15

779 81 6
                                    

ရှားလော့တစ်ယောက်အလုပ်ချိန်ပြီးသည်မို့နေသူရိန်မောင်ရှိရာဆီလျှောက်လာကာ
'ပူလိုက်တာရှင်၊ရန်ကုန်နွေကလူကိုမိန်းမမရခင်အရည်ပျော်အောင်လုပ်မလားပဲ´
'ဟုတ်ပါ့ဗျာ၊´
'အခုအချိန်အေးအေးလူလူနေချင်လှပြီ´
'သင်္ကြန်လည်းနီးပြီလေ၊ရှားလော့သင်္ကြန်ရေမဆော့ဘူးလား´
'မဆော့ဖြစ်ပါဘူး၊မာမီတို့ကကလေးတွေနဲ့မဆော့ခိုင်းတော့ဘူးလေ´
ထိုအချိန်နေသူရိန်မောင်ဆီဖုန်းဝင်လာသည်၊
'ဟယ်လို၊´
'ကိုနေသူရိန်မောင်ပါလားရှင့်´
'ဟုတ်ပါတယ်၊´
'ကျွန်မပါ၊မွန်မြတ်ပါ´
'သြော်၊မမွန်မြတ်၊ပျောက်ချက်သားကောင်းလှချည်လား၊ယောကျာ်းရသွားပြီးကတည်းကျုပ်တို့မဆုံတော့တာနော်´
'ဟုတ်တယ်၊အခုကျွန်မကပွဲလေးဖိတ်တာပါ´
'ဟာဘာပွဲလဲဗျ၊အခုသားလေး၄နှစ်ပြည့်မွေးနေ့ရယ်၊Hotel၁နှစ်ပြည့်ရယ်ပါ´
'ပွဲက၂ခုပါလား၊ဒါနဲ့Hotelကငပလီကမလား´
'ဟုတ်တယ်၊ဒါဆိုလာရမှာပေါ့ဗျာ၊တီလေးလည်းခေါ်ခဲ့လိုက်ပါ့မယ်´
'သြော်ကိုနေသူရိန်တီလေးကိုပြောလိုက်ပါ၊မွန်တို့vibe Hotelကအိမ်မွေးတိရစ္ဆာန်လေးတွေခေါ်ခွင့်ပြုနေပါပြီလို့၊တလောကမွန်ဆီတီလေးဖုန်းဆက်တယ်လေ၊သူငပလီဘက်လာရင်petခေါ်လို့ရမယ့်Hotelရှိလားဆိုပြီး´
'သြော်ဟုတ်ကဲ့ပါ၊တီလေးတို့အကြိုက်ပေါ့၊ပြောလိုက်ပါမယ်၊ကျွန်တော်တို့ဆက်ဆက်လာခဲ့ပါ့မယ်´
'စရိတ်ငြိမ်းမို့လာဖြစ်အောင်လာပါနော်၊သင်္ကြန်တွင်ရန်ကုန်နွေအပူရှောင်ရင်းပေါ့´
'ဟုတ်ကဲ့ပါဗျာ´
နေသူရိန်မောင်ဖုန်းချလိုက်ပြီးမှအကြံရကာ
'သိပြီ!´
'ဘာကိုလဲကိုသူရိန်´
'ကမ်းခြေလေ´
'အဲ့တော့´
'ရှားလော့ကလည်းဗျာ၊ကမ်းခြေမှာလမ်းလေးလျှောက်ရင်းအီလို့ရတဟ်လေဗျာ´
'ဟုတ်သားနော်၊ဒါဆိုရင်တော့အကောင်အထည်အမြန်ဖော်ရမယ်!အိမ်ကစုဘူးဖောက်ရမယ်´
'ဒါဆိုပြန်ကြမယ်လေ၊ကျွန်တော်လည်းတီလေးကိုပြောရမှာဆိုတော့´
Companyမှာရှိနေတဲ့မာန်သွေးခက်ကိုအကျိုးသင့်အကြောင့်သင့်ပြောပြသောအခါ
'အင်း၊မွန်မွန်ကလေးတောင်၄နှစ်ရှိပြီလား၊´
'တီလေးလည်းမငယ်တော့ဘူးနော်´
'ကိုယ့်အလုပ်ကိုယ်လုပ်စမ်း၊သူရိန်၊သင်္ကြန်တွင်းမှာစာရင်းဘာညာအကုန်အပြီးသတ်လုပ်ထား၊သွားတော့´
