3

723 93 1
                                    

ယင်းမာနှင့်မိုးပုလဲတို့တောင်ကြီးကိုပြန်သွားကြပြီး
မိုးသစ်တောကတော့အလုပ်လုပ်ရန်ကျန်ခဲ့သည်၊
ဂရေစ့်အောင်ခိုင်ရုံးကိုသွားကာ
ရွှေရုပ်လွှာလည်းအမှုကိစ္စကြောင့်အပြင်သွားလေသည်
ထိုအချိန်အိမ်မှာကျန်ခဲ့သည့်ရှားလော့အောင်ခိုင်ထံဖုန်းဝင်လာသည်
'ဟယ်လို၊ပြောပါ´
'ဟဲ့၊ရှားလော့၊ငါလေ၊သွန်းစက်´
'သြော်အေး၊သွန်းစက်ပြော´
'ငါတို့ကိုဆိုင်တဆိုင်ကနံရံမှာArtworkလေးလုပ်ပေးပါလားတဲ့´
'ဟယ်၊ငါလာချင်တယ်၊ငါမားသားကြီးတွေမရှိဘူး၊အိမ်စောင့်နေရတယ်´
'ဟာ၊အိမ်တံခါးသော့ခတ်ခဲ့ပေါ့ဟာ၊လာစမ်းပါ၊နင်လက်ရာကငါတိူ့ထက်ပိုမိုက်တာမို့၊လုပ်စမ်းပါဟာ´
'အေးဟာ၊ဘယ်မှာလဲဆိုင်က´
'ငါလိပ်စာပို့လိုက်မယ်´
'ok၊နေဦးဟ´
ဧည့်ခန်းထဲgameထိုင်ဆော့နေတဲ့ရတုနှင့်သစ်တောဆီပြေးသွားကာ
'ငါအလုပ်ပေါ်လာလို့လိုက်ကြဦးမလား´
'ဟဲ့၊အမနင်အဲ့တာရပ်လိုက်ပြီမဟုတ်ဘူးလား´
'တလလောက်တော့ရှိပြီ၊ဒါပေ့မဲ့ငါဝါသနာပါတာကိုဟ´
'မာမီသိရင်သေမှာနော်၊နင်ကျောင်းမှာနောက်ဆုံးနှစ်ကျတုန်းကတောင်ရိပ်မိမလိုဖြစ်တာ၊ငါမနည်းဖုံးထားလို့´
'ဟယ်အခုလည်းမသိလောက်ပါဘူး၊သစ်တောနင်လည်းဝယ်စရာတွေရှိတယ်မလား´
'အေး၊ငါဖိနပ်တို့လွယ်အိတ်တို့ဝယ်မလို့´
'တခါတည်းသွားမယ်လေဟာ´
'မားမားကိုဖုန်းဆက်ရအောင်´
'မားမားနဲ့မာမီက၅နာရီမှပြန်ရောက်မှာအခုမှ၁၂နာရီပဲရှိသေးတယ်၊လာစမ်းပါဟာ´
၃ယောက်သားလူကြီးတွေမသိအောက်ထွက်ကြသည်၊
သွန်းစက်ပေးသည့်လိပ်စာအတိုင်းသွားကြရာ
Caféဆိုင်တခုတွင်မထင်မှတ်ထားသူကိုတွေ့လိုက်သည်၊
ရှားလော့အောင်ခိုင်သွားထက်ကလေးပေါ်အောင်ရယ်နေမိသည်၊
ထိူအမျိုးသမီးဟာဟိုတစ်နေ့ကနှင့်မတူ
Tshirtအပွကိုဂျင်းဘောင်းဘီနှင့်တွဲကာဝတ်ထားပြီးစာအုပ်ကိုအာရုံရောက်နေလေသည်၊
လူငယ်ပုံစံနှင့်လည်းသူမဟာလိုက်ဖက်နေသည်၊
သူမကိုကြည့်ရင်းမားမားကိုပင်သတိရမိသည်၊
ကော်ဖီကိုတကျိုက်မော့သောက်လိုက်တဲ့သူမကိုနှုတ်ဆက်ချင်လာ၍မှန်ကိုခေါက်လိုက်ရာ
ထိုအမျိုးသမီးကလှည့်ကြည့်လာသည်၊
