Side story:1

870 70 1
                                    

'ဟယ်လို၊ပြောပါ၊´
'ညီမလေးရေ၊အမပါ´
'မျက်နှာချိုသွေးပြောနေပါ့လား၊ဘာခိုင်းမလို့လဲ´
ရွှေရတုနေ့လည်စာစားနေချိန်ဖုန်းဝင်လာရာအမဖြစ်သူရှားလော့တစ်ယောက်မျက်နှာချိုသွေးလေသံအေးကာပြောနေလေတောတခုခုခိုင်းတော့မည်ဆိုတာရိပ်စားမိနေသည်၊
'သြော်၊ငါဒီမှာအိပ်ရာထဲက....အဲလေ...အိမ်ကထွက်မလာအားလို့လေ၊သားသားလေးကျောင်းကလည်းဖုန်းဆက်ခေါ်နေလို့တချက်လောက်သွားပေးပါလားဟယ်´
'ဟ၊အမနင့်သားမာန်ရှားအောင်ကျောင်းကညနေမှဆင်းတာလေ၊ဘာလို့အခုလာကြိုခိုင်းတာလဲ´
'ကျောင်းမှာရန်ဖြစ်လို့တဲ့လေ၊သွားပေးပါဟယ်၊ငါတကယ်မအားလို့ပါဟယ်´
'အေးဟာ၊ဒါပဲ´
'ကျေးဇူးပဲညီမလေး´
ရွှေရတုဖုန်းချပြီးသည်နှင့်နေ့လည်စာတောင်ဆက်မစားပဲတူဖြစ်သူကျောင်းကိုထွက်လာသည်၊
၁တန်းတတ်နေတဲ့မျောက်လောင်းလေးဟာအမြဲလိုလိုကျောင်းမှာပြသာနာတတ်သည်၊
'ဟိတ်ကောင်ဘယ်လိုတောင်ဖြစ်ရတာတုန်းကွာ၊ဒီလောက်အတန်တန်မှာထားရဲ့သားနဲ့´
'ဖြစ်တာကတော့ဒီကယွန်းထက်လေးနဲ့အရုပ်လုရင်းသမီးလေးကသားလေးကိုကိုက်လိုက်တာပါ၊ဒီကလေးမိဘတွေလည်းလာနေပါပြီ၊´
'သြော်ဟုတ်တီချယ်´
'ရတု....´
'ထက်သဒ္ဒါ....နင်ကဒီကိုဘယ်လိုလုပ်ရောက်လာတာလဲ´
'အဲ့တာတို့သမီးလေ´
'သြော်ဒီခွေးမလေးကမင်းသမီးလား´
ထက်သဒ္ဒါမျက်နှာပျက်သွားသည်၊
'သမီးတောင်းပန်လိုက်လေ၊ဆောရီးပါရတုရယ်၊သမီးလေးကသူအဖေလိုခပ်စွာစွာလေ´
မိမိဆီကခြံခုန်သွားပြီးကလေးတစ်ယောက်ရသွားတဲ့ရည်းစားဟောင်းကိုခနဲ့ချင်လာသည်၊
'ကိုက်တတ်တာပေါ့၊ထားပါ၊ငါတူလေးလည်းအဲ့သလောက်မဖြစ်သွားဘူးဆိုတော့၊နေပါစေ´
'မတောင်းပန်ပါဘူး!ယောကျာ်းဖြစ်ပြီးငိုတတ်သေး၊ဟဲ့သတ္တိရှိရင်ယှဥ်ချမလား!မာန်ရှား!´
ရွှေရတုပြန်ပြောနေတဲ့ကလေးမကိုကြည့်ကာကြောင်သွားသည်၊
ထက်သဒ္ဒါမိုက်သွေးကဲနေတဲ့သမီးကိုထိန်းကာအတင်းတောင်းပန်လေသည်၊
ရွှေရတုလည်းကြေအေးပြီးအိမ်ပြန်လာလိုက်သည်၊
မြေးဖြစ်သူကိုတမမလုပ်နေတဲ့မိခင်နှစ်ဦးကိုပြုံးကာကြည့်နေချိန်ရွှေရုပ်လွှာမှပြောလာသည်
'ညည်းကောဒီတသက်အိမ်ထောင်ပြုဦးမှာလား´
'နေပါ၊မားမားရယ်၊အပူတွေ´