'ဟုတ်ဒါနဲ့ရှားလော့လည်းခေါ်လာမယ်နော်တီလေး´
'ဘာကိစ္စ´
'သူကကျွန်တော်ရည်းစားလေ၊ကျွန်တော်တို့ခရီးမထွက်တာကြာလှပြီ´
'အေး၊ဒါပေ့မဲ့ကလေးမနဲ့နင်အတူမနေရဘူး´
'ဟာ၊ဘာလို့လဲ´
'သူများသားသမီးကိုနင်ကဘာလုပ်ချင်လို့လဲ´
'ကျွန်တော်ရည်းစားလေ´
'တော်စမ်း၊သွားတော့´
နေသူရိန်ခပ်တိုးတိုးပြောလိုက်သည်
'ရည်းစားသာထားရတယ်၊ဥပုလ်သည်ကျနေတာပဲ၊´
'ဟဲ့ကောင်!ဘာပြောတယ်!´
'ဘာမှမဟုတ်ဘူးတီလေး´
မာန်သွေးခက်လည်းလက်မှတ်ထိုးစရာရှိတာထိုးနေချိန်
'ခက်´
'ဘာလာလုပ်တာလဲ´
'သင်္ကြန်တွင်းနင်ဘယ်သွားစရာရှိလဲ´
'ငါငပလီသွားမှာ´
'ဒါဆိုရင်ငါလည်းလိုက်ခဲ့မယ်´
'အင်း၊သဘော၊´
'နင်အဲ့ပန်းချီကားကြီးကိုမဖြုတ်တော့ဘူးလား´
'ငါသဘောကျလို့ချိတ်ထားတာ၊ပြီးတော့အသေးလေးကိုနင်ပြောတာလွန်တယ်၊´
'ဟက်၊အသေးလေးတဲ့၊´
'ငါရန်မဖြစ်ချင်ဘူး၊ဘရဏီ´
'နင်ကအဲ့ကောင်မလေးကိုထောင်ချောက်ဆင်ခဲ့တာဆိုပေ့မဲ့နင်ကနင့်​ထောင်ချောက်ထဲနင်ပြန်ရောက်နေတာကောနင်သိလား´
'ငါဆင်ထားတဲ့ထောင်ချောက်ထဲငါပြန်ကျရလောက်တဲ့အထိငါတုံးအမနေသလို၊ကလေးမကိုငါ့တူကကောင်းကောင်းကြီးလှည့်စားထားနိုင်တာပဲလေ´
'ဘယ်မလဲသက်သေ´
'ဘာကို....´
'သူတို့နှစ်ယောက်နမ်းဖူးလား၊သူတို့နှစ်ယောက်ချိန်းတွေ့ဖူးကြလား၊သူတို့ရဲ့ချစ်သူသက်တမ်းပြည့်ရင်ဘာတွေလုပ်ကြလို့လဲ၊´
မာန်သွေးခက်တွေဝေသွားတယ်၊
'ငပလီခရီးမှာသူပါမယ်ဆို၊နင်သူ့တို့ကိုရှင်းရှင်းလင်းလင်းသိရအောင်လုပ်သင့်တယ်၊ခက်၊ငါကတော့သူတို့နှစ်ယောက်တွဲမနေဘူးဆိုတာငါ​အာမခံနိုင်တယ်´
ဘရဏီထွက်သွားတော့မာန်သွေးခက်အတွေးများသွားသည်၊
ရှားလော့တစ်ယောက်အိမ်ရောက်သည်နှင့်တူကိုယူကာအိမ်ပေါ်ထပ်သူမအခန်းဆီသို့ပြေးသွားသည်၊
*ခွမ်း!*
ပစ္စည်းကွဲသံကြားတော့ဂရေစ့်တစ်ယောက်အမြန်အပေါ်ထပ်ကိုပြေးတက်ကာကြည့်လိုက်ရာ
'သမီး၊ဝက်စုဘူးကိုဖောက်လိုက်တာလား´
'ဟုတ်မာမီ၊သမီးသူငယ်ချင်းတွေနဲ့ငပလီခရီးထွက်မို့မာမီ´
'ဟယ်သမီးမှာပိုက်ဆံရှိသေးလား၊မာမီမုန့်ဖိုးပေးရမလား´
'သမီးမှာရှိတယ်´
'လက်ရှမယ်နော်မေ့သမီးလေး´
'ဟုတ်ကဲ့မာမီ´