မိမိကိုအံသြသလိုကြည့်နေတော့သဘောကျကာရှားလော့ရယ်ပြလိုက်ပြီးလက်ပြနှုတ်ဆက်လိုက်တော့
ကြောင်​တောင်တောင်နှင့်ပြန်နှုတ်ဆက်သည်၊
ထိုအချိန်ရွှေရတုကလက်ကဆွဲကာခေါ်သွားသဖြင့်မာန်သွေးခက်ထကြည့်လိုက်မိသည်၊
ထိုကလေးမနောက်ကိုလိုက်ရန်စာအုပ်ကိုသိမ်းကာအပြေးလိုက်မိသည်၊
ခဏအကြာကော်ဖီဆိုင်အသစ်တခုရဲ့နံရံမှာပန်းချီဆွဲနေသည့်သူမကိုမြင်တော့အကြံရကာဖုန်းဖြင့်ဓာတ်ပုံရိုက်ယူလိုက်သည်၊အနီးအနားမိတ္တူကူးဆိုင်မှာဓာတ်ပုံများprintထုတ်ကာနေသူရိန်မောင်ကိုဖုန်းခေါ်လိုက်သည်၊
'ဟယ်လို၊သူရိန်၊ငါ့ဂရေစ့်အောင်ခိုင်ဆီသွားမယ်၊နင်Companyကထွက်လာလိုက်တော့´
ကားရောက်သည်နှင့်မာန်သွေးခက်သဘောကျသလိုပြုံးကာတက်သွားသည်၊
Grace the gloryဆိုသည့်Companyကိုမြင်ရသည့်နှင့်မာန်သွေးခက်မဲ့ပြုံးလေးပြုံးလိုက်သည်၊
'မင်းတို့bossနဲ့တွေ့ချင်လို့´
'apponitmentများယူထားလားရှင့်´
'မလိုပါဘူး၊ရှားလော့အောင်ခိုင်အကြောင်းတိုင်ချင်လို့ပါလို့ပြောလိုက်ပါ´
ထိုသတင်းစကားကကိုကြားတော့မီတင်ခန်းတံခါးကိုအုန်းခနဲမြည်အောင်ဆောင့်ဖွင့်ပြီးဂရေစ့်အောင်ခိုက်ထွက်သွားတော့ဂျွန်နီအောင်ခိုင်လည်းနောက်ကအပြေးလိုက်သွားရသည်၊
ရုံးခန်းထဲခြေချိတ်ထိုင်ကာမာန်သွေးခက်ဝင်အလာကိုစောင့်နေသည်၊
'မင်္ဂလာပါ၊ဂရေစ့်´
'ကျွန်မကိုအားနေတယ်များထင်နေလား၊ဒေါ်မာန်သွေးခက်´
'​အို၊မဟုတ်ပါဘူးရှင်၊ကျွန်မကartworkစျေးလေးလာစုံစမ်းရုံပါ´
'ဘာ!´
'သြော်ဒီလိုပါ၊ဒါဂရေစ့်ရဲ့သမီးရှားလော့လေးများလားလို့ပါ´
ပုံထဲကသမီးပုံကိုမြင်တော့အင်္ကျီကော်လံစကိုဆွဲကာ
'နင့်ကိုယ်နင်ဘာထင်နေလဲ၊ငါမသိချင်ဘူး၊မာန်သွေးခက်၊ငါးသမီးတွေနားနင်ထပ်သွားရင်နင်အသက်နင်ဖက်နဲ့ထုတ်ထား´
မာန်သွေးခက်ကရယ်ကာ
'ဘာလဲ​ခြိမ်းခြောက်နေတာလား၊ဂရေစ့်အောင်ခိုင်၊သူများတကာကျရှုံးခန်းကိုကြည့်ရင်ပြုံးပြီးကြည့်သလိုကိုယ့်ကျရှုံးချိန်ရောက်ရင်လည်းပြုံးပြီးနေရမှာပေါ့၊ဘာလို့အဲ့သလောက်တောင်ကြောက်နေရတာလဲ´
'ငါ့သမီးတွေတခုခုဖြစ်ရင်နင်သေတာထက်ပိုဆိုးတဲ့အရာကိုကြုံရမယ်ဆိုတာမှတ်ထား´