'ရည်းစားနဲ့ပြတ်ပြန်ပြီလား´
တွဲပြတ်ဖြစ်နေတဲ့သမီးရွှေရတုကိုမိခင်ဖြစ်သူရွှေရုပ်လွှာအားမရချေ၊
'နင်ဘယ်တော့မှရည်းစားရမှာလဲ´
'မားမားရယ်၊သမီးငယ်သေးတယ်လေ၊မရီးcompanyရဲ့နိုင်ငံခြားရုံးခွဲမှာသွားဦးစီးဖို့လည်းသွားတော့မှာ၊ချစ်သူရည်းစားတွေကကြိုးရှည်ရှည်နဲ့လှန့်ထားမယ့်အရာတွေ၊ဟိုကျမှအဖြူမနဲ့ကောက်တွဲလည်းရတယ်´
ရွှေရုပ်လွှာရွှေရတုခေါင်းကိုတချက်ခေါက်ထလိုက်သည်၊
'ငါပြောတာအဖော်ရှာဖို့၊အဖော်များဖို့မဟုတ်ဘူး
ဘဝကိုအဖော်မမဲ့ပဲဖြတ်သန်းစေချင်လို့၊´
ခဏအကြာခြံထဲကားဝင်လာသည်၊
မာန်သွေးခက်နဲ့ရှားလော့အောင်ခိုင်ကိုမြင်တာနှင့်ပြေးကာကြိုရှာတဲ့သားငယ်ကိုမိခင်နှစ်ဦးကချစ်နေကြရှာသည်
'ကျေးဇူးပါ၊ညီမလေးရယ်၊အမတို့လည်းအလုပ်တွေရှုပ်နေလို့´
'ရပါတယ်၊အမသားကိုကိုက်တဲ့ကလေးမမိဘတွေနဲ့ကလည်းသိနေတာပဲကို´
'ဟယ်၊ဟုတ်လားညီမလေး၊ဘယ်သူမို့လို့လဲ´
'ညီမရည်းစားဟောင်းသမီးလေး၊ခြံခုန်ပြီးအဲ့ကောင်နဲ့ပဲညားပြီးခွေးမလေးတစ်ကောင်ပေါက်ထားတာလေ´
ရှားလော့အောင်ခိုင်တို့လည်းအံသြကာကြည့်နေကြသည်၊
'ထားလိုက်ပါ၊´
မာန်သွေးခက်လည်းအားကိုးရတဲ့ယောင်းမလေးနဲ့အတူအလုပ်ကိစ္စစပြောတော့သည်၊
'USမှာရုံးကအခုမှအခြေစိုက်ဖြစ်တာမို့အဲ့မှာတော့ရုံးstableဖြစ်တဲ့အထိအဲ့မှာပဲနေရလိမ့်မယ်ထင်တယ်´
'ရပါတယ်၊ဒီမှာနေလည်းမားမားရဲအိမ်ထောင်ဖက်သြဝါဒပဲနာကြားနေရမယ်နဲ့အတူတူတော့နိုင်ငံခြားပဲထွက်လိုက်မယ်´
'အားလပ်ရက်အချိန်တွေတော့မြန်မာပြည်ပြန်လာလည်ပေါ့´
'ဟုတ်၊´
၁၀နှစ်ခန့်ကြာသော်
Alarmကြောင့်ရွှေရတုနိုးလာသည်၊
'Amanda,wake up.Amanda´
နိုးသော်လည်းမနိုးလာတဲ့အမျိုးသမီးကိုဆက်မနိုးတော့ပဲကုတင်ပေါ်မှရွှေရတုထလိုက်သည်၊
ရုံးသွားဖို့ပြင်ဆင်ပြီး
'Amanda I have to go ´
ထိုအခါမှရွှေရောင်ဆံပင်များကိုကုပ်ကာထလာတဲ့အဝတ်ဗလာနဲ့အမျိုးသမီးကသူမကိုပြုံးပြကာ
'Good moring´
'See you babe´
ရွှေရတုလည်းအိမ်ကနေရုံးကိုထွက်လာရာမိခင်ဖြစ်ဒေါ်ဂရေစ့်ရဲ့ဖုန်းဝင်လာသည်၊
'ဟယ်လို၊မာမီ´
'ဘယ်တော့မှညည်းမြန်မာပြည်ပြန်လာမှာလဲ´