ဂရေစ့်လည်းသမီးငယ်ပျော်နေသည်မို့မည်သူမည်ဝါနဲ့သွားမည်ကိုသေချာမမေးတော့ပဲထွက်လာလိုက်သည်၊
ရက်အနည်းငယ်ကြာသော်၊
'သမီးအကုန်ပါပြီလား´
'ပါပြီမာမီ၊´
'ဒါဆိုသွားမယ်လေ၊Flightနောက်ကျနေမယ်´
'ကဲ၊သားအမိတွေမြန်မြန်သွက်သွက်ကလေးလုပ်မယ်၊´
'လာပါပြီ၊ဘွားတော်ရယ်´
ကားပေါ်ပစ္စည်းများတင်ကာရန်ကုန်လေဆိပ်ကိုထွက်လာကြသည်၊
လေဆိပ်ကိုရောက်သည့်အခါသမီးငယ်ကိုစိတ်မချ၍ဂရေစ့်တစ်ယောက်မှာတမ်းခြွေနေသည်၊
'သမီး၊လေဆေးတွေ၊ဘာတွေမာမီထည့်ပေးထားတယ်၊မာမီကိုရောက်ရင်ဖုန်းဆက်မယ်နော်၊နေပူရင်ရေထဲမဆင်းရဘူး၊swim suitကိုလည်းလိုအပ်မှဝတ်၊မလိုအပ်ရင်ရေထဲဒီတိုင်းပဲဆင်း´
'ဘာလို့လဲမာမီကလည်း´
'သမီးမာမီကswim suitတွေနဲ့ရာဇဝင်ရှိလို့ပါသမီးရယ်´
'အိုကေ´
ထိုအချိန်
'အသေးလေး´
ဂရေစ့်အောင်ခိုင်အနည်းငယ်ကြောင်သွားသည်၊
'မာမီ၊အန်တီကိုမှတ်မိလား၊´
'အင်း၊´
'မတွေ့ရတာအတော်တောင်ကြာပြီပဲ၊ဂရေစ့်၊´
ဂရေစ့်အောင်ခိုင်လက်ကိုရွှေရုပ်လွှာဆုပ်ကိုင်လိုက်သည်၊
'ဒါပေါ့ရှင်၊´
'ဘယ်တုန်းကပါ့လိမ့်၊သြော်ဟုတ်သား၊စီးပွားပျက်သွားကတည်းကပဲ´
ရှားလော့အနည်းငယ်ကြောင်သွားပေ့မဲ့
'မာမီတို့ရန်ဖြစ်ထားတာလား´
သမီးငယ်လေးမျက်နှာကိုကြည့်မိတော့အခြေအနေကိုနားလည်သွားသည်၊သမီးပြောနေကျအန်တီဆိုတာဘယ်သူလဲဆိုတာရိပ်စားမိသွားသည်၊
'မဖြစ်ထားပါဘူးသမီးရယ်၊ကဲသမီးမားမားနဲ့တခုခုသွားစားချေ၊ဘွားတော်သမီးကိုမုန့်ဝယ်ကျွေးလိုက်ပါဦး၊လေယာဥ်ပေါ်မတက်ခင်ပေါ့´
'အင်း၊လာသမီး´
'မာ...မာမီ´
'သွားပါသမီးရယ်´
ရှားလော့ထွက်သွားတော့မှမာန်သွေးခက်ကိုပြုံးပြလိုက်သည်၊
'သူ့ကငါ့သမီး၊မာန်သွေးခက်၊´
'အဲ့တော့´
'ငါမဟုတ်ဘူး၊နင်အငြိုးတွေကိုငါဆီပဲပို့၊နင်ငါ့ကိုကြိုက်သလိုဒုက္ခပေးလို့ရတယ်၊ငါ့သမီးကိုတော့မလုပ်ပါနဲ့၊ငါတောင်းဆိုပါတယ်၊မာန်သွေးခက်´
'တောင်းဆိုတာနဲ့တူအောင်လုပ်လေ၊ဂရေစ့်အောင်ခိုင်´
'ဘာ!´
'ဒူးထောက်ပြီးတောင်းဆို´
ဂရေစ့်အောင်ခိုင်ရိုက်ရန်လက်ရွယ်လိုက်ပေ့မဲ့ပြန်ရုတ်သိမ်းကာ
ဒူးထောက်ချလိုက်သည်၊
'ငါတောင်းဆိုပါတယ်၊ငါ့သမီးတော့ကျေးဇူးပြုပြီး....ချမ်းသာပေးပါ၊သမီးလေးကဒီအငြိုးတွေကြောင့်စိတ်မဆင်းရဲစေချင်လို့ပါ´
