7

637 69 2
                                    

'သမီးရယ်၊သမီးအလုပ်လုပ်ဖို့ထိမလိုသေးပါဘူး၊မာမီတို့အခုကုန်စုံဆိုင်လေးဖွင့်မလို့တွေးပြီးသား´
'ဟာတကယ်လား၊ဘယ်နားမှာလဲဟင်´
'လမ်းထိပ်ကဆိုင်က၁လ၄သိန်းနဲ့ငှားမယ်ဆိုလို့မားမားစာချုပ်ချုပ်လိုက်တာ၊မာမီကနယ်စပ်ကကလေးလူကြီးတွေကြိုက်လောက်တဲ့မုန့်တွေ၊ပစ္စည်းတွေတင်မယ်၊မားမားတို့ကရောင်းမယ်၊မကောင်းဘူးလား´
'ဟုတ်ကောင်းပါတယ်၊သမီးကလေကလေးပန်းချီသင်မလားလို့၊´
'သြော်ဟုတ်ပါပြီကွယ်၊အခုလိုတော့အလုပ်လုပ်နဲ့တော့နော်၊´
'ဟုတ်မာမီ´
'မာမီအသည်းကလေးကလိမ္မာနေပါလား၊´
'သြော်ဒါနဲ့၊မနက်ဖြန်သမီးကားခဏသုံးလို့ရလား၊´
'အင်းသုံးလေ၊သမီးကဘယ်သွားမလို့လဲ´
'သြော်၊သမီးအိတ်တွေမိတ်ကပ်တွေဝယ်မယ့်အန်တီနဲ့တွေ့မို့ပါ´
'ဟုတ်ပါပြီ၊အခုတော့ဒီကားပဲမျှသုံးကြပေါ့၊မာမီတို့ပိကြၽဆံတွေစုနိုင်တော့မှသမီးလေးကိုကားအသစ်တစ်စီးဝယ်ပေးမယ်နော်´
'ရပါတယ်၊မာမီရဲ၊သမီးကYBSသေချာမစီးတတ်သေးလို့ပါ၊စီးတတ်ရင်သမီးYBSနဲ့ပဲသွားမှာပါ´
'ဟုတ်ပါပြီ၊ဒီနေ့သမီးကြိုက်တဲ့sandwichလေးလုပ်ထားပေးတယ်စားလိုက်နော်´
'ဟုတ်မာမီ´
ထိုအချိန်ဂရေစ့်အောင်ခိုင်ဆီဖုန်းဝင်လာရာ
'ဘွားတော်လည်းသွားစားလေ၊ဂရေစ့်ဖုန်းပြောလိုက်ဦးမယ်´
'ဟုတ်ပါပြီ´
ဂရေစ့်စာကြည့်ခန်းထဲဝင်ကာတံခါးကိုလော့ချလိုက်သည်၊
'ဟယ်လို၊´
'မမလေးပြောတဲ့ကိစ္စနဲ့ပတ်သတ်တဲ့လူကိုစုံစမ်းလို့ရပါပြီ´
'အင်း​ဆက်ပြော´
'နာမည်ကသိန်းတိုးတဲ့၊မမလေးတို့စက်ရုံကိုကုန်ကြမ်းလာချနေကြကွန်တိန်နာမောင်းတဲ့ကောင်၊အခုလောလောဆယ်အဲ့ကောင်ပျောက်နေတယ်၊သေချာတာဒီကောင်လက်စဖျောက်ခံရတာဒါမှမဟုတ်ပုန်းရှောင်နေတာဖြစ်လောက်ပါတယ်´
'ရှာလို့တွေ့နိုင်ပါ့မလား´
'ကျွန်တော်တို့နယ်စပ်ဘက်ကနေမမလေးမှာတဲ့ပစ္စည်းတွေသွားယူရင်းလူဖြန့်ရှာဖို့တွေ့ထားပါတယ်၊´
'ကောင်းပါပြီ၊အလုပ်များသွားပါပြီ၊ကျေးဇူးလည်းအများကြီးတင်ပါတယ်ဦးလေး´
