်မာ၊ရှားလော့အသက်၂၀ပြည့်သွားပြီ'
'၂၀ကျော်တဲ့ကောင်မလေးတစ်ယောက်ကအချိုတွေအဲ့သလောက်စားနေရင်သွားတွေကျိုးကုန်မယ်'
'ကျိုးရင်ပြန်စိုက်မှာပေါ့၊မာမီမှာပိုက်ဆံရှိတယ်'
'ဟယ်၊လူကြီးကိုကပ်ကပ်လန်ပြန်ပြောနေပါလား'
'ပြောမှာပဲ၊ကလေးလည်းပါးစပ်ပါတာကို'
နှုတ်ခမ်းကိုဆူကာဘဲပေါက်လေးလိုပင်
နဖူးကိုတချက်တောက်လိုက်တော့မျက်မှောင်ကလေးကျုံကာ
ထွက်သွားသည်၊
ခဏအကြာတော့ပြန်လာကာမိမိခြေထောက်ကိုကန်ကာထွက်ပြေးသွားသည်၊
'မလွယ်ဘူး၊မအေအတိုင်းပဲ'
နောက်ဖေးလမ်းကြားပန်းခြံတခုထဲရှားလော့ဝင်သွားသည်
ပန်းချီသင်တန်းကသူငယ်ချင်းအုပ်စုရှိရာဆီအပြေးလာကာထိုင်ချလိုကါသည်
'ဟယ်နင်ကလည်းကြာလိုက်တာဟယ်'
'မပြောချင်ဘူးသွန်းစက်ရယ်၊အန်တီကြီးတစ်ယောက်ဟာရစ်နေတာ'
'အေးပါဟယ်၊ကဲ၊ဒါဆိုပုံစဆွဲကြတာပေါ့'
'ok၊ငါဆေးတွေတော့ယူလာတယ်'
မာန်သွေးခက်အဝေးကငေးကြည့်ကာပြုံးနေမိသည်၊
မသိစိတ်ကပြုံးနေမိတာကိုသတိထားမိကာမျက်နှာကိုပြန်တည်လိုက်ပြီးပြန်လာလိုက်သည်၊
ရှားလော့လည်းနာရီအတော်ကြာရေးဆွဲပြီးနောက်
မိခင်ဖြစ်သူဆီမှဖုန်းဝင်လာသည်
'ဟယ်လိုမာမီ'
'သမီးဘယ်မှာလဲ၊လှည်းတန်းဘက်ကနောက်ဖေးလမ်းကြားပန်းခြံထဲမှာပုံဆွဲနေလို့'
'သြော်ဒါဆိုမာမီလာခေါ်မယ်'
'အယ်၊ဘာလို့လဲ'
'ဟယ်၊ဒီနေ့မားမားမွေးနေ့လေ၊မေ့နေကြတာလား'
'အာ၊ဟုတ်ပါ့၊'
'သားအမိတွေလိုက်ပါ့၊အမေကလည်းကိုယ့်မွေးနေ့ကိုမမှတ်မိ၊သမီးတွေကလည်းမေ့'
'သမီး၊ကိတ်မုန့်ဝယ်ခဲ့မယ်လေ'
'အင်းကောင်းသားပဲ၊၊မာမီ၊နောက်နာရီဝက်လောက်ဆီုရောက်မယ်'
'ဟုတ်'
ရှားလော့ပစ္စည်းများသိမ်းကာ
'သွန်းစက်ရေ၊ငါပြန်မှရတော့မယ်သိလား'
'နင့်ပုံကကော'
'ပြီးပြီလေ'
'သြော်အေးတာ့တာ'
အနီးဆုံးကိတ်ဆိုင်ကိုပြေးကာchocolate ကိတ်သားနှင့်မွေးနေ့တခုကိုအမြန်ဝယ်လိုက်သည်၊
သားအမိ၃ယောက်သားတိုင်ပင်ကာဆိုင်တဆိုင်ကိုချိန်းလိုက်သည်
ဆိုင်ထဲဝင်လာတဲ့မိခင်ရွှေရုပ်လွှာသီချင်းသံတခုကိုကြားလိုက်ရသည်၊
'Dear future husband
Here's a few things you'll need to know if you wanna be
My one and only all my life'
ကြားဖူးနေတဲ့အသံဟာစင်ပေါ်ကပင်
ဂရေစ့်အောင်ခိုင်ဖြစ်နေခြင်းပင်၊
ကလေးနှစ်ယောက်ဟာမိခင်ကိုဆွဲခေါ်ကာဂရေစ့်ကဆင်းလာကာ
နှင်းဆီပန်းစည်းကြီးကိုပေးကာသီချင်းဆိုပြလေသည်၊
ရွှေရုပ်လွှာပြုံး၍သာနေမိသည်၊

တစ်လမ်းကျော်မှာအချစ်ရှိတယ်(s 2)တစ်လမ်းကျော်မှာအချစ်ရှိတယ်(s2)completedWhere stories live. Discover now