'လိုက်သားပဲ၊နင်ကအဲ့လိုအမြဲဒူးထောက်နေသင့်တာ၊´
ဂရေစ့်တစ်ယောက်အံကိုက်ကာတင်းခံနေလိုက်သည်၊
သမီးဖြစ်သူပြန်လာတဲ့အချိန်မှာတော့ဘာမှမဖြစ်သလိုပဲဟန်ဆောင်နေလိုက်သည်၊
'မာမီဆီဖုန်းဆက်နော်၊အသဲတုံးလေး´
'ဟုတ်မာမီ၊တာ့တာနော်၊မားမား´
'ဟေ့၊အာဘွားလေးဘာလေးပေးခဲ့လေ၊သင်္ကြန်ရက်ကြီးထဲသမီးကိုမားမားတို့ကလွမ်းနေရမှာလေ´
'ဟီး၊ဟုတ်သားပဲ´
ပျော်ရွှင်စရာမိသားစုလေးကဆင်းသက်လာတဲ့ကလေးမှအပြစ်မရှိဟုမာန်သွေးခက်တွေးလိုက်သည်၊
လေယာဥ်ပေါ်သမီးငယ်တက်သွားပြီဆိုမှအိမ်ပြန်လာကြသည်၊
'ကလေး၊မင်းလုပ်တာမှန်ပါတယ်´
ဂရေစ့်မျက်ရည်များကျလာတယ်၊
'မှန်တာမှားတာထက်၊သမီးလေးစိတ်ဆင်းရဲမှာကိုမလိုလားတာပါ´
ဂရေစ့်ပါးကိုရွှေရုပ်လွှာတချက်နမ်းလိုက်ကာ
'သူအဆင်ပြေမှာပါ´
ရှားလော့တစ်ယောက်လေယာဥ်ထွက်ချိန်မှာကတုန်ကယင်ဖြစ်နေသည်
စာအုပ်ထိုင်ဖတ်နေတဲ့မာန်သွေးခက်သတိထားမိကာ
'ဘာဖြစ်လို့လဲ၊အသေးလေး´
'လေယာဥ်ပထမဆုံးစီးဖူးတာမို့ပါ၊နည်းနည်းလေး...´
အေးစက်နေတဲ့ရှားလော့လက်ကိုဆုပ်ကိုင်ပေးထားကာစာဆက်ဖတ်နေသည်၊
'လက်တွေကအေးစက်နေပါရောလား၊အဆင်ပြေသွားမှာမို့မကြောက်နဲ့တော့´
ရှားလော့လည်းစိတ်သက်သာရာရသွားသည်၊
နာရီပေါင်းများစွာလေယာဥ်စီးပြီးနောက်ငပလီကမ်းခြေကိုရောက်ရှိလာခဲ့သည်၊
'အန်တီခက်´
'မွန်မွန်၊နေကောင်းတယ်နော်´
'ဟုတ်၊​ဒါနဲ့ကယ်လ်ဗင်နဲ့ရိုလီပါရဲ့လား´
'ပါတာပေါ့၊အန်တီကခွေးတွေခေါ်လာချင်တာလေ´
'သမီးအခန်းတွေစီစဥ်ထားပြီးသွားပြီ´
'အိုကေ၊´
ရှားလော့တစ်ယောက်ဟိုတယ်အခန်းထဲမှာပစ္စည်းများနေရာချပြီးနောက်ကုတင်ပေါ်လှဲချလိုက်ချိန်
'ကုတင်ကဘာလို့တလုံးတည်းလဲ´
မာန်သွေးခက်ကိုရှားလော့တစ်ယောက်ပြူးပြဲကာကြည့်နေသည်၊
ပစ္စည်းများချပြီးချိန်ဧည်ကြိုလေးနှစ်ယောက်မှလှောင်ချိုင့်ကြီးများသယ်လာသည်
'အဲ့နားမှာပဲချလိုက်သားတို့´
ရှားလော့ကိုမြင်တော့အထဲမှခွေးနှစ်ကောင်ကမာန်ဖီလာသည်၊
'ကယ်လ်ဗင်၊ရိုလီ၊´
သခင်ရဲ့အသံကိုကြားတော့ချက်ချင်းငြိမ်ကျသွားကြသည်၊
'အန်တီကဒီမှာနေမှာလား´
'အင်း´
'ဖြစ်....ဖြစ်ပါ့မလား´
'ဘာကိုလဲ´