'ရပါတယ်မမလေး၊မမလေးရဲ့အဖိုးကကျွန်တော်တို့ရဲ့ကျေးဇူးရှင်၊ထမင်းရှင်ပါ၊ယခုချိန်ထိလည်းမမလေးအဖိုးရဲ့အရိပ်အောက်မှာနေရတုန်းပဲမို့ဒီကျေးဇူးကြွေးကိုသေသည်အအထိဆပ်မှာပါ´
'ဟုတ်ကဲ့ပါ၊ဦးလေး၊အကယ်လို့ရှာတွေ့ပြီဆိုအသက်ရှင်လျက်ထားပါ၊´
'ကောင်းပါပြီ၊မမလေး´
တံခါးခေါက်သံကြောင့်ဂရေစ့်တံခါးဖွင့်ပေးရာ
အကိုဖြစ်သူဂျွန်နီအောင်ခိုင်ဖြစ်နေသည်၊
မချိမသာပြုံးပြတော့အကိုကရယ်သည်
'ဂရေစ့်ရာ၊နင့်အဲ့လိုကြီးမပြုံးနဲ့၊နင်နဲ့မလိုက်ဘူး၊ငါတို့အတွက်ပူမနေနဲ့၊ဟိုမှာအိမ်ကြီးလည်းရှိသေးတယ်၊မွေးမြူရေး၊စိုက်ပျိုးရေးလည်းကောင်းနေတာ၊ငါတို့အဆင်ပြေတယ်၊ပြီးတော့စောကလည်းဟိုမှာသူ့မိဘတွေနဲ့အေးအေးဆေးဆေးခြံမှာအလုပ်လုပ်ချင်တာလေ၊´
'အင်းပါ၊ပရိဘောဂဘာညာသယ်ဖို့ကောရလား၊´
'ဘာမှမယူတော့ဘူး၊ဂရေစ့်၊အကိုတို့အဖိုးပစ္စည်းတွေ၊အမှတ်တရပစ္စည်းတွေကလွဲပြီးအကိုတို့ဘာမှမသယ်တော့ဘူး´
'အင်းပါ´
'နင့်ကိုနင်ဂရုစိုက်နော်၊ဂရေစ့်၊အကိုကနင့်ဘေးမှာမရှိတော့ဘူးဆိုတော့နင်တစ်ယောက်တည်း´
'ဘယ်ကသာဟာ၊ငါဘေးမှာငါချစ်တဲ့သူတွေရှိသေးတယ်၊ဒီပွဲမှာငါမရှုံးသေးဘူး၊မာန်သွေးခက်ရဲ့ထောက်ချောက်ကပန်းမွေ့ယာဖြစ်နေတာ၊ငါ့သမီးတွေကအခုဆိုငါအပေါ်သိပ်သိတတ်နေပြီ၊နင့်တူမအခုဆိုအလုပ်လုပ်နေတာ၊ကလေးဆန်တာတွေလျော့လာတယ်၊သမီးရတုလေးကလည်းငါ့အသိcompanyတခုမှာအလုပ်ဝင်နေတယ်၊ငါလည်းအဆင်ပြေနေပါတယ်၊အကို၊ဘွားတော်ကလည်းလမ်းထိပ်မှာစျေးဆိုင်လေးဖွင့်မယ်ပြောတယ်၊အပိုဝင်ငွေပေါ့အကိုရာ´
'အဖိုးသာဒါတွေမြင်ရင်သိပ်ပျော်မှာ´
'အဖိုးသာဆိုသူ့မြစ်တွေကိုတုန်နေအောင်ချစ်မှာ´
အဖိုးဦးအောင်ခိုင်အကြောင်းတွေးရင်းမျက်ရည်များဝဲလာကြသည်
'မောင်နှမနှစ်ယောက်ဘာတွေတွေးနေကြတာလဲ´
'စော၊´
'အကိုစောလာလေ´
စောမိုးယံဝင်လာကာ
'အိမ်ပြန်ရအောင်လေ၊မနက်ဖြန်သွားမှာဆိုတော့စောစောနားမှကောင်မှာလေ၊´
'ဟုတ်တယ်လေ၊´
'ပြီးတော့ဂရေစ့်တို့အားရင်လာလည်ကြနော်၊ငါ့ညီမလေးကိုအကိုတို့မျှော်နေမယ်ကြားလား´
'ဟုတ်အကိုစော၊´
'စိတ်မကောင်းမဖြစ်ကြပါနဲ့တော့၊ဖြစ်ပြီးတာတွေဖြစ်ပြီးပြီပဲ၊တစစီပြိုကွဲသွားတာလည်းမဟုတ်ပဲ၊´