'မာမီကလည်းသမီးအလုပ်တွေကလက်လွတ်လို့မှမရတာ´
'ညည်းမားမားသာရှိသေးရင်ညည်းကိုတုပ်နေလိုက်ပါပြီ´
'မာမီ၊ထပ်မငိုနဲ့တော့၊မားမားကလည်းနတ်ပြည်ကနေမာမီငိုတာကိုကြည့်ရက်မှာမဟုတ်ဘူး၊သမီးခရစ်စမတ်ပိတ်ရက်ပြန်လာခဲ့မယ်´
ဒေါ်ဂရေစ့်အောင်ခိုင်လွန်ခဲ့တဲ့၅နှစ်ခန့်ကနှလုံးရောဂါနှင့်ဆုံးပါးသွားပြီဖြစ်တဲ့ဇနီးသည်ရွှေရုပ်လွှာကိုသတိရကာငိုရှာသည်
'မာမီ၊မငိုနဲ့တော့၊သမီးပြန်လာမယ်၊ဒီတခါတကယ်အတည်´
'အေးပါ၊ဒါပဲကားကိုဂရုစိုက်မောင်း´
'ဟုတ်၊´
ရွှေရတုလည်းရုံးကာရောက်သည်နှင့်တောင်လိုပုံနေတဲ့လုပ်စရာရှိတာများလုပ်ရာညနေတောင်စောင်းသွားသည်၊
အိမ်ပြန်ရောက်ရင်ချစ်သူAmandaနှင့်မြန်မာပြည်ပြန်ရင်တိုင်ပင်ချင်ခဲ့ရာလက်တွေနဲ့စိတ်ကူးတစ်ထပ်တည်းမကျပဲ
Amandaဟာအိမ်ပေါ်မှာနောက်တစ်ယောက်နဲ့ပလူးပလဲလုပ်နေလေသည်၊
'What the h*ll!Amanda!!!´
'Babe?I can explain ´
'Explain what?!´
အဝတ်ဗလာနဲ့ချစ်သူရဲ့ပုံစံဟာအလွန်ပင်စိတ်ပျက်စရာဖြစ်နေလေသည်၊
'You both get out!!´
မိမိဘက်ကအရာအားလုံးဖြည့်ဆည်းပေးပါလျက်နဲ့သစ္စာဖောက်ခံလိုက်ရတဲ့ရွှေရတုခံပြင်းခြင်းဆိုတာကိုမခံစားရပါ၊
အဘယ်ကြောင့်ဆိုသော်သူမရဲ့အချစ်ရေးမှာဒါမျိုးကြုံရတာယခုမှမဟုတ်လို့ပင်၊
ရွှေရတုတွဲပြတ်ဆိုတဲ့ဘွဲအမည်ရခဲ့ရခြင်းအကြောင်းအရင်းတချို့မှာထိုသို့သောသစ္စာဖောက်တချို့ပါနေလို့ပင်၊
ရင့်ကျက်လာပြီဖြစ်သောသူမဟာလည်းထိုလိုကိစ္စများကြုံလာရပြီဆိုလျှင်အာရုံလွဲကာနေတတ်သည်၊
သို့သော်ယခုအချိန်မှာတော့သူမအာရုံလွဲစရာမရှိဖြစ်နေသည်၊
နောက်ဆုံးအဖြေမရှိတော့သည်မို့နောက်ဆုံးနည်းလမ်းမြန်မာပြည်ပြန်လာသည်၊
'မာမီ !´
သစ်ခွပန်းများကိုရေလောင်းပေးနေတဲ့ဒေါ်ဂရေစ့်အောင်ခိုင်မျက်စိရှေ့မှာရပ်နေတဲ့သမီးကိုပုံရိပ်ယောင်ထင်၍ရေနဲ့လောင်းလိုက်သည်၊
'မာမီ!´
'သမီးပြောတော့ခရစ်စမတ်မှဆို´
'ဟုတ်တယ်လေ၊ဒါပေ့မဲ့သမီးအကြောင်းလေးရှိလို့စောပြန်လာတာ´
'သြော်အေးအေး၊ဝင်လေအထဲ´
ဒီအိမ်လေးထဲဝင်လိုက်တိုင်းမားမားစိုက်ထားတဲ့သစ်ခွပင်တွေဟာအရင်လိုလှနေတုန်းပင်
'သစ်ခွပန်းတွေကလှနေတုန်းပဲ´
