8

570 69 2
                                    

'အဲ့အန်တီကရိုးရဲ့လား၊'
'နင်စကားကလည်းဘယ်လိုလဲ'
'သြော်၊နင့်အပေါ်ကောင်းပေးတယ်၊နင့်ဆိုအလိုလိုက်တာတွေကဘာခံစားချက်မှမရှိတဲ့လူကအဲ့လိုလုပ်ပါ့မလား'
'အေး၊အဲ့တာဟုတ်တယ်၊သွန်းစက်ပြောငလိုဆိအဲ့ဘွားတော်ကနင့်အပေါ်ခံစားချက်ရှိတယ်ဆိုတာသေချာတယ်၊'
'မဖြစ်နိုင်တာ၊အန်တီကငါ့ကိုလိမ္မာလို့အလိုလိုက်တာပါ'
'ဟဲ့လိမ္မာလို့အလိုလိုက်ရအောင်နင်နဲ့သူကဘာတွေမို့လို့လဲ'
ရှားလော့ငြိမ်ကျသွားသည်၊
ထိုအချိန်
'အသက်ရှည်ဦးမယ်၊ဟိုမှာနင်အန်တီမဟုတ်လား'
အမြန်လှည့်ကြည့်လိုက်ရာသူမအမှန်တကယ်ပင်
သို့သော်ဘေးမှာသူနှင့်ရွယ်တူအမျိုးသမီးတစ်ဦးပါလာသည်
ထိုအမျိုးသမီးနှင့်ဖက်လှဲတကင်းနေနေပုံဟာလူမြင်ကွင်းဝယ်တမျိုးတဖုံဖြစ်နေသည်
'ဟဲ့၊သူရည်းစားလားမသိဘူး၊'
'နင်တို့ကလည်းဟာ၊မဖြစ်နိုင်တာ'
'ဟဲ့၊သေချာကြည့်လေ၊နင့်အန်တီလက်ကိုကိုင်ထားတဲ့ပုံတွေသူပြောသမျှကိုရယ်နေတာတွေကဘယ်လိုလူတွေပဲဖြစ်နိုင်မှာလဲ'
ရှားလော့အောင်ခိုင်ဝမ်းနည်းလာကာအသံများပင်တုန်လာသည်
'တော်ကြတော့ဟာ၊ငါပြန်တော့မယ်'
'ဟဲ့၊ဘယ်လဲ!'
သွန်းစက်တို့ရှိနေသည့်နေရာမှအမြန်ထွက်လာကာမာန်သွေးခက်တို့နောက်လိုက်ချောင်းသည်၊
ထိုအချိန်မာန်သွေးခက်တို့martထဲဝင်ကာလိုအပ်တာများဝယ်နေသည်
'ဟဲ့၊ခက်နင်ဒီတသက်လင်မယူတော့ဘူးလား'
'တော်စမ်းပါဘရဏီရာ၊အပူတွေ'
'ဒါဆိုလည်းငါတို့ပြန်တွဲရအောင်လား'
မုန့်ထုတ်မှာကိုကြည့်ရင်းမာန်သွေးခက်မတုံမဆိုင်းပြန်ဖြေလိုက်သည်၊
'ငါအဲ့လိုကိစ္စတွေစိတ်မပါတော့ဘူးဟ၊ငါနင်အပေါ်သူငယ်ချင်းလိုပဲဆက်ဆံချင်တော့တယ်ဘရဏီ'
'အချိန်အတိုင်းအတာတခုအထိတော့နင်ကငါ့လူဖြစ်ခဲ့ဖူးတယ်လေ၊နင်မပျော်ခဲ့လို့လား၊ခက်'
'ငါပျော်ခဲ့ပါတယ်၊ဒါပေ့မဲ့ငါရင်ထဲမှာဒါတွေအတွက်နေရာမရှိတော့ဘူး'
'နင့်အနိုင်ရလိုက်ပြီပဲလေ၊နင်လိုချင်တဲ့ပုံစံအတိုင်းဖြစ်သွားတာပဲမဟုတ်ဘူးလား၊ဘယ်အရာတွေကအဆင်မပြေတာလဲ'
'ငါမသိဘူး၊ငါအခုလောလောဆယ်ငါ့ကိုယ်ငါကိုမသိသေးတာ'
ထိုအချိန်မုန့်ထုတ်စင်ဘေးမှာအော်သံများကြားလိုက်ရသည်