'ဟုတ်ကဲ့ပါ၊အကိုစော၊အကိုတို့ပြန်ကြတော့လေနော်၊´
ဦးလေးဖြစ်သူတောင်ကြီးသွားတော့မည်ဆိုတော့ရှားလော့အောင်ခိုင်တို့ကပ်ချွဲနေသည်၊
'လေးလေး၊လွမ်းနေမယ်သိလား´
'သြော်၊လွမ်းရင်လာလည်ကြပေါ့´
'သမီးတို့အလုပ်ရက်ရှည်နားရင်လာလည်မယ်လေးလေး´
'ကတိနော်၊ရတုလေး´
'ဟုတ်ကတိလေးလေး´
'လေးလေးစောကိုလည်းရှားလော့လွမ်းနေမှာသိလား´
'ဟုတ်ပါပြီ၊သမီးတို့လာရင်လေးလေးစောတိုဟူးနွေးလုပ်ကျွေးမယ်ဟုတ်ပြီလား´
'ဟုတ်´
အကိုဖြစ်သူနှုတ်ဆက်သွားတော့ဂရေစ့်တစ်ယောက်သက်ပြင်းချမိသည်၊ထိုအခါရွှေရုပ်လွှာကဂရေစ့်ခါးလေးကိုကိုင်ကာခေါင်းလေးကိုတချက်နမ်းလိုက်သည်၊
'သက်ပြင်းမချနဲ့ကလေးလေးရဲ့၊´
'ဘွားတော်မုန့်စားပြီးပြီလား´
'ပြီးပြီ´
'အရသာကောကောင်းရဲ့လား၊ဂရေစ့်လိုင်းပေါ်ကကြည့်လုပ်ထားတာ´
'ကောင်းတာပေါ့၊ကလေးလေးရဲ့၊´
တစ်နေ့တာဟာကုန်မှန်းမသိကုန်သွားခဲ့သည်
နောက်နေ့မနက်ရှားလော့အောင်ခိုင်အလှဆုံးပြင်ဆင်ကာကားနှင့်ထွက်လာသည်
R.Lဆိုသည့်ရွှေရောင်စာတန်းကြီးကိုငေးမောနေချိန်
ကားတစ်စီးရောက်လာသည်၊
ကားပေါ်ကဆင်းလာသည့်သူမဟာခက်ထန်သောမျက်နှာပေးနှင့်
ခပ်လန်းလန်းအနက်ရောင်ဝတ်စုံဟာသူမနှင့်တသားတည်းကျကာလှပသည်၊
ဆံပင်အရှည်ကိုထုံးဖွဲ့ထားပြီးဆလင်းဘတ်အိတ်ကိုစမတ်ကျကျကိုင်ထားသည်၊
သူမဘေးမှာယောကျာ်းသားမှာတလေးတစားဆက်ဆံနေသည်၊
တလှမ်းချင်းသူမနားလျှောက်လာမိသည်
ရင်ခုန်သံတွေကြားသွားမှာစိုးလှသည်
'အ...အန်တီ!´
'အသေးလေး....´
ထိုလူတွေကြားမှအန်တီကရှားလော့ဆီလျှောက်လာသည်၊
'ဘာကိစ္စလဲအသေးလေး´
'အန်တီကိုအိတ်တွေနဲ့မိတ်ကပ်တွေပြမို့လေ၊ဒီမှာအန်တီကိုပြောတဲ့အိတ်´
'တီလေးကဘယ်တုန်းကပန်းရောင်ကြိုက်သွားတာလဲ´
'ရှင်၊အန်တီကပန်းရောင်မကြိုက်ဘူးလား´
'တီလေးကပန်းရောင်တွေမုန်းတာ´
'နေသူရိန်နင်နဲ့မဆိုင်ရင်ဝင်မပါနဲ့´
'ရပါတယ်၊ကိုသူရိန်ကိုတေည့မဆူပါနဲ့၊ရှားလော့ကအန်တီမကြိုက်ပဲသနားလို့ဝယ်တာတော့မဖြစ်စေချင်ပါဘူး၊ဒါကြောင့်အန်တီကိုမရောင်းတော့ပါဘူး´
'နေဦး၊အသေးလေး၊ငါကြိုက်ပါတယ်၊အိတ်ဒီဇိုင်းလေးကို´