ရှားလော့မျက်နှာနီမြန်းကာနေတော့သဘောပေါက်နားလည်သွားကာ
'ဒီအခန်းကကြင်စဦးဇနီးမောင်နှံတွေပဲနေတာတဲ့၊အထူးသဖြင့်မင်္ဂလာဦးည....´
ရှားလော့မျက်နှာခရမ်းချဥ်သီးလိုရဲတွတ်လာတာမြင်တော့မာန်သွေးခက်ရယ်ချင်လာသည်၊
'ရေ....ရေချိုးတော့မယ်´
'ဟေ့၊အခုမှနေပူထဲကနေလာတာရေချိုးလို့ရမလား´
'ဒါဆိုလည်းရှူးပေါက်မို့´
'အဖော်လိုက်ပေးရဦးမလား´
'မ....မလိုပါဘူး၊ကိုယ်ဘာသာပေါက်တတ်တယ်၊ဘာတွေပြောနေမှန်းမသိဘူး´
ရေချိုးခန်းထဲဝင်လိုက်ပြီးအထဲရောက်မှသွန်းစက်ဆီဖုန်းဆက်လေသည်၊
'ပြောပါ´
'ငါနဲ့အန်တီကတခန်းထဲ!´
'ဟယ်!တကယ်ကြီးလား၊ရင်ခုန်စရာကြီး´
'ငါဘာလုပ်သင့်လဲ´
'မိန်းမမာယာတွေဘာညာကွာစိတွေထုတ်သုံးလေဟယ်၊ပြီးရက်ဆွဲစားပစ်´
'ငါမှမလုပ်တတ်တာ´
'ဟာနင်အလှလေးတွေပြင်ပြီးအီပစ်ဟာ´
'ပြီးတော့´
'လက်၂ချောင်းtechnique´
'ဘာ....ဘာကြီးလဲ´
'လက်နှစ်ချောင်းtechniqueလေဟာ၊နင်မသိဘူးလား´
'မသိတာတော့မဟုတ်ဘူးပေါ့ဟာ၊နင်ကလည်း´
'ဟ၊နင်ကတဲ့ဇာတ်နင်လှအောင်ကပေါ့ဟာ၊ဒါပဲနော်´
'ဟဲ့ဟဲ့သွန်းစက်၊အစုတ်ပလုတ်မ´
ရေချိုးခန်းထဲကထွက်လာတော့မာန်သွေးခက်ကဝရန်တာမှာရပ်ကာစကားပြောနေသည်၊
ဆံပင်ကိုမြင့်မြင့်စီးကာထားပြီးပွယောင်းယောင်းTshirtတထည်နဲ့ဘောင်းဘီတိုလဲဝတ်ထားတဲ့အန်တီကသိပ်ကိုနုပျိုလှသည်၊
အငမ်းကောင်းတော့မိမိကိုထိုင်ကြည့်နေတဲ့ခွေးနှစ်ကောင်ကိုမတွေ့ပေ၊အောက်ငုံကြည့်မှစိုက်ကြည့်နေတဲ့ကယ်လ်ဗင်နဲ့ရိုလီကိုတွေ့တော့ကုတင်ဘက်ကိုဖြေးဖြေးချင်းလှမ်းကာကုတင်ပေါ်ထိုင်ချလိုက်သည်၊မာန်သွေးခက်အထဲပြန်ဝင်လာတော့တောင့်တောင်ကြီးထိုင်နေတဲ့ရှားလော့နှင့်စိုက်ကြည့်နေတဲ့ကယ်လ်ဗင်နဲ့ရိုလီကိုမြင်တော့မရယ်ပဲမနေနိုင်ဖြစ်ကာအိတ်ထဲခွေးစာဘူးကိုထုတ်ကာ
'လက်ဖြန့်´
'ဟင့်အင်း´
'ဖြန့်ပါ´
လက်ပေါ်ခွေးစာတချို့တင်ပေးကာ
'ကယ်လ်ဗင်၊ရိုလီ´
ကယ်လ်ဗင်နဲ့ရိုလီနှစ်ကောင်စလုံးရှေ့တိုးကာရှားလော့လက်ပေါ်ကအစာများကိုစားသည်၊
'တွေ့လား၊မကိုက်ပါဘူး´
ထိုအခါမှကလေးမကရယ်ရှာသည်၊

တစ်လမ်းကျော်မှာအချစ်ရှိတယ်(s 2)တစ်လမ်းကျော်မှာအချစ်ရှိတယ်(s2)completedWhere stories live. Discover now