'ဟိတ်ကလေးမ!မင်းဘယ်လိုတောင်လျှောက်နေတာလဲ!ငါပစ္စည်းတွေအကုန်ပြုတ်ကျကုန်ပြီ'
မာန်သွေးခက်အမြန်ပြေးကြည့်ရာ
'တောင်းပန်ပါတယ်၊ဦးလေးရယ်'
'အသေးလေး'
'အန်တီ၊'
ထိုအချိန်ကလေးမတိုက်မိတဲ့လူကဘေးကဖြတ်သွားရင်းတီးတိုးပြောတာကိုကြားလိုက်ရသည်၊
'ဘယ်ကမိမဆုံးမဖမဆုံးမလေးလဲမသိဘူး'
မာန်သွေးခက်လည်းမျက်စောင်းထိုးလိုက်ရာထိုလူလန့်ပြေးထွက်သွားသည်၊
'ဘယ်နားထိသွားသေးလဲ၊အသေးလေး'
'မထိဘူး၊ရတယ်၊ဒါနဲ့အန်တီတို့shoppingထွက်လာတာလား'
'အင်း၊ကနေဒါကသူငယ်ချင်းအတွက်လိုတာတွေလာဝယ်ပေးတာ၊'
'သူငယ်ချင်းလား၊'
'အရင်ကတော့ချစ်သူတွေလေ'
'ဘရဏီ၊'
ကလေးမကကြောင်အမ်းအမ်းကြည့်ကာနေသည်၊
'exပါ၊အခုကသူငယ်ချင်းတွေပေါ့၊companyရဲ့ပင်တိုင်ဒီဇိုင်နာပြီးတော့အကြီးဆုံးရှယ်ယာဝင်ပေါ့'
'သြော်ဟုတ်၊'
'တွေးရတာဝမ်းသာပါတယ်၊ကလေး၊အန်တီနာမည်ဘရဏီပါ'
'ဟုတ်သမီးနာမည်ရှားလော့အောင်ခိုင်ပါ'
'ရှားလော့အောင်ခိုင်....'
ဘရဏီကပြုံးကာပြောလိုက်သည်
'ကဲ၊သွားကြရအောင်၊ဘရဏီနင်လည်းပင်ပန်းရောပေါ့'
'အင်း'
'သွားတော့မယ်၊အသေးလေး၊ရှက်ပြာလုပ်မနေနဲ့နော်'
'ဟုတ်အန်တီတာ့တာ'
လက်ကလေးကိုအသားကုန်ယမ်းကာတာ့တာလုပ်နေတဲ့ကလေးမကိုပြုံးကြည့်နေမိသည်၊
ကားပေါ်ရောက်တော့ဘရဏီကဆေးလိပ်ကိုမီးညှိကာ
'ရှားလော့အောင်ခိုင်....နင်ကအရူးပဲ၊'
'ဘာကိုလဲ၊ဘရဏီ'
'နငါအဲ့ကလေးကိုကြိုက်နေတာလား'
'ဘယ်ကသာ၊'
'နင်မလိမ်တတ်ရင်မလိမ်စမ်းပါနဲ့၊ခက်ရာ၊နင်ဘယ်တုန်းကများငါကိုလိမ်လို့ရဖူးလို့လဲ'
'ငါမကြိုက်ဘူး၊ငါသူငယ်နှပ်စားလေးတွေကိုငါမကြိုက်ဘူး'
'သေချာလား၊ခက်'
'အေးသေချာတယ်၊အဲ့ကလေးမကငါရဲ့နယ်ရုပ်တခုပဲ၊အဲ့ထက်မပိုဘူး၊တစ်နေ့ကျငါတူကိုအပိုင်သိမ်းခိုင်းမယ့်ကလေးမပဲ၊ငါမကြိုက်ဘူး'
ဘရဏီကရယ်ပစ်သည်၊
'သေချာရင်နင်ငါ့ကိုလက်ခံလိုက်လေ'
'ဘာဆိုင်လို့လဲ၊နင်ကနင်လေ၊သူကသူ၊
'နင်သာအဲ့ကလေးလေးကိုမကြိုက်ဘူးဆို၊နင်သူ့ကိုချစ်စနိုးနဲ့အသေးလေးလို့ခေါ်မလား၊သူ့ကိုမကောင်းပြောတာနဲ့နင်မျက်စောင်းထိုးပြီးစိတ်ဆိုးမာန်ဆိုးကြည့်စရာလိုပါ့မလား၊နင်ကသူ့ကိုသိပ်ကာကွယ်ပေးချင်နေသလိုပဲနော်'
'မဟုတ်ဘူး!ငါသူ့ကိုမကြိုက်ဘူး!'