ထိုအခါနေသူရိန်မောင်ဝင်လာကာ
'တီလေးကျွန်တော်တို့သွားသင့်ပြီ´
ဂရေစ့်ထိုကောင်လေးကိုသေချာကြည့်ရင်းမြင်ဖူးနေသည်ဟုစိတ်ကတွေးလိုက်လေသည်၊
တွန်ကြေသွားတဲ့ကော်လံကိုတချက်ပြန်ပြင်ကာမာန်သွေးခက်ပြုံးလိုက်သည်၊
'ကောင်းသောနေ့လေးဖြစ်ပါစေ၊ဂရေစ့်´
ဂရေစ့်ဒေါသကိုထိန်းထားကာနေလိုက်ပြီးညနေအစောရုံးကပြန်လာလိုက်သည်၊
ညနေ၄နာရီလောက်မှာရှားလော့တို့အိမ်ရောက်လာသည်၊
မိခင်ဖြစ်သူကားကိုမမြင်တော့ပြန်မရောက်သေးဟုတွေးကာအိမ်ထဲဝင်လာကြရာ
ဂရေစ့်အောင်ခိုင်ဧည့်ခန်းထဲမှာခြေချိတ်ကာထိုင်နေကြသည်
ကျွန်းစားပွဲပေါ်တွင်ပုံးတခုရှိနေသည်၊ထိုပုံးထဲတွင်ရှားလော့၏ပန်းချီပစ္စည်းများရှိနေသည်၊
'မာမီ´
'သား၊မိုးသစ်တော၊သွားနားလိုက်ပါဦး´
မိုးသစ်တောလည်းအေးစက်နေသည့်လေထုကိုသတိထားမိနေ၍ခေါင်းငြိမ့်ကာထွက်သွားလိုက်သည်၊
ဂရေစ့်ဘာမှမပြောပဲပုံးကိုယူကာခြံထဲဆင်းသွားတော့ရှားလော့တို့နောက်ကလိုက်ကာ
'မာမီ၊သမီးတောင်းပန်ပါတယ်၊သမီးနောက်ဆိုမလုပ်တော့ပါဘူး၊မာမီ´
'ပါးစပ်ပိတ်!နင်စာမေးပွဲကျတာဒါကြောင့်မလား!´
'မာမီ၊သမီးနောက်ဆိုလိမ္မာပါ့မယ်၊သမီးပစ္စည်းတွေကိုတော့မလုပ်ပါနဲ့နော်´
'ငါ့ကိုဘာလို့လိမ်တာလဲ၊ရှားလော့!ဟမ်!နင်ငါကိုဘာလို့လိမ်တာလဲ´
မိခင်ဖြစ်သူဒေါသဖြစ်ကာမိမိကိုစရိုက်တော့သည်၊
'သမီးတောင်းပန်ပါတယ်၊မာမီ၊သမီးပန်းချီဆွဲရတာသဘောကျလို့ပါ´
'နင့်ကငါ့ကိုဘာလို့အဲ့လိုလိမ်ရတာလဲ၊ရှားလော့နင်ဘယ်တော့မှအချိုးပြင်မှာလဲ!၊နင်အချိုးပြင်မှာလား၊မပြင်ဘူးလား!´
'သမီးတောင်းပန်ပါတယ်!´
'ငါနင့်ပစ္စည်းတွေကိုမီးရှို့မယ်၊ကြည့်နေ!´
'မာမီ၊မလုပ်ပါနဲ့!´
ရတုကပါဝိုင်းတားပေ့မဲ့ဒေါသနှင့်စိုးရိမ်မီးတောက်နေသည့်ဂရေစ့်ကိုတားမရ၊
ဓာတ်ဆီများပက်လောင်းကာမီးခြစ်ကိုပစ်ထည့်လိုက်ရာတဟုန်းဟုန်းတောက်လောင်သွားသည့်ထိုပုံးကလေးကိုကြည့်ကာရှားလော့ငြိမ်ကျသွားသည်
ထိုအချိန်ခြံထဲကားနဲ့ဝင်ချလာသည်ရွှေရုပ်လွှာလည်းသားအမိတွေနှင့်မီးကိုမြင်တော့ကားကိုခြံထဲပင်အပြည့်ဝင်မရပ်အားပဲအမြန်ပြေးဆင်းကာမီးကိုငြိမ်းလိုက်သည်၊