'ဒါပေ့မဲ့အရောင်က´
'အရောင်ကအဓိကမဟုတ်ပါဘူး´
'မိတ်ကပ်တွေကောပြမယ်မလား၊ရုံးခန်းလိုက်ခဲ့လေ´
'ဟုတ်အန်တီ´
ချက်ချင်းပြုံးပျော်သွားတဲ့ကလေးမကိုငေးကြည့်နေမိသည်၊
ဓာတ်လှေကားနှင့်ရုံးခန်းရှိရာတက်မည်လုပ်သောအခါ
မာန်သွေးခက်နေသူရိန်ကိုတားလိုက်သည်
'နင်မပါဘူး´
'ဘာလို့လဲ၊တီလေး´
'အသေးလေးအတွက်milk teaသွားဝယ်၊Bubbleများများထည့်ခဲ့´
'တီလေးဒီနားမှာmilk teaဆိုင်မရှိဘူးလေ´
'ငါသိတယ်၊Centerမှာသွားဝယ်´
'Centerကအဝေးကြီးလေ´
'နင့်မှာခြေထောက်တွေပါတယ်မလား´
'ဟုတ်´
'အေး၊ရအောင်သွားဝယ်၊မပါရင်ပြန်မလာနဲ့၊ပြီးတော့အကြာကြီးမစောင့်ဘူး´
'ဟာ၊တီလေး´
မာန်သွေးခက်ရဲ့အေးစက်သောမျက်ဝန်းများဟာနေသူရိန်ကိုအေးခဲသွားသလိုပင်ခံစားစေရသည်၊
ရုံးခန်းရောက်တော့ပြုံးပျော်ကာmake upတွေအကြောင်းရှင်းပြနေတဲ့ကလေးမကိုပြုံးကာကြည့်နေမိသည်၊
'ဒီမှာလေအန်တီ၊သူကနှုတ်ခမ်းသားကိုစိုစိုလေးဖြစ်နေစေတာစမ်းဆိုးပြမယ်´
မိမိနားကပ်လာတော့ရင်ထဲတလှပ်လှပ်ဖြစ်လာသည်၊
မိမိနှုတ်ခမ်းကိုကလေးမစိုက်ကြည့်နေသည်ဆိုသည့်အသိကမိမိကိုအတွေးမျိုးစုံဝင်စေသည်၊
'အန်တီဒီမှာကြည့်ကြည့်´
အိတ်ထဲကအိတ်ဆောင်မှန်ကိုထုတ်ပြပေ့မဲ့မျက်ဝန်းတွေကသူမကိုလွဲပြီးဘာကိုမှကြည့်မနေချင်၊
ပြုစားခံထားရသလိုပင်၊
ဒီကလေးမရဲ့မျက်နှာဝိုင်းဝိုင်းကလေးကအပြစ်တင်ရန်မပြောနှင့်
အပြစ်မြင်ရန်ပင်မဖြစ်နိုင်
ရယ်လိုက်ရင်ပေါ်လာတဲ့သွားထက်လေးကိုသတိထားမိသည်၊
'အန်တီ၊အန်တီ!´
'ဟေး၊အေး´
သတိလွတ်သွားသည်အထိငေးမိနေတဲ့မိမိကိုယ်ကိုအံသြနေမိသည်၊
'အန်တီကြိုက်လား´
'အင်း၊မင်းဘယ်လောက်လိုလဲ´
'ရှင်´
'မင်းဒါတွေကိုဘယ်လောက်နဲ့စျေးဖြတ်မလဲမေးနေတာ´
'အဲ့လိုတော့မရှိဘူးလေ၊တပတ်ရစ်ပုံစံပြန်ရောင်းတော့ကာစတန်မာစိတ်တိုင်းကျပေါ့ဟီး´
'ကောင်းပါပြီ၊သိန်း၂၀ပေးမယ်´
'အန်တီ၊အကုန်လုံးပေါင်းရင်တောင်၁၀သိန်းပဲကျတာလေ၊မများဘူးလား၊သမီးပစ္စည်းတွေကစျေးကြီးပေ့မဲ့အဲ့သလောက်ရှိဘူး၊မာမီကစျေးတအားကြီးရင်ဖြုန်းသလိုဖြစ်နေမှာစိုးလို့ဆိုပြီးတအားမဝယ်ပေးဘူး၊အခုအန်တီအခုယူတာအိတ်၅လုံးရယ်၊နှုတ်ခမ်းနီ၉တောင့်ရယ်ပဲလေအဲ့လောက်မကျဘူးလေ´