'မကြိုက်ဘူးဆိုရင်ဒီနေ့နင်အိမ်ပြန်နဲ့!ငါနဲ့အိပ်!၊နင်လုပ်ရဲလား၊နင်စိတ်ထဲမှာသူမရှိရင်နင်အတွက်ဒါကလွယ်လွယ်လေး'
မာန်သွေးခက်အတွေးများနေပြီးခဏအကြာဖုန်းကောက်ကိုင်ကာ
'ဟယ်လို၊သူရိန်လား၊အေးငါဒီညပြန်မလာဘူး၊ကယ်လ်ဗင်တို့ကိုခဏလွှတ်ပေးပြီးချက်ချင်းပြန်ထည့်၊ဒီကောင်တွေကလူလစ်ရင်ခြံပြင်ပြေးထွက်တတ်တယ်၊ငါပြောတဲ့အတိုင်းလုပ်၊ငါ့ကိုစကားပြန်မရှည်နဲ့၊ဒါပဲ'
သက်ပြင်းချကာကားစက်နှိုးလိုက်သည်၊
ရှားလော့တစ်ယောက်အိမ်ရောက်သည်နှင့်အခန်းအောင်းနေသည်
'အမရေ!မာမီတို့ကမုန်တီသွားစားမယ်တဲ့'
'မလိုက်တော့ဘူး'
'နေပါဦး၊ရေခဲမုန့်တွေချောကလက်တွေရယ်Victoriousပြန်ကြည့်နေတာ၊ညအိပ်ဝတ်စုံကြီးကိုအစောကြီးဝတ်ထားတာ၊ဘာဖြစ်နေတာလဲ'
'ဘာမှမဖြစ်ပါဘူး၊ဒီလိုပါပဲ'
'အမတခုခုဖြစ်မှသာVictoriousကိုကြည့်တာလေ၊ပြောပါဘာဖြစ်နေလဲဆိုတာ'
'အန်တီကလေရည်းစားရှိတယ်တဲ့'
'အမဒေါ်မာန်သွေးခက်နဲ့မပတ်သတ်ပါနဲ့လား၊မာမီနဲ့အဲ့အဒေါ်ကြီးနဲ့ကမတည့်ဘူးလေ'
'ငါမသိတော့ဘူးဟာ၊အခုငါမှာလည်းလမ်းစဆုံးနေပြီ၊သူ့ရည်းစားဟောင်းကလည်းသူ့ကိုတအားကပ်တာပဲဟာ၊'
'အဲ့တာတွေတွေးမနေပါနဲ့၊လာပါ၊မုန့်တီသွားစားမယ်၊ငါးဖယ်အစာသွပ်မစားချင်ဘူးလား'
ချက်ချင်းပြုံးရွှင်ကာ
'လာသွားမယ်'
'အင်္ကျီကောမလဲတော့ဘူးလား'
'ဟာ၊မလဲဘူးဟာ၊ငါဗိုက်ဆာတယ်'
မိသားစုလိုက်ကားနှင့်ပင်မုန့်စားရန်ထွက်လာကြသည်၊
အငွေ့များအခန်းထဲအပြည့်ပင်
တလိပ်ပြီးတလိပ်သောက်နေမိသည့်မိမိကိုယ့်ကိုရပ်တန့်ရန်မဖြစ်နိုင်၊အဝတ်ဗလာနှင့်အိပ်နေတဲ့မိမိနောက်ကဘရဏီကိုကြည့်ရင်း
နေ့လည်ကဘရဏီရဲ့စကားများကြားယောင်လာသည်