မီးကျွမ်းသွားတဲ့ထိုပုံးလေးကိုကြည့်ကာရှိုက်ကြီးတငင်ငိုနေတဲ့ရှားလော့ကိုရွှေရုပ်လွှာချော့ကာ
'ဘယ်လိုဖြစ်တာလဲဟမ်!ဂရေစ့်!ဘာဖြစ်ကြတာလဲ´
ရွှေရုပ်လွှာမေးတာကိုမဖြေပဲငိုနေတဲ့သားအမိတွေကြောင့်ပို၍သာစိုးရိမ်လာသည်၊
'ရတုသမီးဘာတွေဖြစ်ကြတာလဲ၊မားမားကိုပြော´
'ရှားလော့ပန်းချီဆွဲနေတာမာမီသိသွားလို့ပါ´
'ဘာ၊ရှားလော့ကပန်းချီဆွဲနေတာလား၊ဘာလို့မာမားတို့ကိုမပြောတာလဲသမီး´
'မာမီတို့ကတားမှာစိုးလို့ခိုးဆွဲနေတာ၊အမှန်တော့သမီးလည်းဝိုင်းဖုံးပေးထားတာပါ၊သမီးတောင်းပန်ပါတယ်´
'ကောင်းတယ်၊လုပ်ကြ၊သိလား၊လုပ်ကြ!၊ငါတို့ကိုနင်တို့လိမ်ကြ!´
'မာမီ၊ဘာသိလို့လဲ၊သမီးပန်းချီတွေကိုသဘောကျတယ်ဆိုတာကို၊မာမီဂရုမစိုက်ခဲ့ဘူးလေ၊မာမီသိတာ ဒီစီးပွားရေးပဲ!၊သမီးတို့နားမှမာမီအမြဲမှမရှိပဲ!မာမီအဆင်ပြေရင်အကုန်ပြေပြီထင်နေတာလေ!´
'ရှားလော့အောင်ခိုင်!´
'မာမီကိုမုန်းတယ်!မုန်းတယ်!´
ဂရေစ့်တစ်ယောက်သမီးဆီကမုန်းသည်ဟုအပြောခံလိုက်ရတော့အတော်ပင်ဝမ်းနည်းသွားသည်
အိမ်ထဲပြေးဝင်သွားသည့်ရှားလော့နောက်ကိုရတုပြေးလိုက်သွားရာဂရေစ့်နှင့်ရွှေရုပ်လွှာသာကျန်ခဲ့သည်၊
'ဂရေစ့်...´
'သမီးကဂရေစ့်ကိုမုန်းတယ်တဲ့၊သမီးက...´
'ကလေးတွေကစိတ်ဆိုးတုန်းခဏပါ၊စိတ်ထဲမထားပါနဲ့´
'ရှားလော့ပြောတာဘွားတော်ကြားလိုက်လား၊ဒါမှမဟုတ်ဂရေစ့်နားကြားမှားတာနေမှာပါနော်၊သမီးကအဲ့လိုပြောပါ့မလား၊ဂရေစ့်သူ့က်ုကာကွယ်ပေးချင်ရုံပါ၊´
'ဂရေစ့်မငိုနဲ့တော့၊ကလေးတွေကကြီးလာပြီ၊သူတို့လမ်းသူတို့ရွေးကြပါစေ၊ရှားလော့လေးပန်းချီဆွဲတာဘာဖြစ်လဲ၊ဆွဲပါစေပေါ့၊ဘာလိူ့သူ့ပစ္စည်းတွေကိုမီးရှို့ရတာလဲ´
'ဂရေစ့်မှားသွားပြီ၊သမီးလေးကဂရေစ့်ကိုမုန်းတယ်တဲ့´
ငိုမြဲသာငိုနေတဲ့ဂရေစ့်ကိုရွှေရုပ်လွှာပွေ့ဖက်ကာထားလိုက်သည်၊
နောက်နေ့မနက်ရောက်သော်ရှားလော့အောင်ခိုင်အစောနိုးလာသည်၊
'သမီးနိုးပြီလား´
ဂရေစ့်ကိုမြင်တော့မနက်စာပင်မစားပဲအပေါ်ပြန်တက်သွားသည်၊
ဂရေစ့်သက်ပြင်းချကာကော်ဖီပြန်သောက်နေလိုက်သည်၊