ဒေါ်ဂရေစ့်အောင်ခိုင်ပြုံးကာ
'မင်းမားမားသာဆိုတအားပျော်မှာမင်းပြန်လာတာကိုမြင်ရင်´
မျက်ရည်တို့ထိန်းမရဖြစ်ကာကျလာပြန်သည်၊
'မာမီမငိုပါနဲ့´
'အေးပါ၊နင်အမကိုဖုန်းဆက်လိုက်ညနေအိမ်မှာမိသားစုညစာစားမယ်လို့´
'ရပါတယ်၊သမီးခဏနားပြီးသူတို့အိမ်သွားလိုက်မယ်၊ကားခဏပေးသုံးပါဦး၊မာမီ´
'အေး၊´
ရွှေရတုလည်းခရီးဆောင်အိတ်ထဲကပစ္စည်းများနေရာချကာအလွမ်းပြေအိပ်ရာလေးပေါ်ပစ်လှဲနေချိန်Amandaဆီကစာများပို့နေလေသည်၊
ရွှေရတုလည်းဖုန်းပိတ်ကာခဏလောက်မေ့ထားလိုက်သည်၊
ခဏအကြာရေမိုးချိုးပြီးအဝတ်အစားလှဲကာအမဖြစ်သူနှင့်တူတော်မောင်ကိုတွေ့ရန်ထွက်လာသည်၊
ရှားလော့တစ်ယောကအိမ်ထောင်ကျပြီးမှအလုပ်တွေကပိုရှုပ်နေလေသည်၊ဟင်းချက်နေရင်းအိမ်ရှေ့ကကားသံကြောင့်ထွက်ကြည့်တာမိခင်ဖြစ်သူကားဖြစ်နေ၍အံသြနေရာ
'လက်ဆောင်ပါတယ်နော်၊ထွက်မကြိုရင်မရဘူး´
၁၀နှစ်ကြာမှပြန်လာတဲ့ညီမဖြစ်သူကိုတွေ့တော့အံသြကာရှားလော့အောင်ခ်ိုင်ပြေးဖက်လေသည်၊
'ဟယ်၊ဘယ်တုန်းကပြန်ရောက်တာလဲ၊ငါကိုတောင်မပြောဘူးကြည့်စမ်း´
'မနက်ကမှပါ၊´
'နင့်မိန်းမကောအမ´
'ရုံးမှာပေါ့၊သားကကျောင်းမှာ၊နင့်တူမာန်ရှားအောင်သာနင်ကိုမြင်ရင်လေတအားပျော်သွားမှာ၊´
'ဒါဆိုလည်းညနေငါသွားကြိုလိုက်မယ်´
မီးဖိုချောင်ထဲအတူဝင်လာကြပြီးရွှေရတုလည်းဝိုင်းကူလေသည်
'ဒါနဲ့ပြောပါဦး၊ပြန်လာရတဲ့အကြောင်းလေး´
'ဟိုမှာငါနဲ့ရွယ်တူAmandaဆိုတဲ့မိန်းမနဲ့တွဲနေတာ၊သူကနောက်လူကိုငါ့အိမ်ခေါ်လာတာနဲ့ငါလည်းစိတ်တိုလို့အိမ်ပေါ်ကသူ့ကိုနှင်ချပြီးမြန်မာပြည်ပြန်ချလာတာ´
'စိတ်မကောင်းမဖြစ်ပါနဲ့ငါ့ညီမရယ်၊တစ်ယောက်မကောင်း....´
'တစ်ယောက်ပြောင်း´
ညနေတူတော်မောင်မာန်ရှားအောင်ကျောင်းကိုလိုက်သွားလေရာတူဖြစ်သူမာန်ရှားအောင်ဟာကျောင်းအဆင့်ဘောလုံးပွဲအတွက်လေ့ကျင့်နေသည်ဆို၍ကျောင်းအားကစားကွင်းလိုက်သွားရာ
တူလေးမာန်ရှားအောင်တစ်ယောက်မြေကြီးပေါ်ဝပ်နေပြီးကလေးမတစ်ယေယက်ကခြေထောက်နဲ့ကန်နေလေသည်၊
'ဟေး!ကလေးမ!´
'ဘာလဲ!´
လှာ့်ကြည့်တဲ့မိန်းကလေးဟာမိမိအရင်ရည်းစားဟောင်းထက်သဒ္ဒါနဲ့ချွတ်စွပ်တူနေလေသည်၊
'ထက်သဒ္ဒါ....´