ကိုယ့်ကိုဆန်းစစ်နေမိသည်၊
မသေချာမရေရာသေးသောစိတ်သည်တဖြေးဖြေးသေချာလာသလိုလိုပင်
အိပ်ရာပေါ်ကဘရဏီကိုနောက်တခါကြည့်လိုက်ချိန်ထိုကလေးမကိုမြင်ယောင်မိသွားသည်၊
ရှက်လွန်းသည့်ထက်ရန်သူရဲ့သမီးကိုကြိုက်နေမိသည်မှာသေချာသွားခြင်းကမိမိအတွက်အဆိုးရွားဆုံးပြသာနာပင်၊
ရေချိုးခန်းထဲဝင်ကာရေမိုးချိုးလိုက်သည်၊
အင်္ကျီများသေချာပြန်ဝင်ကာ
ဝရန်တာဘက်ထွက်လာကာဆေးလိပ်ကိုမီးညှိလိုက်သည်၊
ဆေးလိပ်ကိုတချက်ရှိုက်သွင်းကာဖုန်းဆက်နေသည်
'ဟယ်လို၊သူရိန်၊´
'ဟုတ်တီလေး´
'ငါမင်းကိုကိစ္စတခုခိုင်းမယ်၊ဒီကိစ္စကမင်းရဲ့နောက်ဆုံးတာဝန်ပဲ၊´
'ဟုတ်တီလေး´
'နင်ရှားလော့အောင်ခိုင်ကိုနင်ချစ်သူဖြစ်အောင်နင်လုပ်ရမယ်၊´
'ဗျာ!ကျွန်တော်သူ့ကိမှမကြိုက်တာ၊´
'ငါကိုစကားလာရှည်မနေနဲ့!´
'ကျွန်တော်မလုပ်ဘူးတီလေး၊သူများသားသမီးကိုစိတ်ဒဏ်ရာရအောင်ကျွန်တော်မလုပ်ချင်ဘူး´
'နင်သာဒါကိုအောင်မြင်အောင်လုပ်နိုင်ရင်နင်အမေနဲ့နင့်ကိုလွှတ်ပေးမယ်၊နင်လုပ်မှာလားမလုပ်ဘူးလား´
'တီလေးရာ၊တခြားဟာခိုင်းပါလား´
'နင်အမေကိုငါလက်စဖျောက်လိုက်ရမလား၊နေသူရိန်မောင်´
'တီလေး၊ကျွန်တော်တောင်းပန်ပါတယ်´
'လုပ်မှာလား၊မလုပ်ဘူးလား´
'လုပ်မယ်´
'အေး၊ဒါပဲ'
အိပ်ရာပေါ်ကဘရဏီကအတွင်းအင်္ကျီများဝတ်ပြီးထွက်လာသည်၊
'ပြတ်သားနေပြီပေါ့'
'ငါပြန်တော့မယ်၊ဘရဏီ'
'နင်ရဲ့အတွင်းစိတ်ကိုဖုံးကွယ်ဖို့လုပ်နေတယ်ဆိုရင်တော့ခက်နင်နည်းတွေကသိပ်ဟောင်းနေပြီ၊မြွေမြွေချင်းခြေမြင်ပြီးသားပါ၊'
'ဘရဏီ၊အရူးစကားတွေပြောနေမနေနဲ့တော့၊ငါပင်ပန်းနေတာ'
'ဒီညနင်မပြန်ရဘူး၊ခက်'
'ဘာဖြစ်ပြန်ပြီလဲ၊ငါမှာအလုပ်တွေနဲ့!'