'သမီးကစိတ်ဆိုးနေတုန်းလား၊´
'အင်း၊ဂရေစ့်ကိုစိတ်နာနေလားမသိပါဘူး´
'ရှားလော့ကစိတ်မနာတတ်ပါဘူး၊ဘယ်သူနဲ့တူလဲသိလား၊ဒီကအမျိုးသမီးလေးလိုပဲကောက်စိန်လေးမို့´
ဂရေစ့်လည်းပြုံးကာမနက်စာကိုအပြီးသတ်လိုက်သည်
စနေနေ့မို့ရုံးပိတ်သဖြင့်ဂရေစ့်အိမ်မှာပဲနေဖြစ်နေသည်၊
ရွှေရုပ်လွှာဟင်းချက်နေချိန်ဂရေစ့်သစ်ခွများကိုရေလောင်းပေးနေသည်၊
ထိုအချိန်အိမ်ထဲကထွက်လာတဲ့ရှားလော့ကိုမြင်တော့
'သမီး၊ဘယ်လဲ´
'လေးလေးဆီ၊မားမားဟင်းပို့ခိုင်းလို့´
'သြော်အေး၊ဂရုစိုက်....´
စကားကိုနားမထောင်ပဲထွက်သွားတဲ့သမီးငယ်လေးကိုကြည့်ကာဂရေစ့်သက်ပြင်းချနေတာမြင်တော့ရွှေရုပ်လွှာထွက်လာကာ
'သမီးလေးကစိတ်ဆိုးရုံပါ၊ကြာရင်စိတ်ကောက်ပြေသွားမှာ´
'မထင်ဘူးဘွားတော်၊သမီးဒီလောက်ကြာအောင်စိတ်မဆိုးဖူးဘူး´
နေ့လည်စာလည်းအခန်းထဲမှာယူစားတော့ထမင်းစားချိန်အပြီးဂရေစ့်ရှားလော့အခမ်းဆီသွားကာ
'မာမီဘာယူလာလဲကြည့်ပါဦးကလေးလေးရဲ့´
ချောကလက်ဝေဖာကြိုက်သည်ကအစတူတာမို့
ဂရေစ့်စတိုးဆိုင်ကအမြန်ပြေးဝယ်ကာပေးလိုက်ပေ့မဲ့
'စားချင်စိတ်မရှိဘူး´
ဂရေစ့်လည်းမျက်ရည်များဝဲလာကာ
အခန်းထဲထွက်လာတော့ရွှေရုပ်လွှာမိမိမပါလို့မဖြစ်တော့သည်ကိုသိကာရှားလော့အခန်းထဲဝင်သွားသည်၊
'ရှားလော့၊ဘာလို့မာမီကိုဂျစ်တိုက်နေတာလဲ၊မားမားတောင်မာမီကိုငိုအောက်မလုပ်ရက်တာ၊သမီးကဘာလို့လုပ်ရတာလဲ´
'သမီးပန်းချီဆွဲရတာသဘောကျတာကိုမာမီကလက်မခံပေးဘူ၊အဲ့တာကျတရားလား´
ထိုအချိန်အခန်းထဲဂရေစ့်ဝင်လာသည်၊
'မာမီတောင်းပန်ပါတယ်၊သမီးရယ်၊´
ဂရေစ့်ရှားလော့ကိုရောင်စုံခဲတံနှင့်ပန်းချီစာအုပ်တချို့ကိုပေးလိုက်သည်
'သမီးရဲ့ပုံးလေးပျက်စီးသွားလို့၊မာမီအသစ်ဝယ်လာတယ်၊မာမီမတားးပါဘူးသမီးရယ်၊မာမီကိုလိမ်လို့မာမီဒေါသတကြီးလုပ်မိတာပါ၊မာမီကိုမမုန်းပါနဲ့ကလေးရယ်´
ဂရေစ့်ကိုအပြေးဖက်ကာရှားလော့ငိုပြီးပြောသည်၊
'သမီးမာမီကိုမမုန်းပါဘူး´
feedback pls!

တစ်လမ်းကျော်မှာအချစ်ရှိတယ်(s 2)တစ်လမ်းကျော်မှာအချစ်ရှိတယ်(s2)completedWhere stories live. Discover now