'မင်းကလိမ္မာတယ်၊မင်းအမေတွေကိုသိတတ်လို့ငါဆုချတာ၊ယူလိုက်၊ဒါတွေထားခဲ့လိုက်၊ပြန်မှယူသွားမယ်၊ပိုက်ဆံကလက်ငင်းလား၊ဘဏ်အကောင့်ထဲကိုလွဲရမလား´
'ဘဏ်အကောင့်ထဲပဲလွဲပေးပါရှင့်၊ကျေးဇူးတင်ပါတယ်ရှင့်´
ထိုအချိန်အမောတကောပြေးဝင်လာသူက
'တီလေးဒီမှာတီလေးမှာတဲ့Milk tea´
မာန်သွေးခက်မေးငေါ့ကာရှားလော့အောင်ခိုင်ကိုပေးရင်​မျက်နှာပေးဖြင့်ပြောလိုက်ရာအသက်ပြင်းပြင်းရှူကာ
'သောက်လိုက်ပါခင်ဗျ´
'အဆင်ပြေရဲ့လား၊ကိုသူရိန်´
'ပြေတယ်ခင်ဗျ၊မသေရုံတမယ်ပဲဗျ´
အဒေါ်ဖြစ်သူကိုရွဲ့စောင်းကာပြောလိုက်သည်
'အသေးလေးသောက်ပါ၊သူရိန်ကိုပူမနေနဲ့၊သူသောက်ချင်အပြင်မှာရေဘူးတွေပေးထားတယ်၊ယူသောက်လိမ့်မယ်´
'ဒါပေါ့၊ရှားလော့ပဲသောက်ပါ၊ကျွန်တော်ကအဆင်ပြေပါတယ်၊´
'အခုလိုအားပေးတာကျေးဇူးပါရှင့်၊အလုပ်ချိန်နီးနေပြီမို့ပြန်ခွင့်ပြုပါဦးအန်တီ´
'ဂရုစိုက်သွား၊အသေးလေး´
'ဟုတ်ကဲ့´
ရုံးခန်းထဲကထွက်သွားတဲ့ကလေးကိုကြည့်ကာပြုံးနေတုန်း
'သူရိန်၊အဲ့ပစ္စည်းတွေကိုအိမ်ပို့လိုက်၊ငါအခန်းထဲမှာထားထားလိုက်´
'ဟုတ်တီလေး၊ဒါတွေဘာလုပ်မလို့လဲ၊အန်တီအကြိုက်အရောင်တွေဒီဇိုင်းတွေလည်းမဟုတ်ဘူး´
'ခဏသိမ်းထားမလို့ဟဲ့၊ရှည်လိုက်တာနေသူရိန်ရယ်၊သွားစမ်းပါ´
နှုတ်ခမ်းမှာသူမဆိုးပေးခဲ့တဲ့နှုတ်ခမ်းနီအရောင်ဟာမိမိအကြိုက်မဟုတ်ပေ့မဲ့အပြစ်မမြင်ရက်ပေ၊
ညနေအိမ်ပြန်ရောက်တော့ကယ်လ်ဗင်နဲ့ရိုလီနဲ့အချိန်ခဏဖြုန်းကာအိမ်ပေါ်ကိုရေမိုးချိုးရန်တက်လာသည်၊
ရေချိုးပြီးကုတင်ပေါ်ကအိတ်များနှင့်နှုတ်ခမ်းနီများကိုသေချာကြည့်ကာကလေးမကိုပြန်မြင်ယောင်လာသည်၊
အဝတ်လဲခန်းထဲကလွတ်နေသည်အံဆွဲထဲတွင်စီစီရီရီထားကာသော့ခတ်သိမ်းထားလိုက်သည်၊
'အိတ်ကလေးတွေခဏသိမ်းထားပေးမယ်၊အသေးလေး´


တစ်လမ်းကျော်မှာအချစ်ရှိတယ်(s 2)တစ်လမ်းကျော်မှာအချစ်ရှိတယ်(s2)completedWhere stories live. Discover now