'ငါနင့်ကိုလွမ်းနေတာလေ၊နင့်နဲ့အတူရှိချင်လွန်းလို့ငါဒီအထိလိုက်လာရတာ'
'အဲ့တာနင်ကိစ္စလေ၊အခုလည်းနင်ငါနဲ့အတူရှိနေခဲ့ပြီးပြီမဟုတ်ဘူးလား၊ဘယ်အရာတွေကမကျေမနပ်ဖြစ်စေတာလဲ'
'ငါဆီပြန်လာခဲ့ပါခက်ရယ်၊'
'ငါတို့နှစ်ဦးသဘောတူလမ်းခွဲခဲ့ပြီးသားအဲ့အတွက်ငါနင့်အပေါ်မှာဘာစိတ်မှမရှိတော့ဘူး၊'
'အဲ့တာနင့်တစ်ဖက်တည်းကနေလေ၊နင်ရန်ကုန်ပြန်တော့မယ်၊လမ်းခွဲရအောက်ဆိုပြီးပဲနက်ပြောခဲ့တာလေ'
'နင်လက်ခံခဲ့တယ်လေ'
'ငါလက်မခံလည်းနင်သွားမှာလေ!'
'အေး၊အဲ့ကိစ္စကအဲ့မှာကတည်းကပြီးသွားခဲ့တာ'
'ငါဘာမှရှေ့မဆက်ချင်တော့ဘူး၊ငါခေါင်းတွေတအားရှုပ်လို့ပါဟာ'
'ငါ့ကိုနင်အခွင့်အရေးလေးတော့ပေးသင့်တယ်လေ၊မဟုတ်ဘူးလား၊ငါနင့်ကိုချစ်နေသေးတာလေနော်'
ဘရဏီမာန်သွေးခက်လက်ကိုဆွဲကာထားပြီးပြောလိုက်သည်
'ခက်....ခက်....ငါပြောနေတယ်လေ၊ငါ့ကိုကြည့်....ခက်!ငါကိုကြည့်စမ်းလို့!'
အေးစက်စွာကြည့်လာတဲ့သူမကမိမိကိုအတော်ပင်နာကျင်စေသည်
'နင်အဲ့သလောက်တောင်ပြောင်းလဲသွားတာလားခက်၊ဟမ်!'
'ဟုတ်တယ်၊ငါနင့်ကိုသူငယ်ချင်းလို့ပဲခင်ချင်တော့တာ၊နင်နားလည်စမ်းပါ!'
'ငါ့ကိုအဲ့လိုကြီးတေည့မကြည့်ပါနဲ့ဟာ၊ငါတောင်းပန်ပါတယ်'
မာန်သွေးခက်သက်ပြင်းချကာ
'ဆောရီး၊ဘရဏီ၊ငါနည်းနည်းဒေါသထွက်သွားလို့ပါ၊နင်နားတော့၊မနက်ကျကားလွှတ်ပေးမယ်၊ရုံးလာချင်လည်းလာ၊မလာချင်လည်းနင်မြို့ထဲပတ်ပြီးအပန်းဖြေရအောင်ပေါ့'
'အင်းရပါတယ်ဟာ၊'
'ဒါဆိုငါသွားတော့မယ်'
'ခက်....'
'အေး'
'ငါတို့ကတကယ်အသစ်ပြန်စလို့မရတော့ဘူးလား'
'ဒီအကြောင်းတွေထပ်မပြောရအောင်လားဟာ၊ငါလည်းပင်ပန်းနေပြီ၊ပြန်တော့မယ်၊နားတော့'
မာန်သွေးခက်ထွက်သွားလို့တံခါးပိတ်သံကြားတော့မှဘရဏီပိုငိုလာမိသည်၊အချစ်ရယ်၊အမျက်ရယ်၊သဝန်တိုမှုတွေပေါင်းကာ
ဘေးမှာရှိသည့်ပန်းအိုးကိုပစ်ခွဲပြီးအော်ဟစ်ပစ်သည်
'အား!နင်ကအဲ့ကလေးမကိုတော်တော်ဖြစ်နေတာလားခက်!ရှားလော့အောင်ခိုင်!နင့်အမေကြောင့်ငါတို့လမ်းခွဲခဲ့ရပြီးပြီ၊အခုကျနင်ကြောင့်!ခွင့်မလွှတ်ဘူး!'

တစ်လမ်းကျော်မှာအချစ်ရှိတယ်(s 2)တစ်လမ်းကျော်မှာအချစ်ရှိတယ်(s2)completedWhere stories live. Discover now