ထိုမိန်းကလေးကမိမိဆီလျှောက်လာကာလက်ပိုက်ကြည့်နေသည်
'ကျွန်မအမေနာမည်ကိုဘယ်လိုသိတာလဲ´
'တီတီလေး´
မာန်ရှားအောင်ထလာကာပြောလိုက်သည်၊
'မာန်ရှားအောင်၊နင်ကဘာလို့သူကန်တာခံနေတာလဲ´
'​တီတီလေး၊မမှတ်မိဘူးလားသူ့ကို၊´
'ဟဲ့၊ငါနင်နဲ့နောက်ဆုံးတွေ့တာနင့်အသက်၆နှစ်လောက်ကလေ´
မာန်ရှားအောင်ကရယ်ကာ
'၁တန်းတုန်းကသားကိုကိုက်တဲ့ကောင်မလေးလေ´
ရွှေရတုလည်းသတိရသွားကာ
'သြော်၊ဟိုခွေးမလေး´
'ဘာခွေးမလေးလဲ!´
စိတ်တိုကာမိမိကိုမျက်စောင်းထိုးနေတဲ့ကောင်မလေးဟာသူမအမေမိမိရည်းစားဟောင်းနှင့်တထေရာတည်းတူလွန်းသည်၊
'အခုကကောဘာလို့ငါ့တူကိုမင်ူကန်နေတာလဲ၊ချာတိတ်´
'အန်တီတူကကျွန်မကိုဟိုကနလပိန်တုံးနဲ့အောင်သွယ်ပေးတယ်လေ၊ဖြစ်ချင်တော့ကျွန်မကအဲ့နလပိန်တုံးကိုကြည့်မရဘူး၊အဲ့တာကြောင့်မို့ဒေါသထွက်လို့ကန်တာ´
'မိယွန်းရာဟိုကောင်ကြီးကနင့်ကိုအတည်ကြံတာပါ´
'နင်ထပ်ပြောနေရင်နင်ငယ်ပါကိုငါထပ်ကန်မှာ´
ထိုစကားကြောင့်ရွှေရတုပင်လန့်သွားသည်၊
'ခေတ်ကလေးတွေမလွယ်ပါလား၊ကဲ၊မာန်ရှားအောင်လေ့ကျင့်တာပြီးပြီလား´
'လိုသေးတယ်၊တီတီလေးဟိုကခုံတွေမှာထိုင်စောင့်လေ´
'အေးအေး´
မာန်ရှားအောင်ကသူ့အသင်းနဲ့ဘောလုံးလေ့ကျင့်နေစဥ်ထိုကလေးမကပန်းပွားမယ်ခေါင်းဆောင်ဖြစ်ပြီးသူအဖွဲ့များနှင့်အကတိုက်နေလေသည်၊
'အန်တီကြီး´
'ရှင်´
'ကျွန်မအမေကိုဘယ်လိုသိတာလဲ´
'မင်းအမေကငါ့ရည်းစားဟောင်းလေ´
ထိုကလေးမရေသောက်နေရင်းကြားလိုက်ရတဲ့စကားကြောင့်သီးသွားသည်
'အဲ့တော့ကျွန်မအမေကမိန်းမချင်းတွဲဖူးတာလား´
'မင်းအမေပြန်မေးလေ၊´
ထိုကလေးမမိမိကိုခြေဆုံးခေါင်းဆုံးကြည့်ကာ
'အမေကလည်းပုံမလာပန်းမလာကြီးကိုဘာကြည့်ကြိုက်လဲမသိပါဘူး´
'ဟယ်၊ဟေ့ကောင်မလေး!´
ပြောပြီးထွက်ပြေးသွားတဲ့ကောင်မလေးကိုထိုင်ကြည့်နေရုံသာတတ်နိုင်ခဲ့သည်

ဒါကတော့ရတုရဲ့love lifeအစလေးပေါ့နော်၊အစကတော့season 3ခွဲမလိုပေ့မဲ့အပိုင်းကတိုမှာဆိုတော့side storyအနေနဲ့ပဲထည့်လိုက်ပါတယ်




တစ်လမ်းကျော်မှာအချစ်ရှိတယ်(s 2)တစ်လမ်းကျော်မှာအချစ်ရှိတယ်(s2)completedWhere stories live. Discover now